စွမ်းအားရှင်များအား သင်တန်းပေးရန် စီစဉ်
အောင်ထက်/ ၂၂ မတ် ၂ဝ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) ၏ လက်ကိုင်တုတ်ဖြစ်သော စွမ်းအားရှင်အဖွဲ့ကို မကြာမီလပိုင်းအတွင်းသင်တန်း များ ပေး ရန် အစီအစဉ်ရှိသည်ဟု စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) မြို့နယ်တာဝန်ခံတဦးက ပြောသည်။
မည်သည့်အချိန်၊ မည်သည့်နေရာ၌ သင်တန်းများ ပေးမည်ကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။
“ကျနော်တို့တုန်းက တောင်ဒဂုံမှာ သင်တန်းတက်ရတယ်။ ဒိုင်း၊ တုတ် ကိုင်တွယ်နည်း၊ ကိုယ်ခံပညာ နည်းနည်းသင်တယ်။ ရှေ့က တက်တဲ့လူက ဘယ်လို၊ နောက်က ညာသံပေးပြီးအော်တာက ဘယ်လိုနဲ့ သင်ပေးတာ” ဟု မြောက်ဥက္ကလာပမြို့နယ် စွမ်းအားရှင် လူငယ်တဦးက ပြောသည်။
စွမ်းအားရှင်အဖွဲ့ကို သက်ဆိုင်ရာ မြို့နယ် ကြံ့ဖွံ့နှင့် မယကတို့မှ တာဝန်ယူဖွဲ့စည်းထားခြင်းဖြစ်သည်။ စက်သုံးဆီဈေး စတင်ပြောင်းလဲ၍ လူထုအုံကြွမှုဖြစ်ပွားခဲ့သော ၂၀၀၇ သြဂုတ် (၆) ရက်နောက်ပိုင်း အရေးပေါ်အခြေအနေအရ ဖွဲ့စည်းခြင်း ဖြစ်သည်ဟု သိရသည်။
“ရယက ဥက္ကဋ္ဌတွေကို စကားပြောစက် အသုံးပြုခွင့် ပေးထားတာ အဲဒီအတွက်ပဲ။ အရေးအခင်းဖြစ်တာနဲ့ မယက ကနေ ရယကဥက္ကဋ္ဌဆီ စက်ပေါက်လိုက်တယ်။ ဥက္ကဋ္ဌက စွမ်းအားရှင် ရာအိမ်မှူးတွေကို စုစည်း၊ ပြီးတော့ (၁၅) မိနစ်အတွင်း မယကရုံး စုရပ်မှာ သွားဆုံကြရ တယ်။ အဲဒီက ကားတွေနဲ့ အုံကြွမှုဖြစ်တဲ့နေရာကို သွားကြတယ်။ တနေ့ (၅,၀၀၀) ကျပ်စား စွမ်းအားရှင်၊ (၃,၀၀၀) ကျပ်စား စွမ်းအားရှင်တွေဆိုပြီးရှိတယ်။ ဒါကလည်း လှုပ်ရှားမှုရှိမှ ရကြတာ” ဟု မယက ၀န်ထမ်းတဦးက ပြောသည်။
၂၀၀၇ ခုနှစ်အတွင်း သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စက်သုံးဆီ ဈေးနှုန်းတက်သွားသည်ကို အကြောင်းပြု၍ ရန်ကုန်မြို့အနှံ့ ဖြစ်ပွားခဲ့သော ရဟန်းသံဃာနှင့် လူထုအုံကြွမှုကို ရက်ရက်စက်စက်နှိမ်နင်းရာတွင် စွမ်းအားရှင်အဖွဲ့ကို ထည့်သွင်းအသုံးပြုခဲ့သည်ဟု အဆိုပါဝန်ထမ်းက ပြောသည်။
ရယက အတွင်းရေးမှူးတဦးကလည်း “မြို့နယ်တိုင်း စွမ်းအားရှင်တွေရှိတယ်။ မြို့ပြ၊ မြို့လယ်တွေမှာတော့ ရယက စွမ်းအားရှင်တွေ ပဲရှိတယ်။ ရယက ရာအိမ်မှူးတွေထဲက (၅) ဦးကို မယကဆီ စာရင်းပို့ရတယ်။ အဲဒီမှာ မြို့နယ်အဆင့် ခေါင်းဆောင် (၂) ယောက် ရွေးချယ်ပြီး ခရိုင်စွမ်းအားရှင်အဖြစ် သတ်မှတ်တယ်။ ဒါကြောင့် မြိုနယ်တခုမှာ စွမ်းအားရှင် (၅၀) နဲ့ (၁၀၀) ကြားရှိနိုင်တယ်။ အိုးအိမ်မဲ့ ကျပန်း စွမ်းအားရှင်တွေကိုတော့ မြို့စွန်၊ မြို့သစ်တွေဖြစ်တဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ အများဆုံး တွေ့ရတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။
လက်ရှိအခြေအနေတွင် ဒဂုံမြို့သစ် မြောက်ပိုင်း၊ အမှတ် (၃၃) ရပ်ကွက်၊ ပင်လုံဈေးနှင့် (၁) ဖာလုံခန့်အကွာ ငမိုးရိပ်ချောင်း နံဘေးရှိ ကြံ့ဖွံ့အသင်းပိုင်မြေနေရာတွင် စွမ်းအားရှင် အိမ်ထောင်စုများ စုစည်းလျက် တည်ရှိနေကြသည်။
၎င်းအသင်းပိုင်မြေသည် အလျား ပေ (၃၀၀)၊ အနံ ပေ (၁၀၀) ဧရိယာရှိပြီး ကျူးကျော်တဲ (၃၀) ခန့်ရှိသည်။ ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးမြင့်ဦးထံ နေအိမ်တလုံးလျှင် လစဉ် (၅,၀၀၀) ကျပ် အခွန်ပေးသွင်းရပြီး ထိုတဲတန်း၌ စွမ်းအားရှင် (၅၀) ဦးခန့် ရှိနိုင်သည်ဟု အမှတ် (၃၃) ရပ်ကွက်သားတို့က ပြောသည်။
ကြံ့ဖွံ့ကျူးကျော်တဲတန်း၏ (၂) ဖာလုံခန့်အကွာ၌ ရပ်ကွက်ကျူးကျော်တဲများ ရှိနေပြီး အဆိုပါနေရာ၌ နေထိုင်ခွင့်ရရန် အရွယ်ရောက်သူ တိုင်း စွမ်းအားရှင်အဖွဲ့သို့ မ၀င်မနေရ ၀င်ကြရသည်ဟု သိရသည်။ ၎င်းတို့သည် ငမိုးရိပ်ချောင်းနံဘေးရှိ အုတ်၊ ကျောက်စရစ်၊ သဲဒိုင်များ၌ အချို့လုပ်ကိုင်ကြပြီး အများစုမှာ ရန်ကုန်မြို့၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပန်းရန်၊ လက်သမား လုပ်ကိုင်ကြသည်ဟု သိရသည်။
ရယက အဖွဲ့ဝင်တဦး၏အဆိုအရ ဒဂုံမြို့သစ်မြောက်ပိုင်းသည် အခြားမြို့နယ်များထက် ထူးခြားစွာ စွမ်းအားရှင် ဦးရေ (၃၀၀) ခန့် ရှိနိုင်သည်ဟု သိရသည်။
အဆိုပါ စွမ်းအားရှင်များအား သင်တန်းများပေးရန် စီစဉ်နေခြင်းသည် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ ကာလတလျှောက် လူထုအတွင်း သပ်လျှိုသွေးခွဲမှုများ ပြုလုပ်ရန် အချိန်ကိုက် စီမံခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးအကဲဖြတ်များက သုံးသပ်နေကြသည်။
http://www.khitpyaing.org/news/March%202010/22310a.php
Monday, March 22, 2010
ခွေးဝဲစားတွေကို သင်တန်းပေးနေကြပြီ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment