June 19th, 2008 by admin
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ယနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့  အခမ်းအနားကို အကျဉ်းရုံး လုပ်တာဖြစ်ပေမယ့်လည်းဘဲ ငှက်လွှတ်နေတဲ့အချိန်မှာ ကြံ့ ဖွတ်တွေရဲ့  ပထမ ဒိုင်နာကား ရောက်လာပြီး ၀င် ရိုက်တာ ဖြစ်ပါတယ်၊ နောက်ထပ် တစ်စီး ထပ်ရောက်လာပြီး ဘာမှန်းမသိသော အထုပ်ကြီးတထုပ်အား အခမ်း အနားအား အပြင်မှ ရပ်ကြည့်နေကြသော လူအုပ်ကြားထဲ ပစ်ထည့်ပြီး လူတွေကို အလန့် တကြားဖြစ်စေကာ ရုန်းရင်း ဆန်ခတ်ဖြစ်အောင် ဖန်တီးနှောင့်ယှက်ခဲ့ပါတယ်။
၎င်းအချိန်မှာ ကိုထွန်းမြင့်က ဗီဒီယိုကင်မရာကို ပစ်ချပြီးထားခဲ့ပေမယ့် ရိုးရိုး ကင်မရာ ပါသွားတယ် ပါတယ်။ အဲဒီအချိန်မှာ အဘ ဦးအောင်ရွှေ မှ ရောက်ရှိလာပြီး လုံထိန်းရဲအုပ်အား ခေါ်မေးရာ လုံထိန်းရဲအုပ်မှ လက်အုပ် ချီပြီး သူတို.့မသိကြောင်း၊ ဘယ်သူတွေ လာဖမ်းတယ်ဆိုတာမသိကြောင်း ဗြောင်ညာကာ အခမ်းအနားအား ပြန် လုပ်လို့ ရကြောင်း ပြောပါတယ်။ ရဲတွေကလမ်းတွေ ပြန်ဖွင့်ပေးပြီးနောက်၊ အဘဦးအောင်ရွှေက စောစောက ဖမ်းသွားတဲ့သူ (၄) ယောက်ကိုပြန်လွှတ်ပေးဖို.ပြောပေမယ့်  အခုအချိန်ထိ ဘယ်သူမှ ပြန်မလွတ်သေး ကြောင်း သိရှိရပါတယ်။
ရွှေဂုံတိုင်လမ်းကို ပိတ်ထားပါတယ်။ ရဲတွေ လုံထိန်းတွေက ပိတ်ထားပါတယ်။ ဘုရား အင်္ဂါထောင့်လက်ခြမ်းက လမ်းတွေကိုလည်း ပိတ်ဆို့ ထားပါတယ်။ ကြံဖွတ် တွေကိုတင်ထားတဲ့ ဒိုင်နာကားသုံးစီး၊၀ိုင်ယာလက်ကား ၃ စီးနဲ့ စစ်ကားတွေကလည်း ၀ိုင်းရံထားပါတယ်။ အဖွဲ့ ချုပ်ဝင် တွေက ရုံးရှေ့ မှာစုရုံးရောက်ရှိလာပြီ။ ဒေါ် အောင်ဆန်းစုကြည် ကျမ္မာပါစေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးစတဲ့ ကြွေးကြော်သံတွေကို တခဲနက် တိုင်လိုက်ကြပါတယ်။ရုံးရှေ့ မှာရောက်နှင့်နေပြီးဖြစ်တဲ့ ကြံဖွတ်တွေက အဖွဲ့ ချုပ်ဝင်ရဲဘော်တွေကို ဒလကြမ်းရိုက်နှက်ဖမ်းဆီးလိုက်ပါတယ်။
ကြံ့ ဖွံ့  များ က nld အ ဖွဲ့  ၀င် များ အား မြေ နီ ဂုံး တွင် ၀ိုင်း ၀န်း ရိုက် နှက် နေ သည် ။ ယ ခု ၁၁း၃၀ နာ ရီ က ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ဝင်းနားမှ အစောင့်ရဲ နှစ်ဦးမှ လွဲပြီး အခြားမည်သူမှ မရှိပါ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းများထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် (ဗိုလ်ချူပ်အောင်ဆန်း၏ဖနီး) ရဲ့  အုတ်ဂူမှာလည်း နှင်းဆီအ၀ါရောင် အပွင့် (၆၄) ပွင့် ကို အမှတ်တရအဖြစ် ထားရှိခဲ့ပါတယ်။ယနေ့ မနက်က ရွှေတိဂုံဘုရားမှာ အန်အယ်ဒီအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ကိုမြင့်စိုး မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့  (၆၃) နှစ်ပြည့်ပြီး (၆၄) နှစ်ထဲဝင်တဲ့အထိမ်းအမှတ်အဖြစ် နှင်းဆီ အ၀ါရောင် အပွင့် (၆၄) ပွင့်ကို ကပ်လှူပူဇော်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အဖွဲ့ချုပ်ရုံးတွင် ဆွမ်းကပ်လှူခွင့်မရ
June 19th, 2008 by admin
နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံနေရသည့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရည်စူး၍ သံဃာတော်များအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နေ့ဆွမ်းဆက်ကပ်ရန် အစီအစဉ်ကို အာဏာပိုင်များက ခွင့်မပြုသဖြင့် မလုပ်ဖြစ်တော့ကြောင်း အဖွဲ့ချုပ်မှ ပြော သည်။
"သံဃာတော်တွေကို မနက်ပိုင်းမှာ တန်းဆွမ်းလောင်းပြီးပါပြီ။ နေ့ဆွမ်းကပ်ဖို့ အဖွဲ့ချုပ်ရုံးမှာ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကြွရောက်မယ့်သံဃာတွေကို သက်ဆိုင်ရာတွေက လာတားတဲ့အတွက် သံဃာတွေ မကြွနိုင်ပါဘူး” ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ထို့ကြောင့် သံဃာတော်များအား ကျောင်းသို့ ဆွမ်းချိုင့်ပို့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားကို အဖွဲ့ချုပ်ဝင်များက ရုံးချုပ်တွင် ကျင်းပပြုလုပ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း၏ (၆၃) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် အ၀ါရောင် နှင်းဆီပန်း များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးမှတဆင့် ရွှေတိဂုံဘုရားတွင် ကပ်လှူပူဇော်စေခဲ့သည်ဟု အေပီ သတင်းတွင် ဖော်ပြသည်။
နိုင်ငံတကာမှ ကန့်ကွက်နေသည့်ကြားမှ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့်လတွင် နေအိမ်အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ် တိုးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ်စားစရာများ ၀ယ်ပေးနေသူဖြစ်သည့် အဖွဲ့ချုပ်အဖွဲ့ဝင်တဦး ဖြစ်သူ ကိုမြင့်စိုး က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရွှေတိဂုံဘုရားတွင် နှင်းဆီဝါ (၆၄) ပွင့် ကပ်လှူခဲ့သည်ဟု အဖွဲ့ချုပ် သတင်း ရပ်ကွက်ကို ကိုးကားဖော်ပြသည်။
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်လည်းဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူတွင်လည်း အ၀ါရောင် ဂန္ဓမာပန်း (၆၄) ပွင့် သွားထား ပေးခဲ့သည် ဟုလည်း သတင်းတွင်ပါရှိသည်။ ဒေါ်ခင်ကြည်၏အုတ်ဂူမှာ ရွှေတိဂုံဘုရား ခြေရင်းတွင် တည်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မွေးနေ့ကို အင်းလျားကန်ဘေးရှိ နေအိမ်မှာပင် အေးအေး ချမ်းချမ်း နေထိုင်နေသည်ဟုလည်း အိမ်နီးနားချင်းတယောက်ကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြသည်။
“အိမ်ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာမှု မတွေ့ရဘူး။ ခြံဝမှာလည်း ရဲနှစ်ယောက်ပဲ စောင့်နေတယ်။ တခြံလုံး ငြိမ်ဆိတ်နေတာပဲ။ သူ့ဆီကိုလာပြီး မွေးနေ့ဂုဏ်ပြုတဲ့ ဧည့်သည်လည်း မရှိဘူး။ အလှူအ တန်း ကန်တော့ခံမယ့် သံဃာတော်လည်း မတွေ့ရဘူး” ဟု အမည်မဖော်လိုသူ အိမ်နီးချင်း တယောက်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် (၁၈) နှစ်ကြာကာလအတွင်း (၁၂) နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံ နေရ သူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ တပြည်လုံး အတိုင်းအတာအထိ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုဘဲ စစ်အစိုးရထိန်းချုပ်မှု အပြည့်ရှိနေသည့် “ဒီမိုကရေစီလမ်းပြမြေပုံ” အတိုင်းသာ အကောင်အထည်ဖော် လုပ်ဆောင်နေသည်။
ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက် မြို့၌လည်း မြန်မာနိုင်ငံသား (၆၃) ဦးအား ဒုလ္လဘရဟန်းခံပေးခြင်း၊ သွေးလှူဒါန်းခြင်းနှင့် အခြား ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခြင်း၊ ဒေါ်စုမွေးနေ့အထိမ်းအမှတ် သက်ဆိုင်ရာဘာသာအလိုက်ဝတ်ပြုဆုတောင်းခြင်းများ၊ ဂုဏ်ပြုဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားများ ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှုကော်မတီ (ထိုင်း-မြန်မာနယ်စပ်) အဖွဲ့နှင့် မဲဆောက်အခြေစိုက် လူမှုရေးအဖွဲ့အစည်းအသီးသီးတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ http://yangon.22web.net/ ကတဆင့် တင်ပြပါတယ်။

No comments:
Post a Comment