Sunday, March 7, 2010

သတိ ဓားမြတိုက်နေသည်

အဆိုတော်တွေဆီက အခွန်ကောက်တော့မယ်တဲ့။ ဝင်ငွေရှိတဲ့သူတွေ ဆီကို အခွန်ကောက်တာ သဘာဝကျပါတယ်။ တစ်ခုရှိတာက မြန်မာပြည်မှာ ဝင်ငွေရှိသူတိုင်း နိုင်ငံတော်က သတ်မှတ်ထားတဲ့ အခွန်ငွေကို တန်းတူညီမျှ ဆောင်ကြပါသလား။ဝင်ငွေခွန် လွတ် ငြိမ်းချမ်း သာခွင့်ရ အခွင့်ထူးခံ လူတန်းစားများကော မြန်မာပြည်မှာ ရှိပါသလား။

ထင်သာ မြင်သာ လည်းရှိ၊ လူတိုင်း နီးပါးလည်း သိတဲ့ကြိုင်ကြိုင်ရဲ့စီးပွားရေး အကျိုးဆောင်လည်းဖြစ်၊ နာမည်ခံလည်းဖြစ်တဲ့တေဇပိုင် ထူးကုမ္မဏီကို ဥပမာထားကြည့် ကြည့်ရအောင်။

ပုဂံလေကြောင်းပိုင် လေယာဉ်များဟာ မင်္ဂလာဒုံလေယဉ်ကွင်းကို အခမဲ့ အသုံးပြုခွင့်ရပါတယ်။

လေယာဉ်တွေ ထားတဲ့ ဂိုဒေါင်တွေကိုလည်း အခမဲ့ သုးံစွဲခွင့်ရပါတယ်။ချင်းပြည်နယ်လို နေရာမျိုးကိုလဲ တစ်ဦးတည်း ပျံသန်းခွင့်ရပါတယ်။နိုင်ငံတော်က အခွန်ငွေမရဘဲ အထူး အခွင့်ရေးတွေနဲ့ စီမံကိန်းတွေ၊ တင်ဒါတွေ ပြန်ပေးနေရလဲ ဆိုတော့ ထူးကုမ္မဏီဝန်ထမ်း တစ်ယောက်က ရှင်းပြတာက နိုင်ငံတော် အကြီးကဲရဲ့လမ်းညွှန်မှုနဲ့ နိုင်ငံတော်အတွက် လုပ်ပေးနေရတာ နေ့တိုင်း အရှုးံပြနေလို့နိုင်ငံတော် အကြီးကဲ ဆိုသူက စေတနာနဲ့ နစ်နာကြေး ပေးတာပါတဲ့။ မှတ်သား လောက်ပါပေတယ်။

နောက် ဥပမာတခု အနေနဲ့ နိုင်ငံတော်ကို ဦးဆောင်မှု ပေးနေတဲ့ ဗိုလ်ချုပ်ရူးကြီး ရဲ့မိသားစုဝင်တွေကကော တိုင်းသူပြည်သားအတွက် စံပြအနေ နဲ့ နှစ်စဉ်ဝင်ငွေကို ကြေငြာပြီး အမြတ်ခွန်ဝင်ငွေ ဆောင်ပါသလား ဆိုရင်တော့ သိသလောက်ကလေး ဖွပါရစေ။

ရန်ကုန်မြို့ပေါ်က နာမည်ကြီး ဆိုင်တွေဖြစ်တဲ့ City Mart ၊ J Donut တို့ဟာ နိုင်ငံခြားကပစ္စည်းတင်သွင်းခွင့်နဲ့ လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်ရဖို့အတွက် သန်းရွှေမိသားစုဝင်တွေကို နာမည်ခံခအနေနဲ့ ရှယ်ယာ ၃၀ % ပေးရပြီး အဲဒီရှယ်ယာအတွက် တစ်လကို ၇ ကျပ်တိုးနဲ့ဆက်ကြေးပေးရပါတယ်။ သူတို့အလုပ်ကတော့ ဆိပ်ကမ်းက ပစ္စည်းထုတ်ချိန်ကြရင် မျက်နှာလာပြပေးရုံပါဘဲ။ ဒါကြောင့် City Mart ဗုးံကွဲမှုနောက်မှာ ဘာတွေရှိတယ် ဆိုတာ ထောက်လှမ်းရေး ဗိုလ်မှုးဟောင်း အောင်လင်းထွဋ် တို့ဆိုပိုသိမှာပါ။ မြန်မာပြည်နော် ပိုက်ဆံရှိရင် ဗိုလ်ချုပ်မှုးကြီးသမီး တောင် ခေါ်လို့ရတယ် ဆိုတဲ့စကားဟာ ဒီလုပ်ရပ်တွေကနေ မြစ်ဖျားခံ ဆင်းသက်လာတာပါ။

ကျွန်တော်တို့ သာမန် နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ပြည်သူတွေဆိုရင်အထူး အခွင့်ရေးအနေနဲ့ ဝင်ငွေခွန်ကို နှစ်ခါဆောင်ရပါတယ်။ရောက်ရှိနေတဲ့နိုင်ငံရယ်၊ မိခင်နိုင်ငံ ကိုရယ်ပါ ။
နိုင်ငံခြားရောက်မြန်မာတွေဟာ မိသားစုစားဝတ်နေရေးအတွက် နေဝင်မိုးချုပ် ချွေးဒီးဒီးကျ အောင်လုပ်ပြီးရတဲ့လုပ်အားခကို အခွန်ငွေပေးရတာပါ။ ဒါကို ကြတ်ပြေးမှာ နေပြီး အဖေ့အရှိန်ဝါနဲ့ စင်္ကာပူသံရုးံမှာ သံဝန်ထမ်း စာရင်းပြပြီး ဒေါ်လာငမ်းငမ်းတက်ဗိုလ်ချုပ်ရူးကြီးသမီးတွေက လစာကိုဒေါ်လာနဲ့ ယူရက်တာ ကတော့ ရက်စက်လွန်းပါတယ်။ တပ်မတော် ခေါင်းဆောင်အနေနဲ့ကော မိဘတစ်ယောက်အနေနဲ့ ကောခုလိုစည်းလွတ်၊ဝါးလွတ် ဥပဒေမဲ့ လုပ်ရပ်တွေကိုမတားမြစ်တဲ့ စိတ်ဓာတ် အဆင့်အတန်း နိမ့်ကျလွန်းတဲ့မိသားစုမျိုး၊ ခေါင်းဆောင်မှုမျိုး ကို တပ်မတော်သားတွေ လက်ပိုက်ကြည့်နေတာ ကို ကျွန်တော်တို့ နားကိုမလည်နိုင်ပါဘူး။

ရရှိလာတဲ့ အခွန်ငွေတွေကို နိုင်ငံနဲ့ လူမျိုး သက်သာချောင်ချိရေးတွေ ဖြစ်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပမ်းဆက်သွယ်ရေး စတဲ့နေရာတွေမှာမသုးံဘဲဗိုလ်ချုပ်ရူးကြီးစင်င်္ကာပူမှာ ဆေးရုံတက်တဲ့နေရာတို့၊ ဒီပဲယင်းစိုးဝင်း ဆေးရုံတက်တဲ့အခါတို့မှာ ရက်ရက်ရောရော သုံးပစ်တာကတော့ ကမ္ဘာမကြေပါ။ ကျွန်တော်တို့ပြည်သူတွေဟာလည်း သက်ရှိလူသားတွေ ဆိုတာသတိရပါအုးံ။ ကျွန်တော်ဆို့ဆီမှာလည်းမိသားစုတွေရှိပြီးဗိုလ်ချုပ်ရူးကြီးလို မိသားစုတွေကို ချစ်တတ်လို့ ရေခြားမြေခြားမှာ မိဝေးဖဝေးအပင်ပန်းခံ၊အဆင်းရဲခံဝမ်းစာရှာနေကြတယ် ဆိုတာ ဗိုလ်ချုပ်ရူးကြီး တစ်ယောက်မမေ့ပါနဲ့။

အခု ကျွန်တော်တို့ ပြောတာတွေဟာ အခြေမြစ်မရှိဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဗိုလ်ချုပ်ရူးကြီးနဲ့ ဝန်ကြီးတချို့ရာထူးက အနားယူတဲ့အခါ မိသားစုပိုင်ဆိုင်မှုစာရင်းကို တရားဝင်ကြေငြာပြီး မြန်မာသမိုင်းမှာ လာဘ်စားကောင်ကြီးဆိုတဲ့အမဲစက်မကျန်ရစ်ရအောင်ရယ် သားစဉ်မြေးဆယ်ဆက် ဂုဏ်သိက္ခာရှိရှိနေနိုင်အောင်မှတ်ကျောက်တင်ရစ်ပါလို့အကြံပြုပါတယ်။

ဖြစ်နိုင်ရင် ဗိုလ်ချုပ်ရူးကြီးအနားမယူခင် စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင်လူသတ်မှုကြီးကို ဖော်ထုပ်ပေးခဲ့ဖို့ကိုလည်း မေတ္တာရပ်ခံပ်ါတယ် ခင်ဗျာ။

ကျွန်တော်တို့မြန်မာပြည်သူတွေပေါ်မတရားဂုတ်သွေးစုပ်၊အမြတ်ထုပ်နေတဲ့သန်းရွှေနဲ့အပေါးပါသွေးစုပ်ဖုတ်ကောင်တွေကို ကျွန်တော်တို့စည်းစည်းလုးံလုးံတက်ညီလက်ညီနဲ့သံပုးံတီးတောထုပ်ပြစ်မယ်ဆိုရင်မကြာတော့တဲ့ကာလမှာ ဒီသွေးစုပ်ဆုတ်ကောင်တွေဟာမြန်မာ
မြေပေါ်ကနေအပြီးပျောက်ကွယ်သွားမှာပါ။

ရန်နောင်
၅၊၀၃၊၂၀၁၀

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်