Tuesday, February 9, 2010

ရန်ကုန်က အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲအခြေအနေ

ဆန္ဒပြနေသည့်နေရာ ---- လှိုင်သာယာ စက်မှုဇုံ ၃၊
၃/၃၆ မင်းကြီးမဟာမင်းခေါင်လမ်း
မြဖက်ရှင် အထည်ချုပ်စက်ရုံ (ထိုင်းလူမျိုးပိုင်ရှင်က)


အလုပ်သမားအင်အား
---- အင်အား ၂၀၀၀ ကျော်

တောင်းဆိုချက်တွေက ----
၁။ လစာ တသောင်း ထပ်တိုးပေးဖို့
၂။ အလုပ်ချိန် လျော့ချပေးဖို့ (လက်ရှိအလုပ်ချိန်က နံက် ၇ နာရီခွဲကနေ ည ၁၁ နာရီခွဲအထိ)
၃။ အလုပ်သမားမားစားသောက်နေထိုင်တဲ့နေရာတွေ သန့်ရှင်းစေဖို့

အလုပ်ရှင်ရဲ့တုံ့ပြန်မှု ---
အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတင်ပြချက်ကို လက်မခံပဲ အာဏာပိုင်တွေကို တိုင်ကြားလိုက်တယ်

နအဖ တုံ့ပြန်မှု --အကြမ်းဖက်ဖြိုခွင်းမည့်ပုံမျိုးရှိနေ။ လုံထိမ်း ၁၀၀၀ လောက် နဲ့ဝိုင်းထားတယ်။ အချုပ်ကား ရဲကား မီးသတ်ကားတွေနဲ့ ပိတ်ဆို့ထားတယ်။
န၀ဒေး လမ်းဆုံဘက်မှာလည်း ပိတ်ဆို့ထားတယ်။ ဆန္ဒပြအလုပ်သမားတွေ အပြင်မထွက်နိုင်အောင်။ အပြင်က ပြည်သူလူထုတွေ လာရောက်မပူးပေါင်းနိုင်အောင် ဖြတ်တောက် ပိတ်ဆို့မှုတွေလုပ်နေတယ်။ သတင်းဆက်သွယ်မှုတွေနှေးကွေးအောင် ဖြတ်တောက်မှုတွေလုပ်နေတယ်။ အင်တာနက်အမြန်နှုံးတွေ လျော့ချထားတယ်။

လတ်တလောအခြေအနေ --အလုပ်ရှင်နဲ့အလုပ်သမား ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတယ်။ သဘောတူညီမှုမရသေး။

ဘေးပတ်ဝန်းကျင်အခြေအနေ --
အနီးအနားက အခြားစက်ရုံများမှာရှိတဲ့ အလုပ်သမားတွေ ဆန္ဒပြပွဲကို ပူးပေါင်းလာကြပြီ။ yes အထည်ချုပ်စက်ရုံ၊ သကြားလုံးနှင့် အခြားလူသုံးကုန်များ စက်ရုံ၊ “အိုဘယ်” အထည်ချုပ်စက်ရုံ၊ စက်ကရိယာပစ္စည်းစက်ရုံ၊ လူသုံးကုန်စက်ရုံ။ သုံးထပ်သား ထုတ်လုပ်ရေးစက်ရုံ အစရှိတဲ့ စက်ရုံများက အလုပ်သမားများ။

(အထက်ပါ သတင်းများကို အချိန်နဲ့တပြေးညီပေးပို့ပေးနေသော ပြည်တွင်းပြည်ပက မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်)

1 comment:

RENGO said...

ဆိုရှယ်လစ် နိုင်ငံ မဟုတ်တော့ဘူး ဟေ့၊ ဈေးကွက် စီးပွားရေး စနစ်ဟ၊ တကမ္ဘာလုံး စီးပွားကျပြီး အလုပ်သမားတွေ လျှော့ဖို့  စဉ်းစားနေချိန်မှာ၊ လျှော့နေချိန်၊ ဒေ၀ါလီခံနေချိန်မှာ စက်ရုံပိတ်သွားပြီး ပြန်သွားမှ အကုန် အလုပ်ပြုတ်မှာ။ ရွေးကောက်ပွဲ ပျက်အောင် လုပ်ဖို့  ဒီမိုဟန်ဆောင် ကွန်မြူနစ်တို့ ရဲ့  အာဏာရရှိရေး ပရောဂျက်ကြီးမှန်း အသိသာကြီး။

Post a Comment

ယခင် သတင်းများ ဖတ်ရန်