ရန်ပိုင် Wednesday, October 13, 2010
မိုးအဆက်မပြတ် ရွာသွန်းခဲ့သည့် အတွက် မန္တလေးမြို့တ၀ိုက်ရှိ တံတားဦး၊ စဥ့်ကိုင်၊ မတ္တရာ စသည့် မြို့နယ်များ၌ ယနေ့အထိ ရေလွှမ်းမိုးမှုများ ရှိနေကြောင်း သိရသည်။
မန္တလေး အရှေ့ခြမ်း ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ - Eleven Media Group)
ပန်းလောင်မြစ်များ မှ ရေလျှံခဲ့သည့် အတွက် တံတားဦးလေဆိပ် သွားရာလမ်းတလျောက်နှင့် မကြာမီဖွင့်လှစ်မည့် မန္တလေး- နေပြည်တော် အမြန်လမ်းမကြီးကိုလည်း ရေကျော်သွားပြီး အနီးရှိ ကျေးရွာများတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားနေကြောင်း တံတားဦး မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
“ရေက ရင်စို့လောက် ၀င်လာတာ ရေစီးက တအားသန်တယ်၊ ပဲထောပတ်တွေက တန်ဆောင်မုန်းဆို ရိတ်တော့မှာ အခုအားလုံး ဆုံးသွားပြီ”ဟု ၎င်းက ဆိုသည်။
ငှက်ပျောခြံများ၊ ပဲစိုက်ခင်းများ၊ သရက်ခြံများ စသည့် သီးနှံစိုက်ခင်းများ ရေမြုပ်သွားကြောင်း ရေမြုပ် ဧရိယာ အတွင်းရှိ ကျေးရွာ နေ ပြည်သူများကို တံတာဦး လေဆိပ် အဆောက်အအုံတချို့နှင့် ရေလွတ်သော နေရာများတွင် နေရာချပေးထားကြောင်း အဆိုပါ မြို့ခံက ပြောသည်။
ရေမှာပြန်လည် ကျဆင်းနေပြီဖြစ်သော်လည်း တံတားဦး၊ စဥ့်ကိုင်၊ ပလိပ်၊ မြစ်ငယ်မြို့နယ် အတွင်းရှိ ကျေးရွာများ၊ ရှေးဟောင်း နယ်မြေအတွင်းရှိ မက္ခရာ၊ ဧည့်ဗျ၊ ထန်းလုံးတပ်၊ တော်ရဲကုန်း၊ ဟန်လူး ကျေးရွာများ ရေလွှမ်းခံခဲ့ရကြောင်း တံတားဦးမြို့ခံ က ဆက်လက် ရှင်းပြသည်။
ယမန်နေ့ ကလည်း မတ္တရာမြို့နယ် ဆည်တော်ကြီးဆည်မှ ပိုလျှံရေများကို ဖောက်ချလိုက်ရသည့် အတွက် မြို့၏ မြောက်ဘက် တံငါ ချောင်း အနီးရှိ ကျေးရွာများ ရေလွှမ်းသွားကြောင်း၊ ဆည်တော်ကြီး အနီးရှိ ကျေးရွာ ၂ ရွာကိုမူ ကြိုတင်၍ ရွေ့ပြောင်းထား လိုက်နိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် မတ္တရာမြို့ခံတဦးကလည်း ဧရာဝတီသို့ပြောသည်။
“မိုးက မန္တလေးမြို့ပေါ်မှာ သိပ်မရွာတော့ဘူး၊ ဒါပေမယ့် တောင်ပေါ်တွေမှာ ရွာနေတော့ ဆည်ရေတွေတအားပြည့်လို့ ဖောက်ချ လိုက်တာ”ဟု ၎င်းကပြောသည်။
စပါးစိုက်ခင်းများ၊ ပိန္နဲခြံများ၊ ကွမ်းခြံများ၊ ဥယျာဉ်ခြံများနှင့် အုတ်ဖိုများပျက်စီးသွားကြောင်း အပျက်အစီးစာရင်းအတိအကျ မသိ ရသေးကြောင်း အဆိုပါ မတ္တရာမြို့ခံကဆိုသည်။
မိုးကုတ်- မတ္တရာလမ်းသွားသည့် လမ်းတွင်လည်း ရေလွှမ်းပြီး တံတားတစင်း ကျိုးသွားသည့် အတွက် ကားအသွားအလာများ ပြတ် တောက်သွားကြောင်း အဆိုပါ မြို့ခံက ဆက်လက်ရှင်းပြသည်။
မန္တလေးတိုင်း ဆည်မြောင်း ဦစီးဌာနမှ တာဝန်ရှိသူတဦးကမူ ယခုကဲ့သို့ ပိုလျှံသည့် ရေများကို ဆည်တော်ကြီး ဆည်အတွင်းမှ မဖောက်ထုတ်လျှင် ဆည်ကျိုးနိုင်သည့် အတွက် ဖောက်ချလိုက်ရခြင်း ဖြစ်ကြောင်း၊ ရေထိန်းတံခါး ၅ ပေါက်ကို တပေါက်လျှင် ၇ပေနှုန်း ဖြင့် အချိန် ၅နာရီကြာအောင် ဖွင့်ချခဲ့ရကြောင်း ဧရာဝတီသို့ ပြောသည်။
ဆည်တော်ကြီးဆည်၏ ယနေ့ ဆည်၏ ရေချိန်အမှတ်မှာ ၄၁၈.၄ ပေရှိပြီး ရေထိန်းတံခါး ခုနှစ်ပေါက်ကို ၂ပေစီဖွင့်ထားသည်ဟု အဆိုပါ တာဝန်ခံက ဆက်လက်ရှင်းပြသည်။
ယခုအခါ မန္တလေးမြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့ပေါင်း ၄၀ကျော်နှင့် ပုဂ္ဂလိက အလှူရှင်များက ထမင်းထုတ်များကို လှူဒါန်းနေ ကြောင်း၊ ရေကျသွားလျှင် ကျန်းမာရေးစောင့်ရှောက်မှုများ အကူအညီပေးနိုင်ရန် စီစဉ်နေကြောင်း အဆိုပါ ရေမြုပ်ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်ပေးလှူနေသည့် မန္တလေး မြို့မှ စာရေးဆရာတဦးလည်း ပြောသည်။
“အစားအသောက်နဲ့ ပတ်သက်လို့ကတော့ အလှူရှင်တွေ တဖြည်းဖြည်း များလာပြီ ဒါပေမယ့် အိမ်သာတွေဘာတွေ ရေမြုပ်ကုန် တော့ ၀မ်းရောဂါတို့ တခြားမလိုလားအပ်တဲ့ ရောဂါတွေ ၀င်မှာစိုးရတယ်”ဟု ၎င်းကပြောသည်။
စစ်အစိုးရက မန္တလေးမြို့တွင် ကွက်သစ်များ၊စက်မှုဇုန်များ ဖော်ထုတ်ပြီးသည့် နောက်ပိုင်းတွင် ရေကြီးရေလျှံမှု မကြာခဏ ဖြစ်လာ ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တာဝန်ရှိသူများက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်လာပြီဖြစ် ကြောင်း အဆိုပါ မြို့ခံ စာရေးဆရာက ထောက်ပြဝေဖန်သည်။
မန္တလေးမြို့တွင် မြို့၏ အရှေ့ဘက် ၆၂လမ်း မှ ပြင်ဦးလွင်မြို့သို့ သွားသည့် ကားလမ်းအထိ ၂မိုင်နီးပါးခန့် ကျယ်ဝန်းပြီး အရှည်မှာ ၃၅ လမ်းဝန်းကျင်မှ တောင်ဘက် စက်မှုဇုန်အထိ ၃ မိုင်ခန့်အတွင်းတွင် ရေလွှမ်းနေကြောင်း၊ မန္တလေးမြို့ အနောက်ဘက် သင်္ဂဇာ ချောင်းဘေးရှိ ဒေးဝန်း၊ မာလကာခြံ၊ ရေနီမြောင်းဘေးရှိ သရက်ကုန်းရပ်ကွက်၊ ရွှေတချောင်းမှ ရေသည်လည်း ရွာဟိုင်းဈေး၊ ဆိုင်း တန်း စသည့် လူနေရပ်ကွက်များတွင် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင်ချမ်းမြသာစည်မြို့နယ် ပရံတော် ချောင်းဘေးရှိ ထွန်တုံးရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ မြရည်နန္ဒာ ရပ်ကွက် ရှိ ရေဘေးသင့် အိမ် ထောင်စု ၆၀၀၀ ကျော်အား ယာယီကယ်ဆယ်ရေး စခန်းများသို ၎င်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရေဘေးဒုက္ခသည် အိမ်ထောင်စု ၅၀၀၀ ခန့်ကို ကယ်ဆယ်ရေး စခန်း ၂၃ ခု ဖွင့်လှစ်ပြီး ထမင်းထုပ်၊ ခေါက်ဆွဲထုပ်၊ ရေသန့်ဘူးများကို ဒေသအာဏာပိုင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ဝေငှခဲ့သည်ဟု ဖော်ပြထားသည်။
ယခုအခါ မြန်မာပြည် အလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း ဒီပဲယင်း၊ အင်းတော်၊ အရာတော်၊ ရေဦး၊ မြင်းမူ၊ မုံရွာမြို့နယ်များတွင်လည်း မိုး သည်းထန်စွာ ရွာသွန်းသည့် အတွက် ရေများဝင်ရောက်မှုကြောင့် အိမ်ထောင်စုများကို နေရာရွှေ့ပြောင်းပေးခဲ့ရပြီး အစား အသောက်များ ဝေငှခဲ့ရကြောင်းလည်း သတင်းစာက ရေးသားထားသည်။
မိုးဆက်တိုက် ရွာသွန်းသည့် အတွက် မကွေးတိုင်းအတွင်း၊ မင်းဘူး၊ စကု၊ ဧရာဝတီတိုင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ မြို့နယ်များ၊ ကချင်ပြည်နယ် ဖားကန့်၊ ၀ိုင်းမော်မြို့နယ်များ၊ ချင်းပြည်နယ်ရှိ မတူပီ မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ၊ နမ့်ဆန်မြို့နယ်၊ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ မောင်းတော၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ မြို့နယ်များ၊ ရန်ကုန်တိုင်းတွင် သုံးခွ၊ ခရမ်းမြို့နယ် များတွင် လူနေရပ်ကွက်များအတွင်း ရေ၀င်ရောက်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့သည်ဟု သတင်းစာ ဖော်ပြချက်အရ သိရသည်။Rest of your post
Wednesday, October 13, 2010
မိုးကြောင့် ဆက်လက်ရေကြီး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
October
(215)
- ပစ်ဖို့  ထိုင်ခုံလုဖို့ သာ သိတာ ကယ်ဖို့ က န အ ဖ အလ...
- မြန်မာပြည်သူတွေကို မလိမ်ကြပါနဲ့
- ကျောက်ဖြူခရိုင် ဥက္ကဌကို လေဘေး အမျိုးသမီးတစ်ဦးက မက...
- NLD မဲမပေးရေး တိုးမြှင့်လှုံ့ဆော်
- အကျင့်ဆိုး
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ
- ဖိလစ် ပိုင်ဝန်ကြီးနှင့် ဟေလောရီ ကလင်တန် မြန်မာ့အရေ...
- နိုဝင်ဘာ ၇ ရက်လိမ်ပွဲ ပြီးမှ ပြည်တွင်း အင်တာနက် ပြ...
- CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး
- ဘယ်သူပြောလဲ …တတောလုံးကြွေ
- “မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- လက်ညိုးထောင်၍ ခေါင်းညိတ်ပါ ” သရော်စာ”
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ အပိုင်း(၅)
- အောင်သိန်းလင်းအတွက် ပြည်သူ့ မေတ္တာ
- ဗုံးဖေါက်ခွဲမှု၌ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဟု ...
- ရခိုင် အင်တာနက်လိုင်း ဖြတ်တောက် ခံရ
- မြေပုံမြို့နယ်မှ သေဆုံး ၈၃ ဦး စာရင်း
- မိပြီ... မိပြီ...သူဘဲ...သူဘဲ
- ရန်ကုန် ကို ရ-၁၁-၁၀ အပြီးမှာ ကွပ်ကဲဖို့ မျောက်ဝံ အ...
- ဧရာဝတီဂျာနယ်
- အစိမ်းရောင်လူသား " ကျော်သူ "
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- ယခု လာမည့် အာဆီယံ ဆွေးနွေးပွဲမှာ မြန်ပြည်အကြောင်း ...
- နွားသီချင်း အဆိုသင်ပေးရင်တောင် တတ်ဦးမယ်
- မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန်...
- ၁ သောင်းပြန်အမ်းပြီးတွင်းထဲ ခုံချတာ ကောင်းဦးမယ်
- ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘေြာေ...
- မဲ ကလွဲရင် ဘယ်သူ့ မှ ဂရုမစိုက်
- ဒေါ်အောင်ဆန်းစုကြည်အမှု ဖွတ်များ အောင်းရာ သေပြည်တော်...
- ဘိလပ်မြေစက်ရုံအတွက် ဖွတ် ပါတီပိုင် ကုမ္ပဏီက လယ်မြေသ...
- မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ...
- ကျောက်ဖြူမှာ လျှပ်စစ်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
- ဒုတိယဗျ ဒုတိယ အောက်ကနေ ရေတွက်ရင်
- ကျုပ်တို့ ဟုတ်ဖူး
- အောင်သိန်းလင်းတင် အလှန်ကောင်းတာမဟုတ်ပါ..
- ရာဂုအိုးကြီး ကျကွဲမှ...ရွှေစည်းခုံကိုလှုပါ၏...
- ပုဆိုးခြုံထဲက လက်သီးကို ပုဆိုးလှန်ပြသော မြို့ တော်...
- ၀န်ခံတယ်..မီးရှို့ တာ...ကျုပ်တို့မြို့ တော်ဝန်ကြ...
- မဲခိုးပြီးရင်...ဒေါ်စုကိုလွှတ်မှာပါ...မရှိလို့ လုပ်စ...
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
- ပြည်တွင်းမှာ သတင်းမှတ်တမ်းရယူ လက်စွမ်းပြကြမယ့် cit...
- စစ်အာဏာရှင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဂျပန်ရောက်...
- စအိုပေါက်မပါတဲ့ ကလေးငယ်လေး အတွက် အကူညီလို(SOS)
- ဘယ်တုန်းက အမှန်ပြောဖူးလို့ လဲ
- ဘင်ကီမွန်း လည်း ကိုယ်ဘာပြောနေမှန်း ကိုယ်ကိုယ်တိုင်...
- Myanmar TV airs cyclone footage
- ပြောရတာလည်း..မောပါ့ဗျာ..
- Nuke plan may speed up if...
- မြန်မာ့ ပြည်ပပို့ ကုန်..သတို့ သမီးရောင်းဝယ်ရေး
- မကောင်းတာမှန်သမျှ..ထိပ်သီးရတဲ့ ရွှေနိုင်ငံ
- မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်း...
- UN: 70,000 people in Myanmar are homeless in wake ...
- တိုးတက်နေသော..မြန်မာပြည်ကြီး။ ( Before and After)
- အမြင်မှားကို လက်ခံထားကြသူများ
- ဂီရိဒုက္ခသည်များ ထပ်မံတိုးပွါး၊ အကူအညီများ အကြီးအကျ...
- မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြ...
- ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ...
- ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ...
- 14 killed in oil well blaze
- မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရ...
- ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား(VOA)
- မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရိ...
- ဂီရိ မုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံး...
- မလေးသွားမယ့် သူတွေ သတိထား
- တရားဝင် ဆိုးသွမ်းတော့မည်
- အခွံကြီးပါဘဲ
- မဲရဖို့ ကလွဲရင် ဘာမှစိတ်မ၀င်းစားတဲ့  အာဏာရှင်နဲ့  ...
- မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန်
- ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း
- ဂီရိ မုန်တိုင်း လူ ၅ဦးသေဆုံး
- အာဏာရှင် တွေ လက်ကိုင်တုတ်တွေတင်လိုက်တဲ့  အလံ အတွက်...
- တိုးတိုးတိတ်တိတ်လေး လုပ်မှာ
- သဘာဝဘေးတွေ့ လို့ ကတော့ အာဏာပိုင်တွေ မျှော်ဖို့  စိ...
- ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး
- အခွံကြီးပါဘဲ
- ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ အပိုင်း ၁ ...
- မွဲတာ ခြင်းလည်း တူ ပါ့
- ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ
- ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအ...
- မြို့တော်ဟောင်းက ဇာတ်လမ်းသစ်
- ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်း...
- ဒီ အလံ ဘယ်တော့မှ အလေး မပြု
- ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ေ...
- နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်
- စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်...
- ရခိုင်ပြည်သို့ မုန်တိုင်းဝင်၊ နေ့ခင်းဘက်တွင် ပိုပြ...
- အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်
- ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်
- ယတ်တော မွှေတဲ့မီးကြောင့် ဒေါ်စုတရားရုံးတက်နေရဆဲ
- တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော
- ဒေါင်းအလံ လွှင့်မည့် နေ့  တနေ့ တော့ရောက်လာမှာပါ
- အမြဲတမ်းဖြစ်ချင်တာဖြစ်နေတဲ့  မြန်မာပြည်
- နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆ...
- ကင်တားနား တောင် သိသေးတယ်
- အလံဟောင်းတောင်မလေးစားခဲ့တာ ဒံပေါက်ရောင် အလံသစ် လော...
- အလံသစ်နဲ့ ဒေါ်သန်းရွှေ
- အလံသစ်၊ ယတြာနဲ့ သန်း ၆၀ ကို ကိုယ်စားပြု မပြု
-
▼
October
(215)
No comments:
Post a Comment