Saturday, October 23, 2010

အခွံကြီးပါဘဲ

ရန်နောင် ၂၃၊၁၀၊၂၀၁၀ စနေ

သန်းရွှေ တပ်တွေ တိုင်းရင်းသားအဖွဲ့တွေ ကိုဟန်ရေးတပြပြနဲ့ မတိုက်သေးတာ ရွေးကောက်ပွဲကြောင့်လည်းမဟုတ် သလို တခြားဘာအကြောင်း ကြောင့်မှလည်း မဟုတ်ပါဘူး။အဓိကအ

ကြောင်းရင်းက မြန်မာစစ်တပ်မှာ အဘက်ဘက်က ချွတ်ခြုံကြနေပြီး၊ အထူးသဖြင့်တိုက်ခိုက် ရေးစွမ်းရည်ဟာ ယခုချိန်မှာ အနိမ့်ဆုးံအဆင့်ကိုရောက် နေတာကြောင့်ပါ။

အင်အား ၅၀၀ ကျော်ကျော်သာရှိတဲ့ဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့တွေကိုလူအင်အား၊ လက်နက်ကြီး အင်အားအသာစီးနဲ့ တိုက်ခိုက်ခဲ့ပြီး ပထမတနာရီအတွင်း စစ်ကြောင်းတစ်ကြာင်း လုးံနီးပါး တိုက်ပွဲကျ လို့မြန်မာစစ်တပ်ရဲ့ အသက်ငယ်ဆုးံ ဗိုလ်မှုးချုပ်ဝင်းမောင်ရာထူးချ အရေးယူခံရတဲ့အဖြစ်တွေဟာလည်း မြန်မာတပ်မတော်ရဲ့တိုက်ခိုက်ရေးစွန်းရည်ဘယ် လောက်ကျဆင်းနေလဲဆိုတာ ကိုကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေပါတယ်။
ဒါကြောင့်ခုချိန်မှာ တိုင်းရင်းသား တပ်တွေနားမှာရှောက်ပြန်သံပေးလုပ်၊ လေယဉ်ပျံလေးတွေ ဝဲပြ၊ ရှိစုမဲ့စုလေးတွေကို တရုပ်ပြည်ကိုထိုးကြွေးပြီး နယ်စပ်ပေါက်တွေကို ပိတ်ဖို့ကြိုးစားပြီး ဖြတ်လေးဖြတ် လုပ်ဖို့ဦးနှောက်သေးသေး နဲ့အကြံထုပ်တာပါ။ ရွေးကောက်ပွဲပြီးလဲမတိုက်နိုင်သေးပါဘူး ။တပ်ထဲမှာကလည်း အားလုးံကနေရာကောင်းရဖို့လောက်ဘဲ စိတ်ဝင်စားကြတာပါ။
ဘယ်သူမှ တိုက်ချင်ခိုက်ချင်စိတ်မရှိပါဘူး။ တကယ်လို့ စစ်ဆင်ရေးတွေစခဲ့ရင် ရဲဘော်တွေ ထွက်ပြေးနဲ့ တင်တပ်တွေပျက်ကုန်နိုင်ပါတယ်။ စစ်သားစုဆောင်းရေး တပ်ဆွယ်တွေအနေနဲ့ တပ်သားတွေစုဆောင်းလို့မရနိုင်လို့ လမ်းဘေး
တွေ့တဲ့သူဆွဲသွင်း၊ အသက်မပြည့်သေးတဲ့ ကလေးတွေကို အဓမ္မဖမ်းဆီး စစ်ထဲသွင်း နေရတဲ့အချိန်မှာ၊ အရာရှိတွေမှိုလိုပေါက်လို့ ဝန်ကြီးဌာနတွေနှစ် ခုခွဲနေရာလုပ်ပေးရ၊ အရပ်ဘက်ဝန်ကြီးဌာနတွေကို စစ်တပ်ကအရာရှိတွေ အတင်းထိုးထည့်နေရတာကို ကြည့်မယ်ဆိုရင်ခုခေတ် စစ်တပ်ထဲဝင်တဲ့ အရာရှိတွေဟာ ယူနီဖောင်းဝတ်ပြီး စီးပွားရှာဖို့၊ အခွင့်ရေးရဖို့ဆိုတာထင်ရှားပါတယ်။
နိုင်ငံတော်ကိုကာကွယ်ဖို့၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံ၊ စွန့်လွှတ်တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စစ်ထဲဝင်ကြတဲ့လူမျိုးမရှိသလောက်ပါဘဲ။ ဒါကြောင့်လည်း စစ်တပ်ထဲမှာအရာရှိကြီးငယ်ဟာ ရာထူးတက်ဖို့၊ နေရာကောင်းရဖို့ ( ဆက်သွယ်ရေး၊အကောက်ခွန်၊ကုန်သွယ်ရေး၊ စသည်…) ဘာဘဲလုပ်ရလုပ်ရ၊ဘယ်လိုဘဲ ဖားရဖားရ၊ ဆရာမွေး၊ တပည့်မွေးတွေလုပ်
ကြ၊ ရာထူးတက်ဖို့ဆို ယတြာတွေချေကြ( ဗေဒင်ဆရာက ထမိန်ဝတ်ဆိုရင်တောင် ဝတ်မယ့်အထိ စစ်ဗိုလ်တွေရူးကြတာကြောင့် ဒီနေ့ စစ်တပ်ဟာအဆိုးဆုးံ၊ အနိမ့်ကျဆုးံ အခြေနေကိုရောက်ရတာပါ။


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်