စစ်ရေးပြသင်တန်း တခုတွင် တခြားသော တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရသည့် ဗိုလ်မှူး စိုင်းသိန်းဝင်း (ရှေ့ဆုံး တန်းစီနေသူ နှစ်ဦးထဲမှ ဒုတိယ) (ဓာတ်ပုံ - DVB)
10 June 2010
စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများ သတင်း ပေါက်ကြား ပြီးနောက် စစ်တပ်တွင်းမှ သံသယ ရှိသူများကို စောင့်ကြည့် ခြင်း၊ လုံခြုံရေး တိုးမြှင့်ခြင်းများ ပြုလုပ်လိုက်ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ သိရှိရသည်။
နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စသည့် လျှို့ဝှက် စီမံကိန်း သုံးခုတွင် ပါဝင်ပတ်သက် နေသူများ၊ နျူကလီးယား စီမံကိန်း ကို ထုတ်ဖော် ခဲ့သော ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် အဆက် အသွယ် ရှိသည်ဟု ယူဆရ သူများမှာ မေးမြန်း စစ်ဆေးခံ နေရကြောင်းလည်း ကြားသိရသည်။
ပေါက်ကြား သွားသည့် နျူကလီးယား၊ လိုဏ်ခေါင်း၊ ဒုံးကျည် စီမံကိန်းတို့နှင့် သက်ဆိုင်သည့် ဓာတ်ပုံ၊ အချက်အလက် များကို စုဆောင်း ရန် နိုင်ငံခြား သံရုံးများသို့ ညွှန်ကြား ထားကြောင်း ရန်ကုန် စစ်ဖက် ရေးရာ လုံခြုံရေး (စရဖ) အသိုင်း အဝိုင်းနှင့် နီးစပ်သူ တဦးက ပြောသည်။
“စစ်တပ်ရဲ့ လျှို့ဝှက်သတင်းတွေ အံ့သြလောက်အောင် ပေါက်ကြားပြီးရင်း ပေါက်ကြားနေတဲ့ ကိစ္စမှာ နောက်ထပ် ဖော်ထုတ်နေတဲ့သူ တွေများ ရှိနေဦးမလားဆိုတာကို ကျနော်တို့ စိုးရိမ်မိနေပါတယ်”ဟု နေပြည်တော်မှ စစ်တပ်အရာရှိတဦး က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး စိုင်းသိန်းဝင်းသည် စက်လက်နက် ပစ္စည်းထုတ်လုပ်ရေး လက်ထောက် အကြီးအကဲ ဗိုလ်ချုပ် သိန်းဌေး နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုများရှိခဲ့ဖူးသည်ဟု စစ်တပ်အတွင်း ပြောဆိုမှုများ ရှိနေသည်။ ဗိုလ်ချုပ် သိန်းဌေးသည် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုတွင် အဓိက ကျသော ပုဂ္ဂိုလ် ဖြစ်ပြီး စစ်အစိုးရ၏ ဒုံးကျည်စီမံကိန်းကို ထောက်ခံ အားပေးသူ တဦးလည်း ဖြစ်သည်။
ဗိုလ်ချုပ် သိန်းဌေးသည် ဒုံးကျည်စီမံကိန်းအတွက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ခြင်း၊ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများအ တွက် အသုံးအဆောင်ပစ္စည်းများ ကိုထုတ်လုပ်ရာတွင် ပါဝင်ဖူးခြင်းရှိသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်မှုကို ရရှိထားသူဖြစ် သည် ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။
ကာကွယ်ရေး ဝန်ကြီးဌာန (စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး) လက်အောက်တွင် အဓိက စက်ရုံ ၁၃ ခုရှိကြောင်း၊ ၎င်းတို့မှာ ခေတ်မီ လက်နက်များ၊ လက်နက်ငယ်များ၊ ကျည်ဆန်၊ ခဲယမ်း၊ မိုင်း နှင့် အပိုပစ္စည်းများထုတ်လုပ်ကြောင်း၊ ဒုံးကျည်များ၊ နျူကလီးယား လက် နက် များ ကိုထပ်မံ ပြုလုပ်သွားရန် သို့မဟုတ် ဝယ်ယူရန် ကာကွယ်ရေး ဝန်ကြီးဌာနမှ စိတ်ဝင်စားနေကြောင်း ကက-နက် အသိုင်းအဝိုင်းမှ သိရှိရသည်။
“ထိပ်ပိုင်း ခေါင်းဆောင်တွေ အဓိက ကြုံနေရတဲ့ ပြဿနာကတော့ သူတို့ရဲ့လက်အောက်ငယ်သားတွေ ပြန် မလှန် နိုင် အောင် ဘယ်လို လုပ်မလဲဆိုတဲ့ အချက်ပါပဲ၊ အခုဆိုရင် ထိပ်ပိုင်းက ခေါင်းဆောင်တွေက စစ်တပ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ပိုလို့တောင် စိုးရိမ် လာကြပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးကပြောသည်။
ယခုနှစ် ဇန်နဝါရီလ က ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နှင့် တခြားသူ နှစ်ဦးတို့သည် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ၏ မြောက်ကိုရီးယား ခရီးစဉ်၊ ဥမင်လိုဏ်ခေါင်း စီမံကိန်း စသည့် လျှို့ဝှက်ချက်များ ပေါက်ကြားမှု ဖြင့် သေဒဏ်နှင့် တသက်တကျွန်း ထောင်ဒဏ်များကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ချမှတ်ခဲ့သည်။
ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်သည် ယခင်က အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စစ်တပ်အရာရှိ ၂၀၀ ခန့်သည် စစ်တပ်ကို စွန့်ခွာခဲ့ကြကြောင်း၊ စွန့်ခွာရသည့် အကြောင်း အရင်းများ မှာ လစာ နည်းပါးခြင်း၊ တင်းမာလွန်းသည့် ဗျူရိုကရေစီ စနစ် ဆန်လွန်းခြင်း၊ ထိပ်ပိုင်း ခေါင်းဆောင် များနှင့် နီးစပ်မှု နည်းပါးခြင်းတို့ ဖြစ်ကြသည်ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။
နိုင်ငံတကာ မီဒီယာအသိုင်းအဝိုင်းမှ စစ်အစိုးရ၏ နျူကလီးယား၊ ဥမင်လိုဏ်ခေါင်း၊ ဒုံးကျည်စီမံကိန်းများကို အကျယ်တဝင့် ထုတ်ဖော် ပြောကြားနေချိန် စစ်အစိုးရ ချုပ်ကိုင်ထားသော ရုပ်သံလိုင်းများတွင် ယင်းကိစ္စများနှင့် ပတ်သက်သည့် မည်သည့် အကြောင်းကိုမျှ ပြော ဆိုခြင်း မပြုပေ။
ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) နှင့် အယ်လ်ဂျာဇီးယား သတင်းဌာနများက အသုံးပြုခဲ့သည့် ဗီဒီယို မှတ်တမ်းများ ကြောင့် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း၏ အမည်သည် မြန်မာ စစ်တပ် အရာရှိများအကြား ပျံ့နှံ့သွား ခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။
http://www.irrawaddy.org/
Friday, June 11, 2010
နျူကလီးယား စီမံကိန်း ပေါက်ကြားပြီးနောက် လုံခြုံရေး တိုးမြှင့်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment