Thursday, December 4, 2008

အလုပ်ရှာဖွေရေး အေဂျင်စီများ အလုပ်ရှာရန် အခက်အခဲဖြစ်

သဲသဲ။ ကြာသပတေးနေ့၊ ဒီဇင်ဘာလ 04 2008 13:46 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့ရှိ ကုမ္ပဏီများ၏ ၀န်ထမ်းသစ် ခန့်ထားမှုသည် လွန်ခဲ့သည့် ၃ လခန့်မှ စတင်ကာ ကျ ဆင်းလာသဖြင့် အလုပ်ရှာသူ ဘွဲ့ရလူငယ်များအတွက် ခက်ခဲလာသည်ဟု ရန်ကုန်အခြေစိုက် အလုပ်ရှာဖွေရေး အေ ဂျင်စီ များက ပြောသည်။

ကုမ္ပဏီများတွင် လုပ်သားသစ် ခန့်အပ်နိုင်သည့် အခြေအနေ လျော့ကျလာမှုနှင့်အတူ၊ ဘွဲ့ရပြီးသော်လည်း လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှု မရှိပါက အလုပ်ပေးရန် ခက်ခဲလာသည့်အတွက် ယခင်နှင့်မတူဘဲ ၃ လအတွင်း အလုပ်ရရှိနိုင်သည့် အခွင့်အလမ်းများ တစထက်တစ ကျဆင်းလာခြင်း ဖြစ်သည်။

"အရင်က လူ ၁၀၀ လောက်ခေါ်ရင်ကို အနည်းဆုံး ၅၀ လောက် (၅၀ ရာခိုင်နှုန်း) ခန့်တယ်။ အခု ကျနော့်ဆီမှာ အလုပ်ရှာတဲ့သူတွေ ၇၀၀၀ နီးပါးကို တကယ်ရတာ ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်" ဟု ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ အလုပ်ရှာဖွေရေး အေဂျင်စီတခုမှ အမှုဆောင်အရာရှိ ဦးအောင်မြင့်က မဇ္ဈိမကို ပြော သည်။

လွန်ခဲ့သည့် ၂ လခန့်မှ စတင်၍ အရှေ့တောင်အာရှ နိုင်ငံအချို့တွင် နိုင်ငံခြားသား အလုပ်သမား လျှော့ချ လာရာ မြန်မာလုပ်သား များလည်း အလုပ်ထုတ်ခံရသဖြင့် ပြည်တွင်းသို့ ပြန်လာရာတွင် လုပ်ငန်းသစ် ရှာဖွေရာ ၌ အခက်အခဲများနှင့် ကြုံရပြန်သည်။

အဆိုပါ အလုပ်သမားများအနေဖြင့် ပြည်တွင်း လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် မလွယ်ကူ ကြောင်း ရန်ကုန်မြို့ရှိ ပြည်တွင်း အလုပ်ရှာဖွေရေး အေဂျင်စီတခုမှ မန်နေဂျင်း ဒါရိုက်တာတဦးကလည်း ပြောဆို သည်။

ယမန်နေ့ထုတ် မြန်မာစစ်အစိုးရ သတင်းစာများတွင်မူ မြန်မာနိုင်ငံ၏ လယ်ယာမြေ လုပ်ငန်းခွင်များ၊ စိုက်ပျိုး ရေး လုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများတွင် အလုပ်သမားများစွာ လိုအပ်နေသည့်အတွက် မြန်မာပြည်သို့ ပြန်လာမည့် အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာရှိကြောင်း ၀န်ကြီးချုပ် သိန်းစိန်၏ ပြောကြားချက်များကို ကိုးကားဖော်ပြထားသည်။

အစိုးရမှယခုလိုပြောဆိုချက်အပေါ် မန်နေဂျင်း ဒါရိုက်တာက "အိုင်တီပညာရှင်က ငါးဖမ်း၊ လယ်ထွန်ဖို့ မလွယ် ဘူး လေ။ business status ချင်းနဲ့ Type of business ချင်းနဲ့က မတူပါဘူး။ ပြည်ပက ပြန်လာ မယ့်သူ တွေအတွက် ဒီလို လုပ်ငန်းခွင်တွေမှာ ၀င်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး" ဟု သုံးသပ်ပြောဆိုသည်။

အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းမှ A.G.T.I အောင်လက်မှတ် ရရှိထားသော စင်္ကာပူရောက် မြန်မာလူငယ် တဦးကလည်း စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ လုပ်ငန်းရပ်ဆိုင်းသဖြင့် အလုပ်ထွက်ရသော်လည်း မြန်မာနိုင်ငံတွင် အလုပ်အကိုင် အဆင်မပြေခြင်းကြောင့် အခြားနိုင်ငံများသို့ ဆက်လက်ထွက်ခွာကာ အလုပ် ရှာရမည့် အခြေအနေရှိနေကြောင်း ယခုလို ပြောသည်။

သူက "ကျနော်တို့ ဟိုမှာ (မြန်မာပြည်) ဘာလုပ်စားမလဲ။ ကျနော်ကတော့ တခြားနိုင်ငံတခုကို ထွက်ဖို့ပဲ စဉ်းစားထားတယ်" ဟု ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်