By ဦးအောင်လွင်ဦး ဗုဒ္ဓဟူး, 20 အောက်တိုဘာ 2010
မြန်မာစစ်အစိုးရက ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲက တိုင်းပြည်မှာ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီမိုကရေစီရေး လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေ ပါဝင်ခွင့် မရှိဘဲ ဖြစ်နေရသလို
တိုင်းရင်းသား လူမျိုးစုတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေတာ၊ လူ့အခွင့်အရေး ပြဿနာတွေ ရှိနေဆဲ အခြေအနေတွေဟာ ရွေးကောက်ပွဲ လုပ်ပြီးလို့ အစိုးရအသစ်တရပ် ပေါ်လာရင်တောင် တိုးတက်မယ့် အရိပ်အယောင် မမြင်ရဘူးလို့ အမေရိကန် ပြည်ထောင်စု
ဝါရှင်တန်မြို့တော်က နှီးနှောဖလှယ်ပွဲအတွင်း ပြောဆိုခဲ့ကြတာပါ။
အကြောင်းစုံကိုတော့ ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ် နိုင်ငံတကာ အဆင့်မြင့် လေ့လာရေးဌာနမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲလွန်ကာလ ရောက်တဲ့အခါ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့အခြေအနေတွေ ပြောင်းလဲနိုင်တဲ့ အလားအလာတွေ ရှိမရှိ ဆိုတာကို ‘အရပ်သား အုပ်ချုပ်ရေး ပြန်ရောက်မှာလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြရာမှာ များများစားစား မျှော်လင့်နိုင်မှာ မဟုတ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြတာပါ။
မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမယ့် အခြေအနေတွေ အောက်မှာ ကျင်းပပေးမှာ မဟုတ်သလို လွှမ်းမိုး နေဆဲဖြစ်တဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ပြဿနာတွေဟာလည်း နောက်အစိုးရ ပေါ်လာရင်တောင် ဆက်လက် ခြိမ်းခြောက်နေ ဦးမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြတာပါ။
ရွေးကောက်ပွဲက မျှော်လင့်ချက်တွေ ဆောင်ကြဉ်း မပေးနိုင်ဘူးလို့ ဆိုသူတွေထဲ ၁၉၉၈ ခုနှစ် စီးပွားရေး နိုဘယ်လ်ဆုရှင် အမ်မာတီယာ စန် (Amartya Sen) လည်းတဦးအပါအ၀င် ဖြစ်ပါတယ်။
“မြန်မာနိုင်ငံက ၀ါဒဖြန့်ချိမှုတွေအပေါ် အချေအတင် ဖြစ်ရတာတွေ၊ လေးနက်တဲ့အဓိပ္ပာယ်တွေကြောင့် ဒီအတုအယောင် ရွေးကောက်ပွဲ ကို ထောက်ခံသူတွေ အနေနဲ့လည်းအကြီးအကျယ် စိတ်ရှုပ်စရာ ဖြစ်ကြရပါတယ်။ စစ်အစိုးရက အနိုင်ရဖို့ ကြိုတင်စီစဉ်ထားတဲ့ ရွေးကောက်ပွဲကလည်း ဒီကနေ့ ဒီအချိန် မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စိတ်ပျက်စရာ ရှုပ်ထွေးမှုတွေသာ ထပ်ဖြစ်လာမှာပါ။”
ငယ်စဉ်ဘ၀က မြန်မာနိုင်ငံမှာလည်း နေထိုင်ဖူးသူ နိုဘယ်လ်ဆုရှင် အမ်မာတီယာစန်က မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဏာပိုင်တွေက ဆိုနေသလိုမျိုး အပြောင်းအလဲတွေကို ဦးတည်စေမှာ မဟုတ်တဲ့အပြင် ဒီမိုကရေစီ ထွန်းကားရေးအတွက် အဟန့်အတားသာ ဖြစ်လိမ့်မယ်လို့လည်း ဆိုခဲ့တာပါ။ ဒီလိုအခြေအနေမျိုးမှာ ရှေ့လကျင်းပမယ့် ရွေးကောက်ပွဲကနေ ဘာမှ မျှော်လင့်လို့
မရနိုင်ဘူးဆိုတာ သေချာတယ်လို့ ဆိုခဲ့သူ တဦးကတော့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ်
တာဝန်ယူခဲ့ဖူးသူ ပါမောက္ခ ပေါ်လို ဆာဂျီယို ပီညဲရိုး (Paulo Sergio Pinheiro) ပဲ ဖြစ်ပါတယ်။
“ဒီရွေးကောက်ပွဲဟာ အတုအယောင် အဖြစ်ပဲ ကျနော်ကတော့ သဘောထားပါတယ်။ ရွေးကောက်ပွဲအပြီး ဘာတွေ ဖြစ်လာလေမလဲ စောင့်ကြည့်ဦးမယ်ဆိုရင် ဒါဟာ အင်မတန် မှားယွင်းလိမ့်မယ်လို့လည်း ကျနော် ထင်ပါတယ်။ ကျနော်ကတော့ ရွေးကောက်ပွဲအပြီးမှာ ဘာတွေ ဖြစ်လာမလဲ ကြိုမြင်ပါတယ်။ အာဏာရှင် အုပ်ချုပ်မှု အောက်ကနေ စစ်မှန်တဲ့ အပြောင်းအလဲ ဘာတခုမှ ဖြစ်လာမှာ
မဟုတ်ပါဘူး။”
စစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပတော့မယ် ဆိုနေပေမဲ့လည်း နိုင်ငံရေးအင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်တာ၊ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေတာ တွေကလည်း ရွေးကောက်ပွဲနောက်ပိုင်းမှာ အလားအလာ ကောင်းတွေတော့ မဟုတ်လှဘူးလို့ အကဲခတ်တွေ၊
ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
ဗြိတိန်နိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့က ဇိုယာဖန်းကတော့ ပြဿနာတွေဟာ အဆိုးဘက်ကိုတောင် ဦးတည်သွားစေနိုင်တယ်လို့ မြင်ပါတယ်။
“အခု ကျမတို့တိုင်းပြည် အခြေအနေကတော့ တော်တော်လေး ဆိုးဝါးနေတယ်လို့ ပြောလို့ရပါတယ်။ အခြေအနေကတော့ တိုးတက်မှု လုံးဝမရှိပါဘူး။
ဒီစစ်အာဏာရှင်တွေ လုပ်နေတဲ့ ရွေးကောက်ပွဲကလည်း ဒီပြဿနာတွေကို လုံးဝ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ သူတို့လုပ်နေတဲ့ ရွေးကောက်ပွဲက ဒီပြဿနာကို ပိုပြီးတော့ ကြီးထွားလာနိုင်တယ်။
“ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အခြေခံဥပဒေကို ကြည့်တဲ့အချိန်မှာ တိုင်းရင်းသား အခွင့်အရေးတွေကို ဘာမှ သူတို့ အာမခံချက် မပေးပါဘူး။
တိုင်းရင်းသား လူမျိုးစုတွေ၊ အလားတူ အခြား အတိုက်အခံ အင်အားစုတွေကိုလည်းသူတို့ လုပ်ထားတယ်၊ ဖိနှိပ်မှုတွေကိုလည်း သူတို့ ဆက်လက်ပြီး လုပ်နေမယ်။
အဲဒါကြောင့် ကျမအမြင်မှာတော့ လာမယ့် ရက်ပိုင်းအတွင်း၊ လပိုင်းအတွင်းမှာဆိုရင် ပဋိပက္ခတွေ ပိုများလာမယ်။ ပြီးတော့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေလည်း ပိုများလာမယ်။”
မြန်မာစစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်မှာ အရေးပါတဲ့ လုပ်ငန်း စဉ်တရပ်အဖြစ်နဲ့ ဆွေးနွေးသူတွေက ယေဘုယျ လက်ခံကြတာမို့ ဒါကို မျက်ခြည်ပြတ်လို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုကြတာပါ။ မြန်မာစစ်အစိုးရကတော့ တနင်္လာနေ့တုန်းကပဲရွေးကောက်ပွဲမှာ ပြည်ပက လေ့လာ အကဲခတ်သူတွေ၊ သတင်းမီဒီယာတွေ
လာဖို့မလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီအတွက်လည်း ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက သံသယ ရှိနှင့်ပြီးသား ဖြစ်နေတဲ့ ရွေးကောက်ပွဲအပေါ် လက်ခံယုံကြည်နိုင်ဖို့ ခက်ခဲစရာပိုပြီးဖြစ်ရကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
Friday, October 22, 2010
ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
October
(215)
- ပစ်ဖို့  ထိုင်ခုံလုဖို့ သာ သိတာ ကယ်ဖို့ က န အ ဖ အလ...
- မြန်မာပြည်သူတွေကို မလိမ်ကြပါနဲ့
- ကျောက်ဖြူခရိုင် ဥက္ကဌကို လေဘေး အမျိုးသမီးတစ်ဦးက မက...
- NLD မဲမပေးရေး တိုးမြှင့်လှုံ့ဆော်
- အကျင့်ဆိုး
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ
- ဖိလစ် ပိုင်ဝန်ကြီးနှင့် ဟေလောရီ ကလင်တန် မြန်မာ့အရေ...
- နိုဝင်ဘာ ၇ ရက်လိမ်ပွဲ ပြီးမှ ပြည်တွင်း အင်တာနက် ပြ...
- CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး
- ဘယ်သူပြောလဲ …တတောလုံးကြွေ
- “မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- လက်ညိုးထောင်၍ ခေါင်းညိတ်ပါ ” သရော်စာ”
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ အပိုင်း(၅)
- အောင်သိန်းလင်းအတွက် ပြည်သူ့ မေတ္တာ
- ဗုံးဖေါက်ခွဲမှု၌ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဟု ...
- ရခိုင် အင်တာနက်လိုင်း ဖြတ်တောက် ခံရ
- မြေပုံမြို့နယ်မှ သေဆုံး ၈၃ ဦး စာရင်း
- မိပြီ... မိပြီ...သူဘဲ...သူဘဲ
- ရန်ကုန် ကို ရ-၁၁-၁၀ အပြီးမှာ ကွပ်ကဲဖို့ မျောက်ဝံ အ...
- ဧရာဝတီဂျာနယ်
- အစိမ်းရောင်လူသား " ကျော်သူ "
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- ယခု လာမည့် အာဆီယံ ဆွေးနွေးပွဲမှာ မြန်ပြည်အကြောင်း ...
- နွားသီချင်း အဆိုသင်ပေးရင်တောင် တတ်ဦးမယ်
- မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန်...
- ၁ သောင်းပြန်အမ်းပြီးတွင်းထဲ ခုံချတာ ကောင်းဦးမယ်
- ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘေြာေ...
- မဲ ကလွဲရင် ဘယ်သူ့ မှ ဂရုမစိုက်
- ဒေါ်အောင်ဆန်းစုကြည်အမှု ဖွတ်များ အောင်းရာ သေပြည်တော်...
- ဘိလပ်မြေစက်ရုံအတွက် ဖွတ် ပါတီပိုင် ကုမ္ပဏီက လယ်မြေသ...
- မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ...
- ကျောက်ဖြူမှာ လျှပ်စစ်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
- ဒုတိယဗျ ဒုတိယ အောက်ကနေ ရေတွက်ရင်
- ကျုပ်တို့ ဟုတ်ဖူး
- အောင်သိန်းလင်းတင် အလှန်ကောင်းတာမဟုတ်ပါ..
- ရာဂုအိုးကြီး ကျကွဲမှ...ရွှေစည်းခုံကိုလှုပါ၏...
- ပုဆိုးခြုံထဲက လက်သီးကို ပုဆိုးလှန်ပြသော မြို့ တော်...
- ၀န်ခံတယ်..မီးရှို့ တာ...ကျုပ်တို့မြို့ တော်ဝန်ကြ...
- မဲခိုးပြီးရင်...ဒေါ်စုကိုလွှတ်မှာပါ...မရှိလို့ လုပ်စ...
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
- ပြည်တွင်းမှာ သတင်းမှတ်တမ်းရယူ လက်စွမ်းပြကြမယ့် cit...
- စစ်အာဏာရှင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဂျပန်ရောက်...
- စအိုပေါက်မပါတဲ့ ကလေးငယ်လေး အတွက် အကူညီလို(SOS)
- ဘယ်တုန်းက အမှန်ပြောဖူးလို့ လဲ
- ဘင်ကီမွန်း လည်း ကိုယ်ဘာပြောနေမှန်း ကိုယ်ကိုယ်တိုင်...
- Myanmar TV airs cyclone footage
- ပြောရတာလည်း..မောပါ့ဗျာ..
- Nuke plan may speed up if...
- မြန်မာ့ ပြည်ပပို့ ကုန်..သတို့ သမီးရောင်းဝယ်ရေး
- မကောင်းတာမှန်သမျှ..ထိပ်သီးရတဲ့ ရွှေနိုင်ငံ
- မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်း...
- UN: 70,000 people in Myanmar are homeless in wake ...
- တိုးတက်နေသော..မြန်မာပြည်ကြီး။ ( Before and After)
- အမြင်မှားကို လက်ခံထားကြသူများ
- ဂီရိဒုက္ခသည်များ ထပ်မံတိုးပွါး၊ အကူအညီများ အကြီးအကျ...
- မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြ...
- ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ...
- ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ...
- 14 killed in oil well blaze
- မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရ...
- ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား(VOA)
- မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရိ...
- ဂီရိ မုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံး...
- မလေးသွားမယ့် သူတွေ သတိထား
- တရားဝင် ဆိုးသွမ်းတော့မည်
- အခွံကြီးပါဘဲ
- မဲရဖို့ ကလွဲရင် ဘာမှစိတ်မ၀င်းစားတဲ့  အာဏာရှင်နဲ့  ...
- မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန်
- ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း
- ဂီရိ မုန်တိုင်း လူ ၅ဦးသေဆုံး
- အာဏာရှင် တွေ လက်ကိုင်တုတ်တွေတင်လိုက်တဲ့  အလံ အတွက်...
- တိုးတိုးတိတ်တိတ်လေး လုပ်မှာ
- သဘာဝဘေးတွေ့ လို့ ကတော့ အာဏာပိုင်တွေ မျှော်ဖို့  စိ...
- ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး
- အခွံကြီးပါဘဲ
- ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ အပိုင်း ၁ ...
- မွဲတာ ခြင်းလည်း တူ ပါ့
- ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ
- ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအ...
- မြို့တော်ဟောင်းက ဇာတ်လမ်းသစ်
- ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်း...
- ဒီ အလံ ဘယ်တော့မှ အလေး မပြု
- ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ေ...
- နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်
- စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်...
- ရခိုင်ပြည်သို့ မုန်တိုင်းဝင်၊ နေ့ခင်းဘက်တွင် ပိုပြ...
- အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်
- ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်
- ယတ်တော မွှေတဲ့မီးကြောင့် ဒေါ်စုတရားရုံးတက်နေရဆဲ
- တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော
- ဒေါင်းအလံ လွှင့်မည့် နေ့  တနေ့ တော့ရောက်လာမှာပါ
- အမြဲတမ်းဖြစ်ချင်တာဖြစ်နေတဲ့  မြန်မာပြည်
- နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆ...
- ကင်တားနား တောင် သိသေးတယ်
- အလံဟောင်းတောင်မလေးစားခဲ့တာ ဒံပေါက်ရောင် အလံသစ် လော...
- အလံသစ်နဲ့ ဒေါ်သန်းရွှေ
- အလံသစ်၊ ယတြာနဲ့ သန်း ၆၀ ကို ကိုယ်စားပြု မပြု
-
▼
October
(215)
No comments:
Post a Comment