Wednesday, February 10, 2010

ပြန်ပို့ခံရတဲ့ သတင်းများ

အခုတလော ပြန်ပို့ခံရတဲ့ သတင်းတွေ တော်တော်များပါတယ်။

နအဖ ထိုးစစ်ကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ရတဲ့ တိုင်းရင်းသား ကရင်လူမျိုးတွေကို ထိုင်းအစိုးရက အတင်းအကြပ်
နေရပ်(မြန်မာပြည်ထဲ)ကို ပြန်ပို့ပါတယ်။

နောက်ထပ်ပြန်ပို့ခံရတဲ့ သတင်းတပုဒ်က ဆန် ပြန်ပို့ခံရတဲ့သတင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်တွေကို အရည်အသွေးမမှီတဲ့အတွက် လက်မခံပဲ ပြန်ပို့ခံရတဲ့သတင်း
မြန်မာတိုင်း(မ်)မှာ ဖတ်လိုက်ရပါတယ်။
http://www.myanmar.mmtimes.com/2010/news/452/new01.html


ဆန်ပြန်ပို့ခံရတဲ့အဖြစ်တောင် ရောက်နေပြီဆိုတော့ ..... မြန်မာနိုင်ငံရဲ့အခြေအနေဟာ ....

၁။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံဖြစ်ပေမယ့် အဲဒီလို နိုင်ငံခြားကို တင်ပို့တဲ့ဆန်ကိုတောင်မှ အာဖရိကလို နိုင်ငံမျိုးကတောင် အရည်အသွေးမမှီလို့ လက်မခံဘူးဆိုတော့ မြန်မာနိုင်ငံရဲ့တိုးတက်မှုအဆင့်ကို ခန့်မှန်းနိုင်ပြီပေါ့။

၂။ နိုင်ငံခြားကို တင်ပို့တဲ့ ဆန်တောင်မှ ဒီလောက် အရည်အသွေးညံ့တယ်ဆိုရင်။ ပြည်တွင်းမှာ ပြည်သူတွေ စားသုံးနေရတဲ့ ဆန်တွေဟာ ဘယ်လောက်တောင်မှ ညံ့ဖျင်းနုံချာနေမလဲ။

၃။ အထူးသဖြင့် အစိုးရ၀န်ထမ်းတွေ ................ ။ အစိုးရက ၀န်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေစားဖို့ ထုတ်ပေးတဲ့ ၀န်ထမ်းဆန် ဆိုရင် ဘယ့်လောက်တောင် အခြေအနေဆိုးနေမလဲ။ ............ အစိုးရ၀န်ထမ်းဆိုတဲ့နေရာမှာ တပ်မတော်သားတွေလည်းပါပါတယ်။ ရဲဝန်ထမ်းတွေလည်းပါပါတယ်။ တရားရေးဝန်ထမ်းတွေလည်းပါပါတယ်။ ဌာနဆိုင်ရာအသီးသီးက ၀န်ထမ်းတွေလည်း အပါအ၀င်ဖြစ်ပါတယ်။ ၀န်ထမ်းတွေခမျာ နအဖ အစိုးရခိုင်းသမျှကို ကုန်းရုန်းလုပ်ကိုင်နေရပေမယ့် အာဖရိကတိုက်ကလူတွေတောင် မစားတဲ့ ဆန်မျိုးထက် အများကြီးညံ့သေးတဲ့ ဆန်ကို စားနေရတယ်ဆိုတော့ .... သူဆန်စား ရဲမှ ဆိုတဲ့ စိတ်မျိုးထားဖို့ လိုကြဦးမလား။

၎။ ပြင်သစ်ပြည်မှာ ပြည်သူတွေ အသီးအရွက် အသားငါး ပေါင်မုန့် အပုတ်တွေ စားနေရလို့ နန်းတော်ရှေ့သွားပြီး တောင်းဆိုကြတဲ့ အခါမှာ လူဝီဘုရင်ရဲ့ မိန်းမ မေရီအင်တွိုင်းနက်က ဘာပြောသလဲဆိုတော့ ... ပေါင်မုန့်မရှိလည်း ကိတ်မုန့်စားကြပါလားတဲ့။

၅။ မြန်မာပြည်မှာတော့ ဗိုလ်ချုပ်မှူကြီးဆိုသူ သန်းရွှေက သူ့သမီး မင်္ဂလာဆောင်တဲ့အခါမှာ လူတကိုယ်လုံး စိန်တွေဆင်ထားလိုက်တာ။ စင်္ကာပူဝါရင့်ခေါင်းဆောင်ကြီး လီကွမ်ယူကတောင် ပြောယူရတယ်။ လူကိုဆင်ထားလိုက်တာ ခရစ္စမတ်သစ်ပင်ကြနေတာပဲတဲ့။

၆။ သြော် သန်းရွှေသမီးမှာတော့ တကိုယ်လုံး စိန်တွေအပြည့်နဲ့။ ပြည်သူလူထုမှာတော့ ဆန်တောင်မှ အညံ့တွေစားနေရတယ်။ တချို့တွေဆို ဆန်တောင် မစားနိုင်လို့ ဆန်ကွဲကို ပြုတ်သောက်နေကြရတယ်။

ခင်မင်လေးစားစွာဖြင့်
သားဆွေ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်