တိုကျို - ဂျပန် | ဇွန်လ ၃ ရက်နေ့မနေ့က NLD - LA (Japan)၊ Burma Office (Japan), ဂျပန်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ကခေါင်းဆောင် တွေနဲ့ EU (European Union) က အထူးကိုယ် စားလှယ် (EU Special Envoy) မစ္စတာ ပီယဲရိုး ဖတ်စီနို (Mr. Piero Fassino) ဦးဆောင်တဲ့ ၇ ဦးအ ဖွဲ့ နဲ့တွေဆုံ ပြီး မြန်မာ့ အရေးကိုဆွေး နွေးခဲ့ကြပါတယ်။
ဒေါက်တာဦးမင်းညို နဲ့ ဦးသောင်းမြင့်ဦး တို့ပါဝင် တဲ့ မြန်မာဖက်ကခေါင်းဆောင် တွေ က အခု စစ်အစိုးရ စီစဉ်နေတဲ့ ရွေးကောက် ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံဆွေးနွေးမှု (Unconditional Dialogue) လုပ်ဖို့ အတွက် မြန်မာစစ် အစိုးရ ကိုဖိအား ပေးတိုက်တွန်းပေး ဖို့ အဓိကထား ဆွေးနွေးကြ ပါတယ်။
ဒါပေမယ့် မစ္စတာ ဖတ်စီနို က စစ် အစိုးရရဲ့ ရွေးကောက်ပွဲ ကို လက်ခံဖို့ပဲ တိုက်တွန်းဆွေး နွေးသွားတယ် လို့သိရပါတယ်။ NLD - LA (Japan) နဲ့ခေါင်းဆောင်တွေ က စစ်အစိုးရ ရွေးကောက်ပွဲ ကိုဆန့်ကျင်သွားမှာ ဖြစ် ပြီး NLD ဗဟိုရဲ့ ရပ်တည် ချက် အတိုင်း၊ မြန်မာတိုင်းရင်းသားပြည်သူတို့ရဲ့ ဆန္ဒကိုထင်ဟတ်နိုင်မယ့် မိမိတို့ရဲ့ သဘောထားကို ထင်သာမြင်သာ အောင်ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

မစ္စတာဖတ်စီနို တို့ အဖွဲ့ဟာ ဂျပန်က အပြန်မှာ တရုတ်နိုင်ငံ ကိုဝင်ကြဦး မှာဖြစ်ပြီး ရွေးကောက်ပွဲ ကိစ္စ ကိုပဲ တရုတ်အစိုးရနဲ့ ဆက်လက်ဆွေးနွေး ဖွယ်ရာရှိတယ်လို့သိရပါတယ်။ တကယ်တော့ မစ္စတာ ဖတ်စီနိုဟာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ တရားမျှတ မှု့ မရှိတာလဲ သိတယ်လို့ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကိုလဲ တစုံတရာ မှတ်ချက်ပေးခြင်းမရှိပါဘူးလို့လဲသိရပါတယ်။
ကုလသမဂ္ဂ အထူးသံ ဂမ်ဘာရီ နဲ့ ဥရောပ အထူးသံ ဖတ်စီနိုတို့ ကြောင့် မြန်မာ့အရေး ဟာ ပိုမို တိုးတက် မလာတဲ့ အပြင် ပိုမဆိုး လာအောင်ပဲ ဆုတောင်းရတော့မလို ဖြစ်နေပြီ လို့ မြန့်မာ့ အရေးစောင့်ကြည့်သူ များ ကမချင့်မရဲပြောဆိုနေ ကြပါတယ်။
ဘာသာပြန်ပေးပို့ပေးတဲ့ ၀၀၉ အားကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်များဘလောက်မှာ မှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ခင်ဗျာ။
No comments:
Post a Comment