မရောက်တာအတော်ကြာပြီဖြစ်တဲ့ တပည့်ကျောင်းသူဟောင်း ငါးယောက်အတူ ရောက်လာကြပါ တယ်။ ဘယ်ပျောက်နေကြတာလဲ၊ မလာတာကြာပြီလို့ ပြောလိုက်တော့ ခပ်သွက်သွက်တစ်ယောက်က'' ဆရာမကြိုက်တဲ့ အလုပ်တွေလုပ်နေကြ တာလေ''လို့ ၀င်ပြောလိုက် ပါ တယ်။
အတ္တအတွက်လုပ်သူတွေကိုပြောတာ
''ဆရာမကြိုက်တဲ့ အလုပ်ဆို တာ ဘာများပါလိမ့်။ ပရဟိတအလုပ်တွေပေါ့ ဆရာရဲ့။ အလိုလေး စကားကို ရှင်းအောင်ပြောပါကွယ်။ ပရဟိတအလုပ်ကို မကြိုက်ဘူးလို့ တစ်ခါမှမပြောဖူးဘူး။ဆရာပဲ NGO အလုပ်တွေဟာ အတ္တအတွက် လုပ်တဲ့ ပရဟိတအလုပ်တွေလို့ ရေးခဲ့ပြီးတော့''
''အတ္တအတွက် လုပ်သူတွေကို ပြောတာပါကွယ်။ ပရဟိတစစ်စစ်လုပ်တဲ့သူတွေကို ပြောတာ မဟုတ် ပါဘူး။ နေပါဦး မင်းတို့ကဘာတွေ လုပ်နေကြလို့လဲ''
''ကလေးတွေ လိုက်စာသင် တယ်။ စာကြည့်တိုက်တွေ ထောင်ပေးတယ်။ ကြွပ်ကြွပ်အိတ်တွေ မသုံးဖို့ ဆော်သြတယ်''
'' ဒါတွေကကောင်းတာတွေပဲ။ ဆရာမကြိုက်တာတွေမဟုတ် ပါဘူး''
သိသားပဲ။ တမင်သက်သက် ပြောလိုက်တာ''
ဆိုင်းဘုတ်မတပ်တဲ့သူတွေ NGO လုပ်စားတဲ့အကြောင်းတွေ ရေးခဲ့ဖူးတာသိလို့ တပည့်တွေ က တမင်ကျီစယ်လိုက်တာပါ။ သူတို့တတွေက သင်တန်းတက်နေတဲ့ကာလ တက္ကသိုလ်ကျောင်းသူ ဘ၀ကတည်းက လူမှုဝန်ထမ်း အလုပ်တွေ စိတ်ဝင်စားသူတွေ ဖြစ်ကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ စာသွားသင်ကြ၊ ဘိုးဘွားရိပ်သာသွားပြီး လုပ်အားပေးကြ၊ မိဘမဲ့ဂေဟာက ကလေး တွေအတွက် အင်္ကျီအ၀တ်အစားတွေ စုဆောင်းကြနဲ့ တက်တက်ကြွ ကြွလုပ်ခဲ့ကြသူတွေဖြစ်တယ်။ ကျောင်းပြီးလို့ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်တွေထဲ ရောက်သွားကြတော့လည်း နီးစပ်ရာသူငယ်ချင်းတွေ စုပြီးတတ်နိုင်သလောက် ဆက်လုပ်ကြတယ်။ နာဂစ်ဘေးဆိုး ကြီးကျ ရောက်လာတော့ သူတို့ ပိုစုစည်းမိသွားပြီး ပရဟိတအလုပ်တွေကို ပုံမှန်လုပ်ဖြစ်နေကြတယ်။ အ၀န်းအ၀ိုင်းကလေး လည်း ပိုပြီးကျယ်ပြန့် ကြီးမားလာခဲ့တယ်။ ဒါပေမယ့် ဘာအဖွဲ့အစည်းဆိုင်းဘုတ်မှမတပ် ပါဘူး။ ခေါင်းဆောင်တို့ ဥက္ကဋ္ဌ အတွင်းရေးမှူးတို့ လည်း မရှိပါဘူး။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေစု ပြီး တိုင်ပင်လုပ်ကိုင်ကြတာပဲဖြစ်တယ်။
ဂရန့်နဲ့ ပရိုပိုဆယ်
သူတို့အဖွဲ့က ဆိုင်းဘုတ်တပ် မထားပေမယ့် တော်တော်လေး အလုပ်လုပ်ကြတာဖြစ်လေတော့၊ တဖြည်းဖြည်းနဲ့ လူသိများလာ ပါတယ်။ အထူးသဖြင့် နာဂစ်ဒေသတွေမှာ သွားလာလုပ်ကိုင်ကြတော့ အဖွဲ့အစည်းပေါင်းစုံက သူတို့ကိုသိလာ ကြတယ်။ အခုသူတို့တတွေ ရောက်လာကြတာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်ချင်ကြလို့ဖြစ်တယ်။ အဖွဲ့ အစည်းတချို့က သူတို့ကိုလာရောက် ဆက်သွယ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့၊ သူတို့ဆီက''ဂရန့်'' (Grant) လို့ ခေါ်ကြတဲ့ ထောက်ပံ့မှုလက်ခံပြီး ကျယ်ကျယ်ပြန့်ပြန့်ထိထိ ရောက်ရောက် ဆောင်ရွက်ဖို့ ကမ်းလှမ်းကြတယ်လို့ဆိုပါတယ်။ ကိုယ်ဘာလုပ် ချင်တယ်ဆိုတဲ့ လုပ်ငန်းစီမံချက် ''ပရိုပိုဆယ်''ရေးပြီး တင်ပြရင် သူတို့က ''ဂရန့်'' ချပေးမယ်လို့ ပြောကြောင်း ရှင်းပြကြတယ်။
ပြည်တွင်းက အီလစ်တွေနဲ့ နိုင်ငံခြားက မြန်မာအီလစ်တွေ ပေါင်းပြီး အင်ဂျီအိုလုပ်စားတာက ကိစ္စမရှိဘူး။ သူတို့ကလူငယ်လေးတွေကို စည်းရုံးသိမ်းသွင်းပြီးအသုံးချနေကြတာဖြစ်လို့ လူငယ်တွေပါ ''လုပ်စား''တဲ့ အတတ်ကိုအဟုတ် မှတ်သွားကြမယ့် အန္တရာယ်ရှိပါ တယ်။ . . . အင်ဂျီအို လုပ်မစားသူတွေတော့ နာစရာမရှိပါဘူး။
မျောက်ဖြစ်ခံကြတော့မှာလား
''သူတို့ဂရန့်နဲ့ဆိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မလားလို့ စဉ်းစားမိကြတယ်။ အဲဒါကြောင့် ဆရာ့ ဆီလာတိုင်ပင်တာပါ''
''မင်းတို့မျောက် အဖြစ်ခံကြတော့မှာပေါ့လေ၊ အခုတောင် အမြီးလေးတွေထွက်စပြုနေပြီလား၊ မေး ကြည့်ကြပါဦး''
''မျောက်ပြဆန်တောင်း မလုပ်တဲ့ အင်ဂျီအိုတွေလည်းရှိပါတယ်။ ဆရာရဲ့''
''ရှိပါတယ်။ မန္တလေးဗြဟ္မစိုရ် ကစလိုက်ပြီး တစ်ပြည်လုံးမြို့ရွာအနှံ့ ပေါ်ထွက်လာတဲ့နာရေးကူညီမှုအသင်းတွေ၊ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ၊ အေ့ဒ်စ်ရောဂါပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေရှိပါတယ်။ အဲဒါတွေ အားလုံးလိုလိုဟာ ပြည်တွင်းက မြန်မာလူမျိုးတွေရဲ့ လှူဒါန်းမှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေကြတာချည့် ပါပဲ။ ဘယ်သူ့ဆီက ''ဂရန့်''တွေမှ မယူပါဘူး''
သဒ္ဓါတရားကြီးမားတဲ့လူမျိုး
အဲဒါအမှန်ဖြစ်ပါတယ်။ မန္တလေးဗြဟ္မစိုရ်ဆိုတာ အမေလူထုဒေါ်အမာ ကိုယ်တိုင်နာယကအဖြစ် ဦးဆောင်နေတာဆိုတော့၊ ကူညီပါရ စေဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေမနည်းပါဘူး။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက် ကမ်းလှမ်းကြပါတယ်။ ဒါပေမယ့်ဗြဟ္မစိုရ်ကဘယ်သူ့ဆီက ''ဂရန့်'' ကိုမှ လက်မခံပါဘူး။ မြန်မာ လူမျိုးတွေလှူကြတမ်းကြတာတွေနဲ့ပဲ ရပ်တည်ခဲ့ပါတယ်။ ရှေ့က မှန်မှန် ကန်ကန် ရိုးသားပွင့်လင်းစွာလုပ်ပြနိုင်ရင် အင်မတန်စေတနာသဒ္ဓါ တရားထက်သန်ကြီးမားတဲ့ မြန်မာလူမျိုးများဆီက အလှူငွေတွေဟောကနဲ ဟောကနဲ ၀င်ရောက်လာတာ အံ့သြစရာတောင်ကောင်းလှပါတယ်။ အခုဆိုရင် ဗြဟ္မစိုရ်ဟာ နာရေးကူညီ ရုံသာမက ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းတွေပါ အရှိန်အဟုန်ကြီး ကြီးမားမားနဲ့ ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။
အင်ဂျီအိုပွဲစားတွေ
အင်ဂျီအိုတွေနဲ့ပတ်သက်ပြီး မကြာမကြာ ပြင်းပြင်းထန်ထန်ရေးနေရတဲ့အကြောင်းက နာဂစ်ကိုအကြောင်း ပြုပြီး ဘီလျံနာဖြစ်လောက် တဲ့အထိ လုပ်စားသွားသူတွေ တစ်ယောက်ပြီး တစ်ယောက် မျက်စိအောက်မှာ မြင်တွေ့နေရလို့ဖြစ်တယ်။ ဒီအကျင့်က ရန်ကုန်လို မြို့ကြီးပြကြီးက လူငယ် တွေအထိ ကူးစက်ပျံ့နှံ့နေတာ လည်းတွေ့နေရတယ်။ အကြောင်း အမျိုးမျိုးပြ၊ အမည်အမျိုးမျိုး တပ်တဲ့ ဆိုင်း ဘုတ်တွေ ရန်ကုန် မှာ အတော်များနေပါပြီ။ တကယ်တော့ မြန်မာတွေကမျောက် အဖြစ် အသုံးချခံရတာပါ။ နိုင်ငံခြားသား တွေက သူတို့ ကိုပြပြီး တစ်ဖက်မှာ အလှူခံကြတာဖြစ်တယ်။ သူတို့ရတဲ့အလှူငွေထဲက မဖြစ်စလောက် အစွန်းထွက်လေးကိုပေးပြီး ပြည်တွင်းကလူ တွေ ကို အလုပ်လုပ်ခိုင်းကြတယ်။ ပြည်တွင်းက မြန်မာနဲ့ နိုင်ငံခြားသားတွေကို ပွဲစားလုပ်ပြီး ချိတ်ဆက်ပေးတာကတော့ အကြောင်း အမျိုးမျိုးပြပြီး နိုင်ငံခြား ရောက်နေကြတဲ့ မြို့ကြီးသား ပညာတတ်လူတွင်ကျယ် ''အီလစ်'' တွေဖြစ်ပါတယ်။ အဲဒီလို ''အင်ဂျီ အိုပွဲစား'' အီလစ်တွေ ဒီဘက်ပိုင်းမှာ တော်တော်များလာတာ တွေ့ရ တယ်။ ပွဲခမျက်မျက်ကလေးရကြတာကိုး။
မကောင်းတဲ့နမူနာမပြနဲ့
ပြည်တွင်းက အီလစ်တွေနဲ့ နိုင်ငံခြားက မြန်မာအီလစ်တွေ ပေါင်းပြီး အင်ဂျီအိုလုပ်စားတာက ကိစ္စမရှိဘူး။ သူတို့က လူငယ်လေးတွေ ကို စည်းရုံးသိမ်းသွင်းပြီး အသုံးချနေကြတာဖြစ်လို့ လူငယ်တွေပါ ''လုပ်စား''တဲ့ အတတ်ကို အဟုတ် မှတ်သွားကြမယ့် အန္တရာယ်ရှိပါ တယ်။ အဲဒါကြောင့် တပည့်မ ငါးယောက်ကို လူငယ်လေးတွေ အတွက် မကောင်းတဲ့ နမူနာမပြမိ ကြစေဖို့ ဘယ်သူ့ဆီက''ဂရန့်'' မှ လက်မခံပါနဲ့။ ဘာ ''ပရို ပိုဆယ်''မှ မတင်ပါနဲ့လို့ ပြောလိုက်တာဖြစ်တယ်။ ဘာမှမသိဘဲ''၀ါးလုံးရှည် နဲ့ သိမ်းကျုံးရိုက်တာမဟုတ်ဘူး။ ၀ါးလုံးရှည်နဲ့သိမ်းကျုံးယမ်းလို့တောင် မနိုင်အောင်ဖြစ်နေကြလို့ ပြောတာဖြစ်တယ်။ ပြည်တွင်း ပြည်ပက မြန်မာအီလစ်တွေခေါင်း ပေါ်တင်ပြီး ကိုးကွယ်ဆည်းကပ်နေကြတဲ့ သူတို့ရဲ့ဆရာသခင်နိုင်ငံခြားသား အတော်များများကိုပါ ရင်းရင်း နှီးနှီးသိကျွမ်းနေတာကြောင့် ''ဂရန့်''ဆိုတာတွေရဲ့ အရင်းအမြစ်တွေထိ ကောင်းကောင်းကြီးသိနေလို့ ပြောလိုက်တာပါ။
အင်ဂျီအို လုပ်မစားသူတွေတော့ နာစရာမရှိပါဘူး။
Monday, March 15, 2010
'၀ါးလုံးရှည်နဲ့ ယမ်းလို့တောင် မနိုင်အောင်ဖြစ်နေလို့' (လူထုစိန်ဝင်း )
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
- NLD က စစ်အစိုးရကို တရားစွဲပြီ
- မြန်မာ၏ အလင်းမဲ့အနာဂတ်..
- ရေပြတ်လပ်မှုနဲ့  မြန်မာနိုင်ငံ
- STOP!..Burmese Genocide
- ကျွန်စံနစ်..ပြန်အသစ်စနေကြပြီ။
- ခွေးဝဲစားတွေကို သင်တန်းပေးနေကြပြီ..
- ချုပ်ချုပ်ကြီး..မာမီရွှေ စစ်ဘောင်းဘောင်းချွတ်ပြီတဲ့
- မတွေဝေနဲ့ တော်လှန်ရေးလုပ်ပါ။
- NLD မှ နအဖ ဥက္ကဌ ထံ ပေးစာ
- ဗမာစစ်တပ် အရာရှိများ ရာထူး ပြောင်းရွှေ့ (အရပ်သားလုပ...
- ဒို့ တော့ နဖါးကြိုးအသျှိုမခံနိုင်ပါ
- ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းထံ...
- သင် သမိုင်းရဲ့တရားခံဖြစ်လိုသလား...(အောင်ဆန်းစုကြည်...
- ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး အတွက် မ...
- ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း
- နအဖ စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲနှင့် ဗလာနတ္ထိ...
- နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ
- ဒို့ ကျောင်းသားသွေးတွေ မခြောက်သေးဖူး..မမေ့ကြနဲ့ 
- ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမည့် တည်ဆဲ ...
- ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ မြန်မာနိုင်ငံမှ တရုတ်နို...
-ုခြင်္သေ့ နိုင်လေလေ..မြန်မာမတွေကို တရုတ်တွေ ၀ါးလေလေဘဲ
- Voice of Burma Issue No.754
- ရှင်းတမ်း(၂) (ကျော်သူ)
- ကွဲချင်သလား..ခွဲချင်သလား..ကျားဆွဲသွားမယ်..
- မိတ္ထီလာမြို့ နယ် NLD ကတော့ ပြတ်သားတယ်
- (၄)ကြိမ်မြောက် ABMA ဂျာနယ်ဖြန့်ဝေ
- သောက်ကျိုးနည်းဗျာ..ထမင်းရည်ဇလုံဘေးမှာ ခွေးဝဲစားတွေ...
- 21th Mar 2010 - MoeMaKa Daily
-
▼
March
(335)
No comments:
Post a Comment