နိုင်ငံရေးမိုးသက်မုန်တိုင်းတွေကျနေတယ်။ မြို့ပြတွေထဲမှာ။တောတောင်ထဲမှာ မ ဟုတ်ဘူး။ တောတောင်ထဲမှာတော့ သေနတ်သံတွေကြိုးကြားထွက်လာနေပြီ။ သေနတ် တွေကို မောင်း တင်တဲ့ အဖွဲ့တွေလဲ တင်နေကြရဲ့။
ရွေးကောက်ပွဲမှတပါး ကိုးကွယ်ရာမရှိဆိုသူတွေက စစ်အာဏာရှင်တွေ ချကျွေးမည့် အရိုးအရင်းလေးရဖို့ ရှေ့ဂျွမ်းတွေ၊ နောက်ဂျွမ်းတွေ ပစ်ပြချင်နေကြပြီ။ ပြည်သူတွေကို အယုံသွင်းနေချင်ကြပြီ။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလေသံတွေ မိုးလုံးညံနေခဲ့ပေမဲ့ သူ တို့မှာ ကြားနိုင်တဲ့နားတွေ မရှိကြတော့ဘူး။ သူတို့တွေဟာ ရန်သူစစ်အာဏာရှင် တွေကို ရရာနေရာက အလုပ်အကျွေးပြုကြတော့မှာပါဘဲ။ ရန်သူနဲ့ပေါင်းပြီး ပြည်သူတွေကို ခွစီး အမြတ်ထုတ်ကြတော့မယ်။ ရန်သူကို အလှခြယ်ပေးကြတော့မယ်။ သူတို့မှာ ဒါကလွဲလို့ လဲ ဘာမှ လုပ်တတ်မှာ မဟုတ်တော့ပါဘူး။ ရန်သူကို ဘုရားထူးမည့် သူတွေဆီ က ကျွန် တော်တို့ ဘာများမြော်လင့်နိုင်ပါ့မလဲ။ သူတို့ဟာသူခိုး ဓါးရိုးကမ်းမည့်သူတွေဘဲ။
တွေဝေမှုတွေ၊ မရေရာတဲ့ မြော်လင့်ချက်တွေ၊ သူတပါးကိုးအားကိုးချင်တာတွေ၊ သူများလက်နဲ့ မြွေဖမ်းချင်တာတွေ၊ ဆွေးနွေးလိုက်ရင် ရမယ်ထင်တာတွေဟာ တင်းမာတဲ့ စစ်အာဏာရှင်တွေရဲ့ ထုံးတားတဲ့အောက်မှာ အရည်ပျော်ကုန်ပြီ။
အာဏာဆိုတာလွယ်လွယ်နဲ့ရနိုင်တာမဟုတ်ကြောင်းစစ်ဗိုလ်ချုပ်တွေကမကြာခဏ ဆောင့် ကန်ပညာပေးပေမဲ့ ကျွန်တော်တို့ တတွေ အမှတ်မရှိတာဟာ ကျွန်တော်တို့ အပြစ်ဘဲဖြစ်တော့တယ်။ မမှန်မကန် လှုံ့ဆော် မြူဆွယ်သူတွေကလဲ တော်ကြတာကိုး။ အခုတော့ ကျွန်တော်တို့ကျောမှာ ဒဏ်ရာ၊ ခေါင်းမှာပတ်တီး၊ အသက်တွေကြီးပြီး ခိုကိုး ရာမဲ့ နေပြီလား။
တော်လှန်ရေးဆိုတာ ဖိနှိပ်မှုရှိတဲ့ နေရာတိုင်းမှာ ရှိတယ်ဆိုတာကို သတိရသင့် ပါတယ်။ တော်လှန်ရေးဆိုတာ အပေးအယူလုပ်စေ့စပ် တာမဟုတ်ဘူးဆိုတာကို တော်လှန်သူတွေက မသိပေမဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေက သိနေတယ်။ ဒီတော့ သူတို့က အနိုင်ဘက်က ရောက်နေသလို ဖြစ်နေတာပေါ့။
တကယ်နိုင်ရမှာက ပြည်သူတွေ။ စစ်တပ်ဆိုတာ ပြည်သူက ကျွေးမွေးထားတာ ဖြစ်တော့၊ မကျွေးမွေးရင်ဘဲ သူတို့ဟာ ရှင်သန်စရာမရှိ ဘူး။ ပြန်တိုက်မယ်ဆိုရင်တော့ စစ် တပ်ဟာ လုံးဝကျေပျက်သွားလိမ့်မယ်။ ဒီလိုချေဖျက်ဖို့က ပြည်သူ့တပ်မတော် ဆိုတာ ရှိရမယ်။
မတရားတဲ့ ၊ ဖိနှိပ်တဲ့ စစ်အာဏာရှင် နအဖတပ်ကို တော်လှန်ဆန့်ကျင်တဲ့ ပြည် သူ့ကိုယ်စားပြု ပြည်သူ့တပ်မတော်ဟာ ရန်သူ့စစ်တပ် ထဲက ပေါ်လာမှာ။
ဒီလိုပေါ်လာဖို့က ထိုင်ကြည့်နေ၊ အစည်းဝေးလုပ်။ ကြေညာချက်ထုတ်နေရုံနဲ့ တော့ မရဘူး။ကျွန်တော်တို့ပြည်သူတွေအနေနဲ့ နအဖ စစ်အာဏာရှင်တွေကို မစေ့စပ် တမ်း ချေမှုန်းမယ်ဆိုတဲ့ သန္နိဋ္ဌာန် ရှိဖို့လိုအပ်တယ်။ လက်နက်တိုင်တိုက်ပွဲဝင်မှ ရမယ်လို့ အပြတ်အ သတ် ယုံကြည်ရမယ်။ လက်တွေ့တိုက်ပွဲဝင်ရမယ်။ ဒီလိုမှ ပြတ်သားတဲ့ အမြင် နဲ့ ယုံကြည်မှုမရှိရင်တော့ စစ်အာဏာရဲ့ ဖိနှိပ်အောက်က လွတ်စရာလမ်းမရှိနိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ ကာလတွေက အဖြစ်အပျက်တွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဒီတော့ ကျွန် တော်တို့ ပြည်သူတွေဘက်က ဦးဆောင်တိုက်ပွဲဝင်ရမယ်။ အနိုင်ယူပြရမယ်။ ပြည်သူဆို တာ စစ်တပ်ထက် တန်ခိုးသြဖာကြီးမားကြောင်း ပြသရ မယ်။ ပြည်သူတွေဟာ စစ်တပ်ကို တိုက်ရင် နိုင်တယ်ဆိုတဲ့ သက်သေပြနိုင်မှ နောက်နောင် စစ်တပ်အာဏာသိမ်းမှုတွေကို တားဆီးနိုင် လိမ့်မယ်။
များစွာ အလေးအနက်ထားသင့်တဲ့ကိစ္စက အတိတ် ၁၉၉၀ခု နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို ဦးစိုက်မလုပ်ဆောင်မိခဲ့တာကို တွေ့ရမယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းက ရွေးကောက်ပွဲရလဒ်ကို မြော်ကိုးတာရယ်၊ အကြမ်းမဖက်ရေးရယ်။ စေ့စပ် ရေးရယ်၊ နိုင်ငံခြားရဲ့ သနားသဖြင့် ပေးကမ်းမှုတွေကိုမက်မောခဲ့တာတွေကြောင့်နဲ့ လက် နက်ကိုင်လှုပ်ရှားမှုအပေါ် စည်းစည်းလုံးလုံး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့တဲ့ အာနည်းချက်တွေရှိခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲလုပ်ခဲ့ ပြီးပြီဘဲလို့ ပြောလို့ မရနိုင်ဘူး။ ဘာမှ တကယ်မလုပ် ခဲ့နိုင်ဘူး။ မယ်နပလောကာကွယ်ရေးလုပ်တယ်။ ရတယ်။ နောက် တော့ ရန်သူက ဘာသာရေးကိစ္စနဲ့ ကေအင်န်ယူကို အမြတ်ထုတ် လိုက်လို့။ ဒီကိစ္စတွေက ကျွန်တော်တို့ ဆက်လက်ဖြေရှင်းရင်း လက်နက်ကိုင်လမ်းစဉ်ကို ပီပြင်အောင် ဆက်လက် လုပ်ဆောင်သွား ရမှာပါ။
ဒီနေ့ရွေးကောက်ပွဲနဲ့မှိုင်းလုံးတိုက်နေချိန်မှာ အမျိုးသားရင်ကြားစေ့ရေးတို့၊ အမျိုး သားပြန်လည်သင့်မြတ်ရေးတို့၊ နှစ်ပွင့် သုံးပွင့် ဆိုတာတွေ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တွေ၊ ယုံကြည်မှုတည်ဆောက်ရေးတွေ ဘယ်ဆီရောက်လို့ ဘယ်မှာပျောက်သွားကြပြီလဲ။
ဒီတော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မလိမ်နဲ့၊ သူများလိမ်တာလဲ မခံနဲ့ တော့၊ ကိုယ့်ကျောပိုးးအိတ်ကိုယ်လွယ်၊ ကိုယ်သေနတ် ကိုထမ်းပြီး မပြီးသေးတဲ့ စစ်အာရှင် စံနစ် တိုက်ဖျက်ရေးလုပ်ငန်းကို ခေါင်းရှင်းရှင်းနဲ့လုပ်ဖို့ဘဲ။ အူကြောင်ကြားတွေရဲ့ စကား နဲ့ လှည့်စားချက်တွေ။ နအဖရဲ့ မြှူလုံး ခြောက်လုံးတွေကို တော်လှန်ရေးလှုပ်ရှားမှုနဲ့သာ တုန့် ပြန် အဖြေပေးကြရတော့မယ်။
လက်နက်ကိုင်တိုက်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ရင်လဲ လက်နက် ကိုင်တိုက်ပွဲကို ထောက်ကူတဲ့ လုပ်ငန်းတွေကတဆင့် ကူညီနိုင်တာပါဘဲ။ ဒါပေမဲ့ လက် နက်ကိုင်လမ်းစဉ်အောက်က လှုပ်ရှားမှုတော့ ဖြစ်သင့်ပါတယ်။ ဒီဂယ်ပေါက်ကလဲ တော် လှန်ရေး လှုပ်ရှား မှုကို အများကြီး အနှောက်အယှက် ဖြစ်စေခဲ့လို့ပါ။
မတွေဝေနှင့် တော်လှန်ရေးသည် တရားသည်။
အောင်ပွဲကိုတိုက်ယူကြ။
တော်လှန်ရေးမုချအောင်ရမယ်။
ဦးအေးဆောင်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
မတ်လ ၂၂ ၊ ၂၀၁၀။
Monday, March 22, 2010
မတွေဝေနဲ့ တော်လှန်ရေးလုပ်ပါ။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment