ယနေ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေဟာ သန်းရွှေချကျွေးလိုက်တဲ့ မတရားရွေးကောက်ပွဲဥပဒေကြားထဲမှာ ဝရုန်းသုးံကားဖြစ်လို့ ရန်သူကိုတစ်ချက်ထိုးဖို့ ကိုယ်အချင်းချင်း ဆယ်ချက် အရင်ထိုးရတဲ့ကိန်း ဆိုက်နေပါတယ်။
ကျွန်တော်တို့ဟာ တစ်ခါမှစစ်အဏာရှင်ကို တိုက်ကွက်ဖော်ပြီး ဦးဆောင်တော်လှန်တာမျိုးမရှိဘဲ တစ်ချိန်လုးံသူတို့ချပေးတဲ့အကွက်ကိုနင်းပြီး စစ်အာဏာရှင်နောက်က လိုက်တိုက်နေတဲ့ နောက်မြီးဆွဲ ဒီမိုကရေစီတော်လှန်ရေးအဆင့်ကနေကို ခုချိန်ထိ မတက်နိုင်သေးတာက
တော့ ဝမ်းနည်းဖွယ် ကောင်းပါတယ်။
တကယ်ဆို ၂၀၀၈ အခြေခံဥပဒေထွက်ပြီးကတည်းက ကျွန်တော်တို့ဆီမှာအဖြေကရှိသင့် ပြီးသား။ ခုတိုက်ပွဲဝင်ရမယ့် အချိန်ကြမှငြင်းတုန်းခုံတုန်း မှုန်ဝါးဝါးဘဲရှိသေးဆိုတော့ ရွှေပြည် တော်မျှော်တိုင်းဝေးလို့ဘဲပြောပါရစေတော့။ ဒီအခါမှာတော့ ငြိမ်းအဖွဲ့တွေဖြစ်တဲ့ ကချင်နဲ့ဝအဖွဲ့တွေကို အတုယူသင့်ပါတယ်။
ကချင်အဖွဲ့ဆိုရင် ဒေါက်တာတူးဂျာကရွေးကောက်ပွဲဝင်မယ်၊ တစ်ဘက်ကလည်း စစ်ရေးပြင် တယ်လက်နက်မချဘူး။ သူ့နည်းဗျုဟာနဲ့သူအခြေနေအချိန်ခါကို လိုက်ပြီးတိုက်ကွက်ဖော်ပြီး တန်ပြန်တုံ့ပြန်နေတာတွေ့ရတယ်။
ဝ တပ်ဖွဲ့တွေဆိုရင်လည်းဒီတောင်းဆိုချက်မရရင်ဒါမလုပ်နိုင်ဘူး။ လာတိုက်ရင်ပြန်တိုက် မယ်၊ပြန်တိုက်နိုင်ဖို့ စစ်ကြိုပြင်လို့ သန်းရွှေတပ်တွေတောင် ကျွတ်နေတယ်။ အဖွဲ့စည်းတစ်ခု ဆိုတာအဒီလိုထက်မြက်ပြီး ခိုင်မာတဲ့ ရပ်တည်ချက်တွေနဲ့ ရဲရဲဝံ့ဝံ့ တုန့်ပြန်နိုင်ရမယ်။
ကျွန်တော်တို့ အားလုးံသိကြတဲ့အတိုင်း ကချင်၊ဝ ငြိမ်းအဖွဲ့တွေတစ်ခါမှ ကုလသမဂ္ဂကို စာရေး တောင်းဆိုစရာလည်းမလိုဘူး၊ နိုင်ငံတစ်ကာလှည့်ပြီး လော်ဘီမလုပ်ရဘဲနဲ့ သန်းရွှေကဒူးထောက်ပြီး တွေ့ဆုံဆွေးနွေးရအောင် လို့ မျက်နှာချိုသွေးနေရတာ ဘာကြောင့်လဲ။ ကျွန်တော် တို့ပြန်လည် သုးံသပ်သင့်ပြီ။
ထောက်လှမ်းရေး အကွဲပြဲကိုမျှော်လိုက်ကြ၊ လုံခြုံရေးကောင်စီကို မျှော်လိုက်ကြ၊ ကုလကိုယ် စားလှယ်တွေကို မျှော်လိုက် ဆိုတဲ့မျှော်တောင်ရောင်ဘဝနဲ့ အချိန်တွေဖြုန်းခဲ့ကြပြီ။ ကျွန်တော်တို့မြန်မာတွေဟာ ကျွန်စိတ်မကုန်သေးဘဲ မျှော်တော်ရောင်လုပ်ပြီး ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်ဟာ ဒီနေ့စစ်အာဏာရှင်အောက်က မလွတ်ရခြင်းရဲ့ အဓိက အခြေခံအကြောင်းရင်းတစ်ခုပါ။
ကျွန်တော်တို့တစိုက်စိုက်မတ်မတ်လုပ်ရမဲ့ အချက်နှစ်ချက်က အကြမ်းဖြင်းအားဖြင့်
( က ) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး
( ခ ) ပြည့်သူ့တပ်မတော်သားများ အမှန်တရားကို သိမြင်နားလည်လာပြီး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး
စစ်အာဏာရှင်စနစ်အောက်က လွတ်ဖို့အသုးံချခံ တပ်မတော်သားတွေကို ရတဲ့နည်းပေါင်းစုံနဲ့ အသိပေးသွားဖို့လိုပါတယ်။ လက်ရှိအချိန်မှာ ဝ တပ်တွေနဲ့ဆိုင်ထားတဲ့ တပ်မ ၃၃ ၊ ၅၅ ၊ ၇၇ ၊ ၉၉ က တပ်မတော်သားတွေကို ဝ တွေကို မတိုက်သင့်ကြောင်း အဖြစ်မှန်ကို အသိပေးသင့်တယ်။
မတိုက်သင့်တဲ့အကြောင်းရင်းများစွာထဲက တချို့မှာဝ တွေနဲ့သဘောတူထားတဲ့ အချက်တစ်ချက်က နောင်ဖြစ်ပေါ်လာမယ့်အစိုးရနဲ့ သာဘယ်လို ဆက်လက်ရပ်တည်မယ်ဆိုတာဆွေးနွေးလုပ်ဆောင်သွားမယ်ဆိုတာက တစ်ချက်။
နောက်တစ်ချက်က ဝ တွေ ဘိန်းလုပ်တယ်ဆိုရင်ဝ တွေဆီက ဘာလို့ အခွင့်ရေးတွေ ယူခဲ့ကြသလဲ။ ဝ တွေရန်ကုန်မှာ အပျော် မယားတွေနဲ့ နေဖို့ ဒေါ်လာပေးပြီး ငှါးထားတဲ့ အိမ်အများစု ဟာဗိုလ်ရှုပ်ကြီးတွေရဲ့တိတ်တိတ်ပုန်းအိမ်တွေပါ။ သုဝဏ္ဍကကြံ့ဖွတ် အောင်သောင်း အိမ်ငှါးနေတဲ့ ဝ လင်မယားဆိုရင် လူသတ်မှုဖြစ်ပြီး အဲဒီအိမ်ထဲမှာတင် ဖျောက်ဖျက် ပြစ်မှုဖြစ်ပွားခဲ့ပေမဲ့ ဝန်ကြီး အိမ်ငှါးစားတာ သိပ်က္ခာကျမှာစိုးလို့ဆိုပြီး လက်သိပ်ထိုး ဖြေရှင်းခဲ့ရတဲ့အထိပါ။
အောင်သောင်းပိုင် ကမ်းရိုးတန်းသွား စက်သုးံဆီတင်ရေယဉ်တွေဟာ ဝ တွေကသူ့ကိုလက်ဆောင်ပေးပြီး လုပ်ကိုင်ခွင့်အတွက်အောင်သောင်းဆီက ပြန်ငှါးဆွဲရပါတယ်။ ဂုဏ်သရေရှိအစိုးရတစ်ရပ်၊ အစိုးရဝန်ထမ်းဆိုရင် မမျိုဆို့ခင်မေးသင့်ပါတယ်။ ဒီငွေတွေဟာဘယ်ကလာတာလဲ၊ဖြူသလား၊ မဲသလားဆိုတာ။
ယူစရာရှိတော့သူတို့ဘဲ နည်းမျိုးစုံနဲ့ရယူပြီး အခုသူတို့နဲ့အပင်းမသင့်တော့ သာမန်တပ်မတော်သားတွေကို တိုက်ခိုင်းတယ်။ သန်းရွှေဟာ ပြည်သူတွေရဲ့ အသက်ကိုတန်ဘိုးမထားရုံသာမက စစ်သားတွေရဲ့အသက်ကိုလည်းနည်းနည်းမှဂရုမစိုက်ပါဘူး။ စစ်တပ်ထဲမှာ ရှားရှား ပါးပါးရှိတဲ့ သူတို့သားသမီးတွေကြတော့ တစ်ခါမှစစ်ဆင်ရေးထွက်တယ်ဆိုတာမကြားရပေမဲ့ အချိန်တန်ရင်တော့ အပွင့်တင် သွားတာပါဘဲ။ တပ်ထဲမှာကျန်စစ်သားတွေ ကိုယ့်ကိုကိုယ်ဖြေသိမ့်တဲ့ စကားလေးကတော့ ဖေဖေကျေးဇူး မြင့်မိုရ်ဦီးတဲ့။
( ကျန်စစ်သားဆိုတာ ရာထူးမတက်ဘဲ ကျန်ခဲ့တာကို ဆိုလိုပါသည်)။
သန်းရွှေဟာ သူနဲ့သူ့မိသားစုအတွက် တပ်မတော်သားတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ပြီးအသုးံမလိုတော့ရင်တော့ နိုင်ငံဝန်ထမ်း၊ တပ်မတော်သားတွေကို အိုးစုပ်၊ခွပ်စုပ်ပစ်သလို လုပ်နေတယ်ဆိုတာ တပ်မတော်သားတွေ သိအောင်ဖော်ထုပ်အသိပေးသင့်တယ်။ နိုင်ငံ ဝန်ထမ်းဟောင်း ပင်စင်စားတွေ၊ မသန်မစွမ်းတပ်မတော်သားတွေကိုဘယ်လို ဆက်ဆံတယ်ဆိုတာ ကွက် ကွက်ကွင်းကွင်း မြင်လာ အောင်တင်ပြသင့်ပါတယ်။
ခုအချိန်မှာ ၅၅ သန်းပြည်သူတွေလည်း ဆင်းရဲတွင်းလည်းနက်လှပြီ။ မြန်မာ အမျိုးတွေဆို ယိုးဒယားတို့ တရုပ်ပြည်သွားပြီး ဖာခံစားရတဲ့ ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံစစ်ကြီးအဖြစ် ရောက်လို့နေပါပြီ။ ဒါကြောင့်ယခုကဲ့သို့ အရေးကြီးတဲ့အချိန်တွေမှာ ငြင်းခုန်နေမဲ့အစား အမှန်တရား ကို ဖော်ထုတ်ပြီး တပ်မတော်သားတွေနဲ့ လက်တွဲပြီး အာဏာရှင်စနစ်ကို တော်လှန်ကြပါစို့။
ရန်နောင် ၂၆။၀၃။၂၀၁၀
Friday, March 26, 2010
လမ်းပျောက်ကြယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment