စစ်အစိုးရ အလုပ်သမား ကိုယ်စားလှယ် ILO လက်မခံ
By ဦးသားညွန့်ဦး ကြာသပတေး, 10 ဇွန် 2010
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၉၉ ကြိမ်မြောက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ညီလာခံမှာ ဒီနှစ် မြန်မာ နိုင်ငံဘက်က အလုပ်သမား ကိုယ်စားပြု အစုအဖွဲ့ တက်ရောက်ခွင့် မရခဲ့ပါဘူး။ ဒါကြောင့် အလုပ်သမားအစု ကိုယ်စားပြုမှု မရှိတာ ကြောင့် ILO ညီလာခံအတွင်း အစည်းအဝေး အတော်များများမှာ မြန်မာဘက်က မဲပေးခွင့် မရခဲ့ပါဘူး။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ILO ညီလာခံဟာ နှစ်စဉ် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ် ဆွေးနွေးညှိနှိုင်းကြတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံ ဘက် က အလုပ်သမား ကိုယ်စားလှယ်အဖွဲ့ဟာ အလုပ်သမားထုကို ကိုယ်စားမပြုဘူးဆိုပြီး ILO ဘက်က ညီလာခံ မတိုင်ခင်မှာ တက်ရောက်ခွင့် မပေးတာကြောင့် မြန်မာနိုင်ငံဘက်က အစိုးရနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေပဲ တက်ရောက်နိုင်ခဲ့ပါတယ်။
မြန်မာအစိုးရ အနေနဲ့ အလုပ်သမား ကိုယ်စားလှယ်ကို နှစ်ပေါင်းများစွာ ကတည်းက ဒီ ILO ညီလာခံအတွက် ရွေးချယ် စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ မနှစ်ကစပြီး FTUB ပါဝင်တဲ့ ITUC နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံဘက်က အလုပ်သမား ကိုယ်စား လှယ်တွေဟာ အလုပ်သမား ကိုယ်စားလှယ် မစစ်ဘူးဆိုပြီး ကန့်ကွက်မှု ရှိတာကြောင့် ဒီနှစ်မှာ အဲဒီကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မရတော့တာပါ။ ဒါကြောင့်လည်း သုံးဦးသုံးဖလှယ်ရှိတဲ့ ညီလာခံကာလ အစည်းအဝေး အတော်များများမှာ မြန်မာဘက်က မဲပေးခွင့် မရခဲ့ဘူးလို့ ILO ညီလာခံကို တက်ရောက်နေတဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။
“ကုလသမဂ္ဂ အဖွဲ့အစည်းကိုလာရင် အားလုံးလာတဲ့အတိုင်း နှစ်စဉ်နှစ်တိုင်း မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်တဲ့အခါမှာ Credential ဆိုတာရှိတယ်။ သူ့ရဲ့ အရည်အချင်း ပြည့်မီလား၊ မပြည့်မီလားဆိုတာ ဆန်းစစ်တာ ရှိတာပေါ့။ ဒီနှစ်က Report of Credential Committee ရဲ့ Report ထဲမှာ ဘာရေးထားလဲဆိုတော့ နိုင်ငံပေါင်း ၁၈၂ နိုင်ငံ ရှိတဲ့အထဲမှာ ၂ နိုင်ငံက အစည်းအဝေးတွေမှာ ၀င်ထိုင်လို့ရတယ်၊ မဲထည့်ခွင့်မရဘူး။ အဲဒီထဲမှာ ဗမာနဲ့ အီရတ်ပဲ ဖြစ်တယ်။
“ဗမာပြည်ကလာတဲ့ Delegation က အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရဆိုတဲ့ ၃ ခု အင်္ဂါမပြည့်ဘူး။ ILO ရဲ့ Constitution အပိုဒ် ၄၊ Article ၄၊ Paragraph ၂ အရကိုက မဲထည့်ခွင့်မရဘူး။”
ဒါ ဒီနှစ်မှ စဖြစ်တာလား။
“ဒီနှစ်မှာ စဖြစ်တာ။ ဘာဖြစ်လို့လဲဆိုတော့ ခါတိုင်းနှစ်တွေက အလုပ်သမား ကိုယ်စားလှယ်ဆိုပြီး သူတို့ အတုတွေ ခေါ်ခေါ်လာတယ်။ ခေါ်လာတော့ ဒီမှာ Credential မှာ Challenge လုပ်တော့ ခင်ဗျား ဘယ်ကလဲလို့ သေချာမေးလိုက်တော့ ဒီလူတွေက အုပ်ချုပ်ရေးပိုင်း ဆိုင် ရာ ပုဂ္ဂိုလ်တွေ ဖြစ်နေတာများတယ်။”
အခုလို မဲပေးခွင့် မရလိုက်တဲ့ အခါကြတော့ မြန်မာနိုင်ငံ အနေနဲ့ ဘယ်အပိုင်းတွေမှာ နစ်နာမှုရှိလဲ။
“နစ်နာတာပေါ့။ ဗမာကိစ္စ တခုတည်း မဟုတ်ဘူး။ တကမ္ဘာလုံး ကိစ္စ။ ဥပမာ ကမ္ဘောဒီးယားကိစ္စ ဆွေးနွေးတယ်ဆိုရင် ဘယ်လိုဖြစ်သင့်လဲ ဆိုတဲ့ ကိုယ့်ရဲ့ Voice ကို Opinion ပေးရုံပဲ ပေးလို့ရတယ်။ ကိုယ့် Opinion ကို ဘယ်သူမှ အလေးမထားတော့ဘူးပေါ့။ ဥပမာ ကျနော်တို့ က သဘာဝ ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိတယ်။ ဒီမှာ ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်လို့ ဆွေးနွေးတာ ရှိတယ်။ အဲဒီမှာဆိုရင် မဲပေးလို့ မရတော့ဘူး။”
ဦးမောင်မောင်တို့ FTUB အနေနဲ့ကရော ILO ညီလာခံမှာ ဘယ်လိုပုံစံနဲ့ တက်နေတာလဲခင်ဗျ။
“ကျနော်တို့ကတော့ ITUC International Trade Union Confederation အပြည်ပြည်ဆိုင်ရာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ ချုပ် ရဲ့ အဖွဲ့ဝင်တခု အနေနဲ့ တက်နေတာပါ။”
မြန်မာစစ်အစိုးရဘက်က ကန့်ကွက်တာတွေရော ရှိလားခင်ဗျ။
“ရှိပါတယ်ခင်ဗျ။ ဟိုတနေ့ကဆိုရင် ကျနော်တို့ အဓမ္မ လုပ်အားပေးကိစ္စကို ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ဘက်က အလုပ်သမား သမဂ္ဂက နေပြီးတော့ နိုင်ငံပေါင်း ၇ နိုင်ငံလောက်က ဆွေးနွေးတယ်။ နောက်တခါ အလုပ်ရှင်ဘက်က ဆွေးနွေးတယ်၊ နောက်တခါ တခြား အစိုးရတွေက ဆွေးနွေးတယ်။ ထောက်ခံတာရှိတယ်၊ ကန့်ကွက်တာ ရှိတယ်။
“ဒီကြားထဲမှာ နအဖက နောက်ဆုံး သုံးချက်ပြောသွားတယ်။ တစ်အချက်က သူတို့ကို မြန်မာလို့ခေါ်ပါ၊ ဗမာလို့ မခေါ်ပါနဲ့တဲ့၊ အရေးကြီးပါတယ်တဲ့။ နောက်တခုက သူတို့ မကြာခင် ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုတာ ပြောတယ်။ နောက်ဆုံးတခုက ကျနော်တို့ အဖွဲ့အစည်းကို သူတို့က အကြမ်းဖက်သမားလို့ သတ်မှတ်ထားပြီး ဖြစ်တယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာကို တိုင်ကြားထားတယ်ဆို တာ။ အကြောင်းအရာအားဖြင့်တော့ တိုက်ခိုက်သွားတာပဲ ရှိပါတယ်။”
အခု FTUB ကို မြန်မာစစ်အစိုးရကတော့ အကြမ်းဖက် အဖွဲ့အစည်း ဆိုပြီးတော့ မတရားအသင်း ကြေညာထားတာ ရှိပါတယ်။ မနေ့က ITUC Report မှာတော့ ITUC ရော ILO အနေနဲ့ရော FTUB ကို မြန်မာနိုင်ငံရဲ့ တရားဝင် အလုပ်သမား သမဂ္ဂ အနေနဲ့ သတ်မှတ် တယ်ဆိုပြီး ဖော်ပြတယ်။ အဲတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ညီလာခံအတွင်းမှာ ဆွေးနွေး ငြင်းခုံမှုမျိုးတွေ ရှိသေးလားခင်ဗျ။
“ပြင်းပြင်းထန်ထန် ဆွေးနွေးပါတယ်။ ITUC ကတော့ ကျနော်တို့ကို ဒီလို နအဖက မတရား စွပ်စွဲတာကို လက်မခံဘူး။ သူတို့အနေနဲ့ ကျနော်တို့ FTUB နဲ့ တွဲပြီးတော့ ကွင်းထဲမှာ နေခဲ့တယ်။ ကျနော်တို့အလုပ်တွေကို သူတို့ ဆန်းစစ်တယ်။ ကျနော်တို့ လုပ်ငန်းတွေကို သူတို့ ကြည့်တဲ့အခါမှာ အလုပ်သမား သမဂ္ဂ တခုရဲ့ လုပ်ငန်းတွေနဲ့ ပြည့်စုံတယ်လို့ သတ်မှတ်တဲ့အတွက် ရှိသင့်ရှိထိုက်တယ်။ မြန်မာပြည်အတွင်းမှာကို ရှိသင့်တဲ့ အနေအထား ရှိတယ်ဆိုတာကို ပြောတယ်။ ILO ကလည်း အခု ဒီနေ့မှာ ထပ်ပြီး ပြောပါလိမ့်မယ်လို့ ကျနော် ယူဆတယ်။”
မြန်မာအစိုးရအနေနဲ့ အခုလို သုံးဦးသုံးဖလှယ် ကိုယ်စားပြုမှု မဲ့တာကြောင့် အစည်းအဝေး အတော်များများမှာ မဲပေးခွင့် မရှိပေမဲ့ အခြား အစိုးရကိုယ်စားပြု အစည်းအဝေးတွေ၊ အလုပ်ရှင် ကိုယ်စားပြု အစည်းအဝေးတွေမှာတော့ မဲပေးခွင့် ပေးထားတယ်လို့ ILO အမှုဆောင် ညွှန်ကြားရေးမှူး ကယ်ရီ တပ်ပီယိုလာ (Kari Tapiola) က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။
ILO မှာ ဂျနီဗာစံချိန် အခု ညနေပိုင်းမှာတော့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကိစ္စ မြန်မာ့အရေး သီးခြားဆွေးနွေးဖို့ ရှိတယ်လို့ လည်း သိရပါတယ်။ http://www1.voanews.com/burmese/news/burma/ilo-myanmar-96067034.html
Friday, June 11, 2010
နအဖ အဖွဲ့ ဝင်လား...ကန်တော့ပါသေးရဲ့..ဖိနပ်ချွတ်ကဘဲ လှည့်ပြန်တော့
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment