တက္ကသီလာ မြကျွှန်းသာမှာ
ရင်နာစရာသမဂ္ဂသမိုင်း
မော်ကွန်းရိုင်းကိုသွေးနဲ့ရေးသား
ကဗျည်းထိုးထားခဲ့
ထိုနေ့ရက်ကို မမေ့အပ်စေ
ဥဒါန်းမကြေကြနဲ့ဟေ့....
ကမ္ဘာတည်သရွှေ့
သွေးကြွှေးအထပ်ထပ် ပေးဆပ်ကြဘို့
၇ ဇူလိုင်ဟာ သွေးချောင်းစီးသောနေ့ရက်ပါ။
မြန်မာ့သမိုင်းမှာ ကျောင်းသားတွေရဲ့ အဓိကရဖြစ်တဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂ တစ်ခု လုံးကို ဖောက်ခွဲ ဖျက်စီးခံခဲ့ရပြီး စစ်အုပ်စုက ကျောင်းသားတွေကို ပထမဦးဆုံး ရက်ရက်စက်စက် အုံနဲ့ကျင်း နဲ့သတ် ပစ် ခဲ့တဲ့ နေ့ အဲဒီနေ့ဟာ အမဲရောင်သွေးစွန်းသောရက် ၇ ဇူလိုင်ဘဲ ဖြစ်တယ်။
၇ ဇူလိုင် အေ၇းတော်ပုံဟာ မြန်မာစစ်အာဏာရှင်တွေရယ်လို့ ဖြစ်ပေါ်လာအောင် အသက်သွင်းခဲ့တဲ့ အာဏာ ရူး ဘုရင်ရူး ဗိုလ်နေ၀င်း အာဏာသိမ်းပြီး ၄လအကြာမှာ စတင်ခဲ့တာပါ၊အပစ်မဲ့တဲ့ ကျောင်းသားတွေကို ရက် ရက်စက်စက်သတ်ပစ်ရလောက်အောင် နယ်ချဲ့ကိုလိုနီလက်ထက်ကပင် အထင်ကရ ဖွဲ့စည်း တည် ဆောက် ခွင့်ရထားတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးရလောက်အောင် ဖြစ်၇တာက နေ၀င်းနဲ့ သူ့နောက်လိုက်စစ်အာဏာရူးတွေရဲ့ တိုင်းပြည်ကို စစ်အာဏာသိမ်းမှုကို ကျောင်းသားတွေက ပြတ်ပြတ် သား သားကန့်ကွက်လို့ပါဘဲ။
အဲဒီလို ကန့်ကွက်လာတော့ ကျောင်းသားတွေအပေါ် အမျက်မာန်ရှတဲ့ နေ၀င်းက ကျောင်းသားတွေရဲ့ အဆောင်စည်းကမ်း တွေကို မတရားတင်းကြပ်မှုတွေလုပ်ပါတော့တယ်၊ဒါကို မခံရပ်နိုင်တဲ့ ကျောင်းသားထုက အဆောင်စည်းကမ်းတွေ လျှော့ပေးဘို့ တောင်းဆို လာပါတယ်။
အာဏာရှင်တွေဘက်ကတော့ လုံးဝမလျှော့ပေးတဲ့အပြင် အာဏာရူး နေ၀င်းက အပ်တိုတချောင်းတောင် မရှိတဲ့ ကျောင်းသားတွေကို ရေဒီယိုအ သံလွှင့်အစီအစဉ်ကနေ ဒေါသမထိမ်းနိုင်ဘဲ ပြောလိုက်တဲ့ စကားက “ဓါးဓါးခြင်း၊ လှံလှံခြင်း ရင်ဆိုင်မယ်” လို့ ပြောခဲ့တဲ့ အတွက် မြန်မာပြည်သူတွေအားလုံး အံ့သြခဲ့ရ တဲ့အထိဖြစ်ခဲ့ရတဲ့အထိပါဘဲ။
ကျောင်းသားတွေအပေါ် ဗိုလ်နေ၀င်းထားတဲ့ အငြိုးဟာ နောက်ဆုံး နိုင်ငံ တော် သမ္မတရာထူးကနေ နှုတ်ထွက် တဲ့ ထိ “စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် မိုးပေါ်ထောင်ပြီး ချောက်တာမပါဘူး” ဆိုတဲ့စကားနဲ့ တပြည်လုံး ကို ငြိမ်းခြောက်ပြီး ပြောခဲ့တဲ့အတိုင်းဘဲ ၈လေးလုံး အရေး တော်ပုံ မှာ ကျောင်းသား၊ရဟန်း၊ ပြည် သူ၊ တွေရဲ့ အသက်တွေကို ရက်ရက်စက်စက်ကို ခြွေယူသတ်ပစ်ခဲ့တဲ့ လူစိတ် ပျောက် နေတဲ့ စစ်ဘီလူး တ ကောင်ဆိုတာ အထူးပြောစရာ မလိုဘူး ထင်ပါ တယ်။
အဲဒီကျောင်းသားသမဂ္ဂကို ဖြိုခွဲရာမှာ မြန်မာ့အသံကနေ တိုက်ရိုက် စီစဉ်ညွှန်ကြားမှုတွေလုပ်ခဲ့တဲ့ ၀န်ကြီး ချုပ်စိန်လွင် အပါအ၀င် သာ ကူး အောင်ကြီး တို့ပါ အဓိက တရားခံတွေမှာ ပါနေပါတယ်၊ ဘာကြောင့် ဒါတွေ ပြောပြရေးပြနေ၇တာလည်း လို့ မေးမယ်ဆိုရင်လည်း ပြောပြစေ၊ သိပြီးတဲ့ လူတွေက သိပြီးပေမယ့် တချို့ မျိုးဆက်သစ်လူငယ်တွေက တကယ့်ကို မသိသေး လို့မေးလာသူ တွေရှိ လို့ သမိုင်း ကြောင်းကို အတိုချုပ်ရေးပြလိုက်ရတာပါ၊
ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့သလို မအအောင် သမိုင်းကို သင်ရမယ်တဲ့ ကျနော်တို့ မျိုးဆက်သစ် ညီငယ်တွေ သမိုင်းကြောင်း အမှန်ကို သိအောင် လေ့လာ ကြပါလို့ တိုက် တွန်း ချင် သလိုသမိုင်းကြောင်း အမွေအနှစ်တွေကို သိပြီး တတ်ပြီး ကြုံတွေ့ခဲ့ကြတဲ့ နောင် တော်များ ရဲဘော်များ ကလည်း မျိုးဆက်သစ်တွေသိရှိဖို့ လက်ဆင့်ကမ်း ရေးကြ၊ ပြောကြဘို့ မေတ္တာ ရပ်ခံ ထိုက်တွန်းလိုက် ပါတယ်။
အမဲရောင်နေ့ရက် ၇ ဇူလိုင်နေ့မှာ အမဲရောင်သင်္ကေသတခုခု မိမိကိုယ်မှာ တပ်ဆင်ပြီး အာဏာရှင်ကို ကန့် ကွက်ကြပါစို့။
ကျောင်းသားသမဂ္ဂ အဆောက်အဦးအား ကျောင်းသားများ ပြန်လည် တည်ဆောက်ခွင့်ရရှိစေရမည်၊
ညီအာဇာနည်။

No comments:
Post a Comment