ခုတစ်လောစစ်ချီသံတွေ၊ တိုက်ပွဲခေါ်သံတွေတရုပ်နယ်စပ်ဘက်မှာ ကြားရတာ တော်တော်လေးစိပ်လာတယ်။ နောက်ဆုးံကြားရတဲ့ သတင်းအရဆိုရင် တင့်ကားတွေတောင်နယ်စပ်ကို ပို့နေပြီဆိုဘဲ။ တစ်ဘက်နဲ့တစ်ဘက်စစ်အင်အားတွေပြကြ၊ စစ်ရေးပြင်ကြနဲ့တိုင်းရင်းသားပြည်သူတွေကတော့ ကျီးလန့်စားစားဖြစ်နေကြရရှာတယ်။
ကျွန်တော်ကတော့မြန်မာစစ်တပ်ကိုဘယ်အဖွဲ့နဲ့မှစစ်မတိုက်စေချင်ပါဘူး။ စစ်ကျွန်အကြပ်တပ်သားတွေကိုသနားလွန်းလို့ပါ။ စစ်ပွဲတို့ရဲ့ထုးံစံအတိုင်းထိခိုက်ကျဆုးံမှုဆိုတာရှိစမြဲပါ။ ခြေပြတ်သွားတဲ့ရဲဘော်တွေဟာ နေ့စဉ်လှုပ်ရှားသွားလာဖို့မရှိမဖြစ် လိုအပ်တဲ့ ခြေတုလေးတစ်ဖက်ရဖို့နှစ်နဲ့ချီပြီး စောင့်ရပါတယ်တဲ့ခင်ဗျာ။
အောက်ကပုဆိုးစုပ်၊ အပေါ်ကစစ်အင်္ကျီအနွမ်း၊ ကျိုင်းထောက်လေးနဲ့ ဘတ်စကားတိုးစီးနေတဲ့ခြေပြတ်လက်ပြတ် ရဲဘော်လေးတွေ၊ လင်တော်မောင်ရဲ့ ပင်စင်လစာမစို့မပို့မို့ရပ်ကွက်တစ်ကာ လှည့်ပြီးအဝတ်လျှော်၊ အိမ်ဖော်နောက်ဆုးံပြည့်တန်ဆာ လုပ်နေကြရတဲ့ ရဲဘော်မိန်းမတွေ ၊မိသားစုစီးပွားရေးကြောင့်ပညာဆက်မသင်နိုင်တော့ဘဲပန်းရံလုပ်၊လက်ဘက်ရည်ဆိုင်မှာစားပွဲထိုးနေကြရတဲ့ အရွယ်မရောက်သေးတဲ့ရဲဘော်တွေရဲ့ရင်သွေးတွေရဲ့အဖြစ်ကိုရန်ကုန်မြို့ပေါ်ကမင်္ဂလာဒုံ၊ ရွှေပေါက်ကံ၊မှော်ဘီတို့မှာ တွေ့ရတာကြေကွဲရလွန်းလို့ပါ။
သန်းရွှေနဲ့အဖွဲ့ကတော့မြန်မာနိုင်ငံမှာ သူတို့အကြွင်းမဲ့ အာဏာရှိနေဖို့အတွက် လက်နက်ကိုင်၊ လက်နက်မကိုင် သဘောထား မတိုက်ဆိုင် သူ အားလုးံကိုနည်းမျိုးစုံနဲ့ဖြိုခွဲမှာပါ။ ဝ၊ကချင်အဖွဲ့ တွေကိုလည်း အနှေးနဲ့အမြန်ချေမှုန်းမှာပါ။ သန်းရွှေဟာ တပ်မတော်သားတွေရဲ့ အသက်ကို တိရစ္ဆာန်တစ်ကောင်လောက်ဘဲ တန်ဘိုးထားတာမို့သဘောထား မတိုက်တိုင်မှုတွေကို လက်နက်ကိုင်နည်းတွေနဲ့ ချည်း ဖြေရှင်းခဲ့တာပါ။ သန်းရွှေဟာသူ့မိသားစုကောင်းစားရေးကလွဲလို့ ဘာကိုမှ စိတ်ဝင်စားသူ မဟုတ်လို့ သူ့အာဏာတည်မြဲရေးအတွက် တပ်မတော်သားတွေရဲ့အသက်၊ခန္ဓာ၊သွေးတွေနဲ့ယဇ်ပူဇော်နေအုးံမှာဘဲ။
တပ်မတော်သားတွေကိုစစ်သာအတင်းတိုက်ခိုင်းနေတာပါ၊ စစ်လက်နက်၊ ရိက္ခာပစ္စည်းတွေကိုကျ ပြည့်စုံအောင်မထောက်ပံ့ပေးပါဘူး၊ ဒါကြောင့် ရှေ့တန်းစစ်မျက်နှာတွေမှာပေါ်တာဆွဲတာတို့၊ ချောဆွဲတာတို့၊ ရွာသားတွေရဲ့ကျွဲ၊နွားတွေကို သတ်ဖြတ် စားသောက် နေကြတယ် ဆိုတဲ့ငြီးတွားသံတွေဟာ မိုးလုးံညံနေတာပါ။ စစ်အသုးံပစ္စည်းတွေကော ပြည့်စုံပါရဲ့လားဆိုတာက တော့မင်္ဂလာဒုံဈေးသာ သွာြး ကည့်ပါတော့လို့ဘဲပြောပါရစေ။
စစ်မြေပြင်မှာ တပ်မတော်သားတွေအထိခိုက် အကျဆုးံနည်းအောင် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့သလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒဏ်ရာရစစ်သည်တွေရဟတ်ယဉ်နဲ့သယ်ဖို့ကြ ကကကြည်းထိ အမိန့်တောင်းရတယ်တဲ့။ ကြက်ပြေးမှာ သီတင်းကျွတ် မီးထွန်းတာ လှလို့ ရွှေမန်းက သူ့မြေးတွေကိုပြချင်လို့ ဆိုပြီးရန်ကုန်ကိုရဟတ်ယဉ်နဲ့ခေါ်ခိုင်းတော့ဘာအမိန့်မှမလိုဘူး။
ခုလဲတရုပ်နယ်စပ်ကငြိမ်းအဖွဲ့တွေကိုတိုက်ဖို့ဆိုပြီးယူကရိန်းနိုင်ငံလုပ် T ၇၂ MB အမျိုးစားတင့်ကားတွေပို့နေတယ်လို့ သတင်းတွေ ကြားနေရပြန်ပါပြီ။ ဒီတင့်ကား အများစုဟာ၁၉၇၂ ထဲကထုပ်လုပ်ထားတဲ့ ကားတွေဖြစ်ပြီး တောတောင် ထူထပ်တဲ့မြန်မာ တရုပ် နယ်စပ်က စစ်ဆင်ရေးတွေမှာဘယ်လောက်အထောက်ကူပြုမယ်ဆိုတာတွေ့ကြရပါတော့မယ်။
မကြာခင်က မင်္ဂလာဒုံလေဆိပ်မှာတိုက်လေယဉ်ပျက်ကျသွားတာ ကျွန်တော်တို့ အားလုံးမမေ့ကြသေးပါဘူး။ စစ်တပ်ရဲ့စီမံ အုပ်ချုပ်ရေးစွမ်းရည် ဘယ်လောက်ညံ့ဖျင်းတယ် ဆိုတာကို အဲဒီ လေယာဉ်ပျက်ကျမှုကြီးက မီးမောင်းထိုးပြ လိုက်တာ ပါဘဲ။ဖြစ်စဉ်က လေယာဉ်မှုးဟာ မင်္ဂလာဒုံကွင်း ကို ဆင်းသက်ဖို့ ကွင်း ရှာမတွေ့လို့ လှိုင်သာယာဘက်ကို တစ်ပက်လှည့် ပျံသန်းပြီး လေယာဉ်ကွင်းကို ရှာဖွေခဲ့ရာ ဒုတိယတစ်ခေါက်မှာ လေဆိပ်ကို ရှာဖွေတွေ့လို့ ဆင်းသက်ဖို့ကြိုးစားခဲ့ ပါတယ်။
တိုက်လေယာဉ်ဆင်းတဲ့အခါ လေယဉ်မှုးကို တာဝါတိုင်က လေယဉ်ဘီးမချရသေးတဲ့အကြောင်း လှမ်းပြီး ကြောင်းကြားခဲ့ပေမဲ့ ဘီးမချနိုင်တော့ပါဘူး၊ တိုက်လေယာဉ်ဟာ ဘီးချနိုင်တဲ့ အမြင့်ပေအောက်ကိုရောက်နေပြီဖြစ်လို့ပါ။တာဝါက လေယာဉ်မှုးကိုပြန်တက်ဖို့ အကြံပြုတဲ့အခါ လေယာဉ်မှုးက ဆင်းမှရမယ်ဆီမရှိတော့ဘူးလို့ အကြောင်းပြန်ပြီးလေယာဉ် ဝမ်းဗိုက်နဲ့ ရှပ်ဆင်းတော့ ပေါက်ကွဲမှု ဖြစ်မှာစိုးရိမ်ကာ လေထီးနဲ့ ခုန်ထွက်ပေမဲ့ လေဖိအားကသုညဒီဂရီ အောက်ရောက်နေတဲ့ အတွက် လေထီးမပွင့်ဘဲ တိုက်လေယာဉ်မှုး အသက်ဆုးံရှုးံခဲ့ရပါတယ်။
တိုက်လေယာဉ်နဲ့လေယာဉ်မှုးဟာ မပျက်ကြသင့်ဘဲ ပျက်ကြခဲ့ပြီးအသက်တစ်ချောင်း မဆုးံရှုးံသင့်ဘဲဘာကြောင့်များဆုးံရှုးံခဲရသလဲ ဆိုတာကို တွေးနယ်ချဲ့ကြည့်တော့
၁။ လေ့ကျင့် ပျံသန်းတဲ့တိုက်လေယာဉ်ကို ဆီဘာကြောင့်အလုံလောက် မထည့်ပေးနိုင်ရတာလဲ။ စားဝတ်နေရေး ကြပ်တည်းလို့ လေယာဉ် အတက်ပြပြီှးဆီတွေကို အပြင်ဈေးကွပ်ကို မှောင်ခိုရောင်းထုပ်နေတာကြောင့်လား။ လေတပ်မှာ ဆီ အမှန်တကယ် အလုံလောက်မရှိတာလား။
၂။ လေတပ်ရဲ့လေယာဉ်မှုးတစ်ဦးဟာ အခြေခံကျဆုးံဖြစ်တဲ့ သက်စောင့်အရေးပေါ်လုပ်နည်း၊ လုပ်ထုးံတွေဖြစ်တဲ့ လေယာဉ်ဆင်းရင် ဘိန်းချရတာတို့၊ လေထီးပွင့်နိုင်တဲ့ အမြင့်ပေတို့ကို တောင်လက်တွေ့မှာ အသုးံမချ နိုင်ရလောက်အောင် ဘယ်လို လေ့ကျင့်သင်ကြားပေးတယ် ဆို တာဟာလည်း စိတ်ဝင်စားစရာပါဘဲ။
၃။ မြန်မာ လေတပ်မတော်ဆိုပြီး ကိုယ်ပိုင်လေယာဉ်ကွင်း တောင်မရှိဘဲ ကူးသန်းရောင်းဝယ် ရေးအတွက်သုးံတဲ့အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုဘာလို့ကပ်သုးံနေရတာလဲ။ စစ်လေယာဉ် အဆင်းအတက်တွေ အတွက် ခရီးသည်လေယဉ်တွေဟာ မင်္ဂလာဒုံ လေဆိပ်မှာ မကြာခဏ ဆိုသလိုစောင့်ဆိုင်းပေးရတာ ကျွန်တော်တို့ ကိုယ်တွေ့ပါဘဲ။ တိုက်လေယာဉ်တွေဟာဗုးံနဲ့ဒုးံလက်နက်တွေတပ်ဆင် ထားတာကြောင့် မတော်တဆ ဖြစ်ခဲ့ရင် အပြစ်မဲ့ပြည်သူတွေ အသက်ဆုးံရှုးံရမယ့်အဖြစ်ကို ဗိုလ်ရှုပ်ကြီးတွေ နည်းနည်းမှ မစဉ်းစားတာကိုက ပြည်သူတွေအပေါ်ဘယ်လောက် မေတ္တာထားတယ် ဆိုတာရှင်းနေပါတယ်။
ဒီအကြောင်းတွေ စဉ်းစားမိရင်းနဲ့ အရင်ကေ အဒီလမ်း အဖြစ်ပျက်လေးကိုသတိရမိတယ်။ ကျွန်တော်တို့ကျောင်းသားဘဝက နေဝင်းအတွက် အေဒီလမ်းထိပ်မှာ လမ်းပြပုလိပ်သုးံယောက်ကို BMW ဆိုက်ကယ်တစ်စီးနဲ့ထားပေးတယ်။ ရဲတွေရဲ့အကျင့်တိုင်း နေ့ခင်းဆိုရင် လက်ဘက်ရည်ဘိုး အတွက် ပြသာနာရှာတော့တာဘဲ။ တခြားနေရာမှာ ဆိုရင်ပြသာနာရှာမှန်းသိလို့ မောင်းပြေးရဲပေမဲ့ အေဒီလမိးထိပ် မှာတော့ မောင်းမပြေးရဲကြဘဲ လည်စဉ်းခံကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ BMW ဆိုက်ကယ်ကြီးရပ်ထားတာကို။
ဆိုက်ကယ်နဲ့လိုက်ဖမ်းလို့မိတဲ့အဆင့်ဆိုရင် အမှုကြီးသွားမှာကိုး။ ဒါပေမဲ့အေဒီလမ်းထဲမှာနေတဲ့ အတွင်းသိတွေကတော့ကြည့်ပြီးပြုးံစိစိနဲ့ နောက်မှပြန်သိရတာက ဆိုက်ကယ်ကြီးက မောင်းလို့တောင်မရဘူးတဲ့ အဲဒါကို လူတွေသိမှာစိုးလို့မနက်ဆို အစောကြီးတွန်း၊ ထုတ်ညဆို
မှောင်မှ တွန်းသွင်းနေရတဲ့အစုပ်ကြီးတဲ့။ ရိုက်ချက်ကတော့ကမ်းကုန်ပါဘဲ။
တိုက်လေယာဉ် အစုတ်တွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ဝယ်ပြီး ပြည့်သူ့အခွန်ငွေတွေကိုဖြုန်းတီး ပစ်နေတာတွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဟန်ရေးပြချိန်းခြောက်ဘို့ လေထဲပြန်လို့ရရင်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ ဒါကြောင့်ကိုးကန့်တိုက်ပွဲမှာ အမေရိကန် ဒေါ်လာသန်း ၁၅၀ ကျော်ပေးဝယ်ထားတဲ့ MIG ၂၉ တိုက်လေယာဉ်တွေ အစအန တောင်မတွေ့ရတာမအံ့သြမိတာအမှန်ပါ။
ဒါကြောင့်ကျွန်တော်တို့ဟာ သန်းရွှေမိသားစုရဲ့စစ်ကျွန်ဘဝ ကျရောက်နေကြရရှာတဲ့ တပ်မတော်သားတွေကို ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ပကတိအဖြစ်မှန်တွေကိုအသိပေးပြီး အမျိုးဘာသာ ၊သာသနာကို စောင့်ရှောက်ကာကွယ်နိုင်တဲ့ နိုင်ငံသားကောင်းများဖြစ်လာပြီး ပြည်သူ့  ရင်ခွင်ထဲအမြန်ဆုးံပြန်လည် ခိုလှုံနိုင်အောင်စည်းရုးံတိုက်တွန်းလှုံ့ဆော်ကြပါစို့ လို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
ရန်နောင်
၀၄၊၀၃၊၂၀၁၀
Saturday, March 6, 2010
တကယ်တိုက်တော့မှာလား
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment