Friday, December 19, 2008

ကူဝိတ်မြန်မာသံရုံးအတွက် သံရုံးစရိတ်ထောက်ပံ့ကြေး ကူဝိတ်အစိုးရ ကမ်းလှမ်း

NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈


ကူဝိတ်နိုင်ငံတွင် ဖွင့်လှစ်မည့် မြန်မာသံရုံးအတွက် ပထမ (၃) လတာ ကုန်ကျစရိတ်ကို ကူဝိတ်အစိုးရက သံရုံးစရိတ် ထောက်ပံ့ပေးရန် ကမ်းလှမ်းထားသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ကူဝိတ်၏ ကမ်းလှမ်းချက်ကို လက်ခံ မခံ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မြန်မာစစ်အစိုးရသည် ကူဝိတ်တွင် မြန်မာသံရုံးဖွင့်လှစ်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးမြင့်မောင်ကို မကြာခင်က

ကူဝိတ်သို့ စေလွှတ်ခဲ့သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားငွေပြတ်လပ်နေသည့်အတွက် ကူဝိတ်အစိုးရက ပထမ (၃) လအတွက် သံရုံးစရိတ် ထောက်ပံ့ပေးရန် ယခုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအနေဖြင့် ကူဝိတ်အစိုးရကမ်းလှမ်းသည့် သံရုံးစရိတ်ထောက်ပံ့ကြေး လက်ခံမည်ဆိုပါက မျက်နှာပူစရာဖြစ်ကြောင်း သံတမန်တဦးက ခေတ်ပြိုင်သို့ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်