Tuesday, March 23, 2010

နေပါပါတော့ ခွေးသေ ၀က်သေ..

ရန်သူက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နှစ်ခြမ်းအောင်ကြိုးစားခဲ့တယ်။
ဒူးထောက်အညံ့ခံအောင်ဖိအားပေးခဲ့တယ်။
ဒါကိုသဘောပေါက်နေလို့၊ ကျနော်တို့တတွေ နောက်ဆုံးအချိန်ထိ သဘောထားကြီးခဲ့ကြတယ်။
စကားလုံးအပြင်းစားတွေသုံးဖို့ရှောင်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် က အဖြေကိုရှင်းရှင်းလင်းလင်းပေးလိုက်ပြီ။
ဒီမိုကရေစီနည်းအရ မတ်လ (၂၉) မှာမဲခွဲရမယ်။
ဒီမိုကရေစီနည်းကိုမလိုက်နာတဲ့သူဟာ ဒီမိုကရေစီကို သစ္စာဖေါက်သူဖြစ်တယ်။
ဒီမိုကရေစီ ကို မလေးစားတဲ့သူကို ဒီမိုကရေစီဘက်တော်သားအဖြစ်သတ်မှတ်စရာမလိုပါ။
ဒေါက်တာသန်းငြိမ်း နဲ့ ဦးခင်မောင်ဆွေ လို သစ္စာဖောက်ဖို့ကြိုးစားနေတဲ့ တတ်သိ အုပ်စု
နေရောင်အောက်ကိုလာမလား။
ဂျောက်ထဲခုန်ချမလား။
ရက်ပိုင်းအတွင်းမှာကြည့်ကြမယ်။
ဒီမိုကရေစီကိုသစ္စာဖောက်ခဲ့ရင်၊ လူထုကိုသစ္စာဖောက်ခဲ့ရင်---
မိတ်ဆွေခြင်း ခင်မင်ရင်းနှီးခဲ့တဲ့ သံယောဇဉ်ဆိုတာ တခုမှရှိတော့မှာမဟုတ်ပါ။
ကျန်စစ်သားမင်းသား က စောလူးမင်းကိုပြောခဲ့သလိုမျိုး
ပစ်ချထားခဲ့ဖို့ပဲရှိပါတော့တယ်။

အောင်မိုးဝင်း

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်