Friday, July 18, 2008

အတ္တဟိ အတ္တနော နာထော (မိမိ ကိုယ်သာ ကိုးကွယ်ရာ)

"ကယ်တင်ရှင်"

သေချာနေပြီ
သေချာနေခဲ့ပါပြီ
ဒါဟာသေချာနေခဲ့တာ
ဆယ်စုနှစ်ငါးခုရှိခဲ့ပြီ။

ငါတို့ အမှောင်ကျနေခဲ့တာ
ငါတို့ အားလုံးထောင်ကျနေရတာ
မရေရာမှုတွေထဲမှာပဲ သေချာနေခဲ့ပါပြီ။

ဘ၀တွေကျိုးကြေဖရိုဖရဲ
ငါတို့ နေ့ စွဲတွေလည်းအပြိုပြိုအလဲလဲပေါ့။
တခါလောက်တော့ခေါင်းမော့ချင်မိပါရဲ့ 
ငါဟဲ့မြန်မာ…ငါတို့ မြန်မာလို့ လေ
အနိစ္စ မတည်မြဲခြင်းဆိုတာလည်း
ဘာကြောင့်များခုချိန်ထိ
ငါတို့ တွေအတွက်မမှန်သေးတာလဲ။

ကံကြမ္မာကရွဲလွန်းတယ်ကွာ
ငါတို့ လည်းလူတွေပါ
အစာတော့၀၀စားချင်တာသေးပေါ့
ပရော်ဖက်ဆာ အိပ်မက်မက်ချင်သေးတာပေါ့
ကမ္ဘာ့အဆင့်ထိတက် မတ်မတ်ရပ်ပြချင်သေးတာပေါ့။

ငါတို့ ကဘာမှားနေလို့ လဲ
ငါတို့ တွေလေ မွေးကတည်းက
ဘာများချို့ ယွင်းခြဲ့ကလို့ လဲ
ဘယ်သူ့ ကိုများ ငါတို့ ထိခိုက်ပစ်မှားခဲ့လို့ 
ငါတို့ ကိုလှောင်ပိတ်ထားရတာတဲ့လဲ။

ဟောဒီမှာ…
ဆန္ဒတွေသေဆုံး
အနာဂတ်တွေတိမ်ဖုံး
ငါတို့ မျက်လုံးတွေ
ရောင်နီကိုမျှော်နေရလွန်းလို့ 
နီကျင်ဝေမွဲ
ရီချင်စိတ်လည်းမရှိတော့တာ
ငါမှတ်မိသလောက်ဆို
မမှတ်မိနိုင်လောက်အောင်ကြာညောင်းခဲ့။
တကယ်ဆို ဘယ်သူ့ ကိုမှမမုန်းတတ့်တဲ့
အပြုံးသက်သက် ဝေချင်ခဲ့သူတွေပါ။

ငါတို့ ခေတ်ကျမှ
သေနတ်ပြောင်းတွေက ဇာတ်ရှည်လွန်းတယ်
ရတက်အပေါင်းပွေရ ခက်လေလွန်းတယ်။
ဘယ်သူကယ်မှလွတ်မြောက်ရလေမလဲ
ကောက်ချက်ချဆွဲလိုက်တော့
အဲဒီကောင်…အဲဒီကောင်လေ
မသိယောင်ဆောင်လို့ မျက်နှာလွှဲထား
ကြည့်မှန်ထဲကငနဲကို ဘွားခနဲတွေ့ လိုက်တယ်။

မိုဃ်းသွေး
moethway
Generation Wave

http://www.generation-wave.blogspot.com/
http://youthsofthenation.blogspot.com/

မှတ်ချက်။ ။ ညီလေး မောင်မိုဃ်းသွေး ရဲ့ မိမိကိုယ်မိမိ မညှာမတာ ဝေဖန်လိုက်တဲ့ ကဗျာပါခင်ဗျာ။
တော်တော်လည်းရှက်မိပါရဲ့..ကျနော့ မျက်နှာကြီးကလည်း.. အရှက်မရှိ မှန်ထဲမှာဗျာ။ ဓါးနဲ့တောင်လှီးဖို့ ကောင်းနေပြီပေါ့။
ဒို့ ခေတ်ကျမှ ညံ့ကြတော့မှာလား.
ကဲ ပရိဿာတ်တို့ ရေ... မညံ့ချင် မညံ့ကြောင်းပြကြပါစို့ လားဗျာ။ ကိုယ့် အားကိုယ်ကိုး ကျုပ်တို့  ဗမာ မျိုးပါဗျို့ ။ ရဲရင့်ကြပါစို့ ။ ဘာမှကြောက်ကြဖို့ မလို။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်