မြန်မာ နအဖစစ်အစိုးရမှ ပြီးခဲ့သော ၂၀၁၀ မတ်လ ၈ ရက်နေ့ မှစတင်၍ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥပဒေ အပါအ၀င် ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေအရပ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့ပေသည်။ အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ်အပါအ၀င် တိုင်းရင်းသားပါတီများ၊အဖွဲ့ အစည်းများ၊ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အင်အားစုများနှင့် မြန်မာနိုင်ငံသား အများစုက ဒီမိုကရေစီနိုင်ငံအဖြစ် အမှန်တကယ် ပြောင်းလဲနိုင်မည်လားဟူသော မျှော်လင့်ချက်ဖြင့် စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသည်။
ထို့ အတူ နအဖ ထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေပြဌာန်းချက်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ပါတီ၏ ပါဝင်ယှဉ်ပြိုင်ခွင့် အနေအထားကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှလည်း အထူးစိတ်ဝင်စားခဲ့ကြပေသည်။
သို့ သော် အမှန်တကယ်တမ်း ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်သောအခါ ဒီမိုကရေစီ စံနှုန်းများဖြင့် နိုင်ငံကိုတည်ဆောက်လိုသော နိုင်ငံ ရေးသမားများအတွက် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် တားဆီးပိတ်ပင်မှုများရှိနေသည်ကိုတွေ့ ရပေသည်။အထူးသဖြင့်
ရာဇ ၀တ်မှုကျုးလွန်သည်ဟူသောစွပ်စွဲချက်များဖြင့် အကျဉ်းကျခံရဆဲနိုင်ငံရေးသမားများ အနေဖြင့် ရွေးကောက်ပွဲ ပါဝင်ခွင့်မရဖြစ်နေ သည် ကိုတွေ့ ရပေသည်။ တနည်းအားဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်စေမည့် အခြေခံအချက်များ မပါဝင် ပေ။
ကမ္ဘာ့ ကုလသမဂ္ဂအပါအ၀င် အမေရိကန်၊ဗြိတိန် စသောအနောက်နိုင်ငံများ၊ အာဆီယံ အဖွဲ့ ဝင် နိုင်ငံအချို့ နှင့် အိမ်နီးနားခြင်းနိုင်ငံအချို့ တို့ မှလည်း ရွေးကောက်ပွဲဥပဒေနှင့်ပါတ်သက်၍ သဘောထားအမြင်အမျိုးမျိုးထုတ်ပြန်ကာကန့် ကွက်ရှုံချကြသည်။ြှဗိတိန်နိုင်ငံဝန်ကြီးချုပ် ၏ တောင်းဆိုမှုကြောင့်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းသည်မကြာမီရက်ပိုင်းအတွင်း မြန်မာ့မိတ်ဆွေ နိုင်ငံများနှင့် မြန်မာ့အရေးဆွေးနွေးပွဲများ ပြုလုပ်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်း၍ ဒီမိုကရေစီဖြစ်ထွန်းလိုသော မိမိတို့  မြန်မာနိုင်ငံသားများ၊ ဒီမိုကရေစီ အင်အား စုများ အနေဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအင်အားစုများ အပါအ၀င် ပြည်သူတရပ်လုံး ပါဝင်လာအောင် အလေးထားစည်းရုံးကြရန်လိုအပ်ပေသည်။
မြန်မာလူထုသည် ဒီမိုကရေလိုလားကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကြီးကပင် သွေး ချွေး နှင့် ဘ၀များကိုရင်း၍ သက်သေပြခဲ့ကြပြီးဖြစ်သည်။ အာဏာရှင်စနစ်ကြီးစိုးနေသ၍ ဒီမိုကရေစီရရှိဖို့ ကြီးစွာသောအဟန့် အတား တခုဖြစ် နေဦးမည် ဖြစ်ရာ မြန်မာနိုင်ငံ၏အနာဂတ်အလားအလာကံကြမ္မာအတွက်မြန်မာနိုင်ငံသားများပြတ်ပြတ် သားသားဆုံးဖြတ် လုပ်ကိုင်ကြ ရတော့မည့် အချိန်ဖြစ်ပေသည်။
၂၀၀၈ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်၂၀၁၀မတ်လအထွေထွေရွေးကောက်ပွဲဥပဒေများ အရဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံအနာဂတ် အလားအလာအန္တရာယ်များကို ကြိုတင်၍ ကွက်ကွက်ကွင်းကွင်းသိမြင်လာအောင်အတတ်နိုင်ဆုံးနည်းလမ်းများဖြင့်အစွမ်းကုန်ကြိုးပမ်း
သင့်ပေသည်။(မိမိအပါအ၀င်)မိမိတို့ ဒီမိုကရေစီအင်အားစုများ၊တိုင်းရင်းသားအဖွဲ့ အစည်းများ အနေနှင့်ယခုထက်ပိုမို၍ ကြိုးစား အား ထုတ်သင့်သည် ဟုတိုက်တွန်းလိုပါသည်။မြန်မာနိုင်ငံပြင်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသား ဒီမိုကရေစီအင်အားစုများအနေဖြင့် ယခုအချိန်တွင် ပြည်တွင်းရှိNLDအပါအ၀င်အခြားသောတိုင်းရင်းသားပါတီများ၊အဖွဲ့ အစည်းများလုပ်ကိုင်လျှင်နအဖမှ အမြဲတစေ ဟန့် တားနှောက်ယှက်ခြင်းခံရမည်ဖြစ်သောလူထုစည်းရုံးရေးလုပ်ငန်းများကို နိုင်ငံပြင်ပမှ ဆက်သွယ်ရေးနည်းလမ်းမျိုးစုံသုံး၍ လုပ်ဆောင် သင့်ကြပေသည်။
လူထုအားစည်းရုံးကြရာတွင်
(၁) နအဖ ၏၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေ များ၏
(က) ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်မကိုက်ညီမှုများ
(ခ ) အဆိုပါဥပဒေများဖြင့်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ် လပ်၍ တရားမျှတမှု မရှိနိုင်သောအခြေအနေများတို့ ကို လူအများ နားလည်လွယ်သော စကားလုံးများ စာသားများဖြင့် လိုတိုရှင်း ပြောဆိုစည်းရုံးသင့်ပေသည်။
(၂) ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလတွင် မြန်မာပြည်သူလူထု၏ဘ၀များမှာစစ်အာဏာရှင် တဖြစ်လဲ ရွေးကောက်ခံ အာဏာရှင်တို့  လက်အောက်တွင်လူမှုဘ၀ဆင်းရဲဒုက္ခများကို ဆက်လက်ခံစားနေကြရမှာဖြစ်ပြီးလူ့ အခွင့်အရေးများလည်းဆက်လက်၍ဆုံးရှုံးနေကြရမြဲ
ဖြစ်မည်တို့ ကိုပါပြောဆိုရေးသားစည်းရုံးကြရပေမည်။
(၃) အထက်ပါအကြောင်းများကြောင့် နအဖ၏ တရားမျှတမှုမရှိသော ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ သပိတ်မှောက်( N0 VOTE / NO ELECTION) ဟုပြောဆိုရေးသားစည်းရုံးကြရပေမည်။
အကယ်၍ NLD ပါတီအနေဖြင့် နအဖ တဖက်သတ်ထုတ်ပြန်ထားသောရွေးကောက်ပွဲ ဥပဒေအတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများပါဝင်ခွင့်မရဘဲ ၂၀၁၀ ရွေးကောက်ပွဲကိုပါဝင်ယှဉ်ပြိုင်ခဲ့သည်ဆိုပါစို့ ၊ လူထု၏ထောက်ခံမှုကြောင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းကကဲ့သို့ အမတ်နေရာအများအပြားအနိုင်ရခဲ့သည်ဆိုပါစို့ 
(၁) အနိုင်ရNLD ပါတီအနေနှင့် လွှတ်တော်ခေါ်ခွင့် ရမည်လား
(၂) အစိုးရဖွဲ့ စည်းခွင့်ရမည်လား
ဆိုသည်တို့ မှာစဉ်းစားစရာအချက်များဖြစ်ပေသည်။စစ်အုပ်စုမှကတိမတည်ခဲ့သည့်၁၉၉၀ ရွေးကောက်ပွဲကိုပြန်လည်သတိရသင့်ပေသည်။ တဖက်မှာလည်းနိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်နိုင်ခွင့်ကလည်းမရှိမဖြစ်အရေးကြီးနေပေသည်။နအဖ၏တရားမျှတမှုမရှိဘဲပြဌာန်း
ထားသောရွေးကောက်ပွဲ ဥပဒေကို ဒီမိုကရေစီအမှန်တကယ်လိုလားသော မြန်မာနိုင်ငံသားများသာမက ကမ္ဘာ့ နိုင်ငံအများစုကပါလုံးဝ တရားမျှတမှုမရှိကြောင်းထုတ်ဖော်ပြောဆိုနေကြပေသည်။ မိမိအမြင်ဆိုရလျှင်နအဖ၏တရားမျှတမှုမရှိသောရွေးကောက်ပွဲဥပဒေများအရရွေးကောက်ပွဲ မ၀င်သောကြာင့် NLD ပါတီအား ဖျက်သိမ်းခဲ့ သော်ငြားလည်း နအဖ အနေနှင့်သာ NLD ပါတီကိုဖျက်သိမ်းကြောင်း တဖက်သတ် ကြေငြာနိုင်လိမ့်မည်။
သို့ သော် NLD ပါတီနှင့်ပါတီ၏နိုင်ငံရေးအခန်းကဏ္ဍမှာမြန်မာလူထုနှင့်ကမ္ဘာ့ နိုင်ငံများကြား၌ ဆက်လက်ရှင်သန်နေပေမည်။ မြန်မာလူထုမညံ့ပါ၊ နိုင်ငံရေးအတွေးအခေါ်မညံ့ကြပါ။ကိုလိုနီခေတ်မှစ၍ ၁၉၈၈ပြည်သူအရေးတော်ပုံကြီး၊ထိုမှယနေ့ ထိတိုင်နိုင်ငံရေးတာဝန်ကျေခဲ့ကြပါသည်။ ဆက်လက်၍ လည်းသမိုင်းပေးနိုင်ငံရေးတာဝန်ကျေကြပါလိမ့်မည်။
NLD ပါတီ အနေနှင့်လူထု၏ထောက်ခံအားပေးဝန်းရံ မှူ့ ဖြင့် နိုင်ငံရေးခရီးဆက်သင့်ပါသည်။ ၂၀၀၉ ရွှေဂုံတိုင်ကြေငြာစာတမ်း အတိုင်းဆက်လက်၍အခိုင်အမာရပ်တည်သင့်ပေသည်။
မတရားတဲ့အမိန့် အာဏာမှန်သမျှတာဝန်အရဖီဆန်ကြရမှာဖြစ်ပေသည်။
မြန်မာလူထုသည် NLD ပါတီနှင့်တသားတည်းထပ်တူရှိနေပါလိမ့်မည်။
နအဖ သည် ၂၀၁၀ ရွေးကောက်ပွဲဥပဒေထုတ်ပြန်ပြီးသည့်နောက်ပိုင်း NLDပါတီ၊တိုင်းရင်းသားပါတီအဖွဲ့ အစည်းများ၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ရွေးကောက်ပွဲဥပဒေများအပေါ်တုံပြန်မှုများကို အလေးထားစောင့်ကြည့်နေမှာ ဖြစ်ပြီး ထိုတုံ့ ပြန်မှုများအပေါ်အခြေခံကာနိုင်ငံရေးကစားကွက်ဖော်မည်ဟု့ ယူဆရပေသည်။
လူထု၏အခန်းကဏ္ဍကို အထူးထည့်တွက်ထားဟန်မတူပေ။
ဒီမိုကရေစီလုပ်ငန်းစဉ်/ဖြစ်စဉ် တွင်ရွေးကောက်ပွဲသည်မရှိမဖြစ်သောလိုအပ်ချက်တခုဖြစ် ပေသည်။သို့ ရာတွင် နအဖ၏ တရားမျှတမှူမရှိသော ၂၀၁၀ရွေးကောက်ပွဲဥပဒေကိုလူထုက လုံးဝလက်ခံလိမ့်မည်မဟုတ်ပေ။ဆန့် ကျင်ကန့် ကွက်ပေလိမ့်မည်။သို့ သော် NLD ပါတီ အနေနှင့် လူထုရှေ့ မှ မားမားမတ်မတ်ရပ်တည်ကာ စည်းရုံးဦးဆောင်မှု ပေးရန်လိုပေသည်။
အချုပ်အားဖြင့်ဆိုရသော် ယခုအချိန်သည် NLD ပါတီ၊ပြည်သူလူထု(ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့ အစည်းများ၊ဒီမိုကရေစီအင် အား စုများအပါအ၀င်) တို့ နှင့် နအဖတို့  နိုင်ငံရေး/တော်လှန်ရေး စီးချင်းထိုးရတော့မည့်အချိန်ဖြစ်ကြောင်းရေးသားလိုက်ရ ပါသည်။
ကိုကိုအောင်
မတ်လ ၁၈ ၊ ၂၀၁၀
တိုကျို
Sunday, March 21, 2010
နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
1 comment:
အင်း..ဖတ်လို့တော့ကောင်းတယ်ဗျ။
ကိုယ်ဖြစ်ချင်တာပဲ မကြည့်နဲ့ဦး။ ဖြစ်လာမှာကို အကွက်ချ စီစဉ်ဖို့လိုတယ်။ ဆန္ဒပြဖို့ လူ ၃၀ လောက်စုမိတာနဲ့ တရားဝင်ရိုက်ခွင့်ရ စွမ်းအားရှင် ၃၀၀ လောက် ချက်ချင်းရောက်လာပြီး ဖြိုခွဲ မခံရဖို့ ဘယ်လို စီစဉ်ထားလဲ သိလိုပါတယ်။
Post a Comment