ဒေါ်စုကို ပထုတ်သည့်အပေါ် အမေရိကန် ဝေဖန်
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၂ မိနစ် .
ချင်းမိုင် ။ ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေ ထုတ်၍ တားဆီးလိုက်ခြင်းသည် လက်ခံနိုင်စရာ မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell က ပြောသည်။
“ကျနော်တို့ကတော့ သူပြန်လွတ်မြောက်ပြီး မြန်မာ့နိုင်ငံရေးမှာ အပြည့်အဝ ပါဝင်ခွင့်ပြုရမယ်ဆိုတဲ့ မူပေါ်မှာပဲ ဆက်ပြီး ရပ်သွားမှာပါ” ဟု အရှေ့တောင်အာရှ ခရီးစဉ် တစိတ်တပိုင်းဖြစ်သော မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ယနေ့ သတင်းစာရှင်းပွဲ တခု၌ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သတင်းစာများမှ ယနေ့ထုတ်ပြန်သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” အခန်း ၁၊ ပုဒ်မ ၂ (ဌ) နှင့် အခန်း ၂၊ ပုဒ်မ ၄ အရ “ထောင်ဒဏ် ကျခံနေရသူ” ဖြစ်လျှင် နိုင်ငံရေးပါတီ တခု၌ပင် ပါဝင်ခွင့်မရှိဟု ဖော်ပြထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်တော့ခြင်း ဖြစ်သည်။
မစ္စတာကမ်းဘဲလ်နှင့် သူ၏ လက်ထောက် အာဆီယံရေးရာ သံတမန် စကော့ မာစီယယ် (Scot Marciel) တို့သည် ယခင်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ရောက်ရှိခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများသာမက စစ်အစိုးရဝန်ကြီးချုပ် အပါအဝင် အရာရှိများအား တွေ့ဆုံ၍ နိုင်ငံရေးကိစ္စများ ဆွေးနွေးခဲ့သည်။
ယင်းမှအပြန် ဘန်ကောက်မြို့ သတင်းစာရှင်းပွဲ၌ ''ငြိမ်းချမ်းတည်ငြိမ်ပြီး ညီညွတ်သော နိုင်ငံကို တည်ဆောက်လိုလျှင် စစ်အစိုးရနှင့် နိုင်ငံရေးပါတီများ၊ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးသည်သာ တခုတည်းသော လမ်းဖြစ်သည်'' ဟု စကော့ မာစီယယ်က ပြောခဲ့ သည်။
စစ်အစိုးရကမူ တွေ့ဆုံဆွေးနွေးရန် စိတ်ပါဝင်စားခြင်း မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ကိုလည်း ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့် အညီ ပြဋ္ဌာန်းခြင်း ဖြစ်သည်ဟုပင် ဆိုသည်။
NLD ပါတီနှင့် အတိုက်အခံ တိုင်းရင်းသား နိုင်ငံရေးပါတီများကမူ ယင်းဖွဲ့စည်းပုံသည် ပြည်သူအများစု၏ ဆန္ဒနှင့် မညီဟုဆို၍ ပြန်လည်သုံးသပ်ရန် တောင်းဆိုနေကြသည်။
အခြေခံဥပဒေပါ ပုဒ်မ ၄၄၅ အရ စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို နောက်တက်မည့် အစိုးရက တရားစွဲနိုင်ခြင်း မရှိစေရန် တားမြစ်ထားခြင်း၊ မြန်မာပြည် နိုင်ငံရေးတွင် စစ်တပ်က ဦးဆောင်ရမည် ဆိုသည့် အခြေခံမူ၊ ပုဒ်မ ၅၉ အရ နိုင်ငံတော်သမ္မတသည် စစ်တပ်မှ အငြိမ်းစားသာ ဖြစ်ရမည်ဟု ဆိုထားခြင်း၊ ပုဒ်မ ၄၁၃ အရ သမ္မတအား လိုအပ်လျှင် စစ်တပ်က အာဏာသိမ်းခွင့် ပြုထားခြင်းတို့ကို ဥပမာအဖြစ် ထောက်ပြကြသည်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” အခန်း ၂၊ ပုဒ်မ ၆ (ခွဲ) ဂ အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ဝန်ခံချက်ရေးထိုးမှသာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရမည် ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးသည် အကျဉ်းအကျပ်ထဲ ရောက်သွားစေသည်ဟု လေ့လာနေသူများက သုံးသပ်ကြသည်။
ရွေးကောက်ပွဲဥပဒေ မထုတ်မီ ရက်ပိုင်းအလို၌ပင် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုမှသာ ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံနိုင်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာပေးပို့ခဲ့သေးသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် ယခင်လက ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံ မစ္စတာကွင်တားနားကလည်း နိုင်ငံတကာ အဆင့်မမီသော ၁၉၇၄ ခု ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားသည်မှာ တရားမျှတမှု မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် စစ်အစိုးရကမူ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” အတွင်း၌ ၁၉၉၀ ခု ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတ ၏ ဥပဒေအမှတ် ၄/၈၈ အရ တည်ရှိနေသော နိုင်ငံရေးပါတီများ အနေဖြင့် တရားဝင် ဆက်လက်ရှင်သန်နိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်အသစ်သို့ ယခုလ ၈ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း လျှောက်ထားရမည်ဟု ထည့်သွင်းလိုက်ပြီး NLD နှင့် တိုင်းရင်းသားပါတီများကို ရက်ကန့်သတ်ပေးလိုက်ပြီး ဖြစ်သည်။
သို့သော် နအဖ၏ ဥပဒေများအတွင်း၌ ရွေးကောက်ပွဲ ကော်မရှင်ဟောင်းကို ဖျက်သိမ်းလိုက်ကြောင်းသာ ပါဝင်ပြီး ကော်မရှင်အသစ်ကို မည်သည့်အချိန် ဖွဲ့စည်းမည်ကိုမူ ထည့်သွင်းထားခြင်း မတွေ့ရသောကြောင့် ရက်ပေါင်း ၆၀ မပြည့်မီ ဆက်သွယ်လိုလျှင်ပင် မည်သို့ ပြုလုပ်ရမည်မှာ ရှင်းလင်းမှု မရှိကြောင်း တက်ကြွလှုပ်ရှားသူများက ဝေဖန်နေကြသည်။
http://www.mizzimaburmese.com/news/world-news/4999-2010-03-10-11-36-34.html
Wednesday, March 10, 2010
ကြားကြားဘူးပေါင်..ဒီလောက်မတရားတဲ့ ဥပဒေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
- NLD က စစ်အစိုးရကို တရားစွဲပြီ
- မြန်မာ၏ အလင်းမဲ့အနာဂတ်..
- ရေပြတ်လပ်မှုနဲ့  မြန်မာနိုင်ငံ
- STOP!..Burmese Genocide
- ကျွန်စံနစ်..ပြန်အသစ်စနေကြပြီ။
- ခွေးဝဲစားတွေကို သင်တန်းပေးနေကြပြီ..
- ချုပ်ချုပ်ကြီး..မာမီရွှေ စစ်ဘောင်းဘောင်းချွတ်ပြီတဲ့
- မတွေဝေနဲ့ တော်လှန်ရေးလုပ်ပါ။
- NLD မှ နအဖ ဥက္ကဌ ထံ ပေးစာ
- ဗမာစစ်တပ် အရာရှိများ ရာထူး ပြောင်းရွှေ့ (အရပ်သားလုပ...
- ဒို့ တော့ နဖါးကြိုးအသျှိုမခံနိုင်ပါ
- ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းထံ...
- သင် သမိုင်းရဲ့တရားခံဖြစ်လိုသလား...(အောင်ဆန်းစုကြည်...
- ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး အတွက် မ...
- ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း
- နအဖ စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲနှင့် ဗလာနတ္ထိ...
- နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ
- ဒို့ ကျောင်းသားသွေးတွေ မခြောက်သေးဖူး..မမေ့ကြနဲ့ 
- ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမည့် တည်ဆဲ ...
- ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ မြန်မာနိုင်ငံမှ တရုတ်နို...
-ုခြင်္သေ့ နိုင်လေလေ..မြန်မာမတွေကို တရုတ်တွေ ၀ါးလေလေဘဲ
- Voice of Burma Issue No.754
- ရှင်းတမ်း(၂) (ကျော်သူ)
- ကွဲချင်သလား..ခွဲချင်သလား..ကျားဆွဲသွားမယ်..
- မိတ္ထီလာမြို့ နယ် NLD ကတော့ ပြတ်သားတယ်
- (၄)ကြိမ်မြောက် ABMA ဂျာနယ်ဖြန့်ဝေ
- သောက်ကျိုးနည်းဗျာ..ထမင်းရည်ဇလုံဘေးမှာ ခွေးဝဲစားတွေ...
- 21th Mar 2010 - MoeMaKa Daily
-
▼
March
(335)
No comments:
Post a Comment