Wednesday, March 17, 2010

အနားပဲ့ တမင်းရည်အင်တုံ..ခွေးလုနေတဲ့ပွဲ..မွဲချင်တဲ့သူ ၀င်တိုးချင်တိုးပေါ့်

ဘာပါတီတွေ ညာပါတီတွေ..ဘာနာမည်တွေ တတ်ပြီး ဘယ်သူက မဲ ထည့်မယ်တော့မသိပါခင်ဗျား..
ရှိနေတဲ့ ခွေးအဖွဲ့ ဝင် ၀န်ကြီးတွေအားလုံး မတ်လ ၃၀ ရက်နေ့မှာ သတ်မှတ် နယ်မြေတွေကို မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းများအဖြစ် သွားရောက်ကြရမှာဖြစ်ပါတယ်။ လစ်လပ်ဝန်ကြီးများနေရာကို ဒုတိယ ၀န်ကြီးများက တာဝန်ယူပေးမှာဖြစ်ပြီး ရွေးကောက်ပွဲမ၀င်တဲ့ ၀န်ကြီးများက နီးစပ်ရာ ဌာနများကို ပေါင်းစည်း ကွပ်ကဲကြရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ဝန်ကလည်း..ငါးရံ့ပြာလူး..ဆတ်ဆတ်လူးပြီး အရွေးခံဖို့  ကြံဖွတ်တွေနဲ့  တိုင်ပင်နေလေရဲ့ ဗျား..သူရဲ့ ဂုံသွားရည်ရှိ မြို့ တော်ပျက်ဝန်ကြီး.နေရာကိုတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ခေတ္တမြိှု့တော်ဝန်အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။
ဦးသုဝေတို့  ဒေါ်ချိုချိုကျော်ငြိမ်း ကိုကြီးနုရဲ့သမီး သန်းသန်းနု အေးလွင်တို့  အရူး ညီအကိုတွေကတော့ လွှတ်တော်ထဲဝင်ဖို့ အရေး ခွေးကတက်က အပေါက်ဝ မှာ..ခွေးတွေ ကြားကနေ တဖြဲ နှစ်ဖြဲ..တိုးရမဲ့အကြောင်း..သတင်းပို့ ကြောင်းပါခင်ဗျား။

(၁)ဦးအောင်သောင်း မကွေးတိုင်း
(၂)ဦးစိုးသာ ရန်ကုန်တိုင်း
(၃)ဗိုလ်ချုပ်သိန်းဆွေ ရခိုင်ပြည်နယ်
(၄)ဗိုလ်မှူးချုပ်လွန်းသီ ရန်ကုန်တိုင်း
(၅)ဗိုလ်မှူးချုပ် စိုးနိုင် ဧရာဝတီတိုင်း
(၆)ဗိုလ်ချုပ်လှထွန်း မကွေးတိုင်း
(၇)ဗိုလ်မှူးချုပ်သိန်းဇော် ကချင်ပြည်နယ်
ှ(၈)ဗိုလ်ချုပ်တင်ထွဋ် ဧရာဝတီတိုင်း
(၉)ဗိုလ်ချုပ်သူရအေးမြင့် ဧရာဝတီတိုင်း
(၁၁)ဗိုလ်မှူးချုပ်ကျော်ဆန်း စစ်ကိုင်းတိုင်း
(၁၂)ဗိုလ်မှူးချုပ်သိန်းအောင် ဧရာဝတီတိုင်း
(၁၃)ဗိုလ်မှူးချုပ်အုန်းမြင့် ဧရာတီတိုင်း
(၁၄)ဗိုလ်မှူးချုပ်အောင်သိန်းလင်း ရန်ကုန်တိုင်း
(၁၅)ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း ရန်ကုန်တိုင်း

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်