Friday, March 5, 2010

အစုတ်ဈေးကွက်..အ၀ယ်သွက်နေဆဲ

ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း

Friday, 05 March 2010 18:19 ဧရာဝတီ

ရုရှားနှင့် တရုတ် နိုင်ငံတို့က ၂၀၁၀ ခုနှစ်အတွင်း အရပ်ဘက်သုံးခရီးသည်တင် လေယာဉ်နှင့် ကုန်တင် လေယာဉ်များ မြန်မာ နိုင်ငံသို့
ရောင်းချမည် ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြသည်။

ရုရှားမှ ယူနိုက်တက် လေယာဉ် ကော်ပိုရေးရှင်း (United AircraftCorporation – UCA) က Antonov-148 (An-148) နှစ်စီးနှင့် တရုတ်အမျိုးသားလေကြောင်းနည်းပညာ သွင်းကုန် ထုတ်ကုန် ကော်ပိုရေးရှင်း (China NationalAero-Technology Import and Export Corporation – CATIC) က MA 60 ကုန်တင် လေယာဉ် သုံးစီးတို့ကို ယခုနှစ်အတွင်း မြန်မာသို့ ရောင်းချမည်ဟု ရုရှားမှ
အီတာတာစ် သတင်းဌာနှင့် Flightglobal ဝက်ဘ်ဆိုဒ်တို့က အသီးသီးဖော်ပြသည်။

An-148 သည် ခရီးတိုပြေးအမျိုးအစားဖြစ်ပြီး ခရီးသည် ၉၀ ဆံ့သည်။ အများဆုံးပျံသန်းနိုင်သည့်နှုန်းမှာ ကီလိုမီတာ ၅,၀၀၀ ဖြစ်ပြီး အမြန်နှုန်းမှာတနာရီလျှင် ၈၂၀ မှ ၈၇၀ ကီလိုမီတာ ဖြစ်သည်။ An-148 တစီး၏ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း၂၀ ခန့် ဖြစ်သည်။ ထိုရုရှားကော်ပိုရေးရှင်းမှပင် အီရန်နှင့် ကျူးဘားတို့က An-148 များမှာယူဖူးသည်။

၂၀၀၉ ခုနှစ်အတွင်း ရုရှားက မြန်မာသို့ ယူရိုသန်း ၄၀၀ (အမေရိကန်ဒေါ်လာ သန်း၅၇၀) နီးပါး တန်ဖိုးရှိမည့် MiG-29 ဂျက်တိုက် လေယာဉ် အစီး ၂၀ ရောင်းချမည့်စာချုပ်တရပ် ချုပ်ဆိုခဲ့သည်။

ယခုနှစ် စက်တင်ဘာတွင် မြန်မာသည် တရုတ် ကော်ပိုရေးရှင်းမှ လေယာဉ်များရရှိမည်ဖြစ်ပြီး တရုတ်အစိုးရ၏ ချေးငွေ အစီအစဉ် အကူအညီဖြင့်ဝယ်ယူမည်ဖြစ်သည်ဟု Xi'an Aircraft Industrial Corporation ကို ကိုးကား၍ Flightglobal ဝက်ဘ်ဆိုဒ် က ဖော်ပြသည်။ မြန်မာနိုင်ငံတွင်အိုဟောင်းနေပြီဖြစ်သော ဖော်ကာ F27 များကို သုံးနေရဆဲ ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
ဧရာဝတီ မှ

1 comment:

Tun Lin said...

အစုတ်မဟုတ်ပါ Ukrainian မှာတောင် ပြည်တွင်း ခရီးစဉ် အတွက် ၂-၆-၂ဝဝ၉ မှာ စသုံးပါသည်။ အပြည့်အစုံ ကို ဖတ်ကြည့်ပါ။

Antonov An-148

The Antonov An-148 (Ukrainian: Антонов Ан-148) is a regional jet aircraft designed by the Ukrainian aircraft firm Antonov. In December 2006 the An-148 completed certification testing and on February 26, 2007 received its type certificate with the Motor Sich D-436-148 engines [2] and AI-450-MS Auxiliary Power Unit, a variant of the -9 APU series [3], from the Interstate Aviation Committee Aviation Register (IAC AR)[4]. There are plans to certify this airplane according to Joint Aviation Authorities JAR-25 standards, as the existing certification have already been designed to meet the ICAO Ch. 4 (noise and environmental requirements) as well as the established Western European airworthiness rules [5].

An-148 is currently produced by Kyiv Aircraft Plant AVIANT, Ukraine, and Voronezh Aircraft Production Association, Russia. Ukrainian Aerosvit Airlines started using An-148 on scheduled domestic flights on 2 June 2009.

On December 13, 2009 the An-148 made its first international commercial flight, from Odessa to Moscow (Sheremetyevo), previously the air-plane was only used on domestic routes in Ukraine. From July 2, 2009 until the beginning of December 2009, the aircraft made more than 460 flights carrying a total of 21,000 passengers.[6]. On December 24, 2009, the An-148 was officially presented as an aircraft in regular domestic service in Russia after the Rossiya St. Petersburg-LED-Moscow-DME flight. More at

http://en.wikipedia.org/wiki/Antonov_An-148

Post a Comment

ယခင် သတင်းများ ဖတ်ရန်