နအဖကြိုက်ကြိုက် မကြိုက်ကြိုက်..ကျူပ်ဂရုမစိုက်ဘူး..အမှန်တရား..ငွေနဲ့ ဖုံးမရ
ကင်တားနား၏ မတ်လအစီရင်ခံစာ ။
NEJ/ ၁၅ မတ် ၂၀၁၀
မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမတ်စ် အိုဟေးရား ကင်တားနားသည် မတ်လ (၅) ရက် နေ့၌ စာမျက်နှာ (၃၀) ရှိသော မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာကို ထုတ်ပြန်သည်။ ကြိုတင်ထုတ်ဝေသော မတည်းဖြတ်ရသည့် စာမူ Advance Unedited Version ဖြစ်ပြီး စာမျက်နှာ (၃၀)၊ စာပိုဒ် (၁၂၃) ခုရှိသည်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ မြန်မာပြည်သို့ သွားရောက်လေ့လာပြီးနောက် ထုတ်ဝေလိုက်သော အစီရင်ခံစာဖြစ်သည်။ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုအောက်မှ မထွက်နိုင်သော မြန်မာပြည်၏ လူ့အခွင့်အရေးအခြေအနေမှာ ကောင်းလာသည်မရှိဘဲ တနေ့တခြား ဆိုးဝါးလာသည်ကို မစ္စတာ ကင်တားနားကိုယ်တိုင် တွေ့နေရပြီဖြစ်၏။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ လူ့အခွင့်အရေး ကောင်စီ ဒီမိုကရေစီအစိုးရများ၊ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များနှင့် ရိုသေလေးစားအပ်သော ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား (၂,၁၀၀) ကျော်ကို ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးရန် တောင်းဆိုထားသည်ကို မြန်မာစစ်အစိုးရက လိုက်လျောခြင်းမရှိသည်ကို ပထမဦးစွာ ဖော်ပြထားပါသည်။ ၁၉၉၂ မှစ၍ မြန်မာ့လူ့အခွင့်အရေး အခြေအနေဆိုးဝါးကြောင်း (၁၈) နှစ်တိုင် အစီရင်ခံစာများ တင်သွင်းလာခဲ့သော်လည်း မြန်မာ စစ်အစိုးရနှင့် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖျက်မှုကို ဟန့်တားနိုင်ခြင်းမရှိ ဖြစ်နေ၏။
ပါတီစုံရွေးကောက်ပွဲကို အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ လွတ်လပ်မှုရှိရန်၊ တရားမျှတမှုရှိရန်၊ အရွယ်ရောက်သူတိုင်း ပါဝင်ဆင်နွှဲနိုင်ရန်နှင့် သိသာမြင်သာအောင်လုပ်ရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မြန်မာအစိုးရကို တိုင်းတွန်း ထားကြောင်းကိုလည်း ကင်တားနားက ဖော်ပြသည်။ နအဖရွေးကောက်ပွဲ စည်းမျဉ်းသည် အပြည်ပြည်ဆိုင်ရာ တောင်းဆိုမှုကို ကဏ္ဍကောစ လုပ်လိုက်ခြင်းပင်ဖြစ်၏။ လူဆိုးသူခိုးကို အပျော့နည်းဖြင့် ဖျောင်းဖျ ပြောဆို၍ မရကြောင်း ပြသလိုက်ခြင်းဖြစ်၏။
“လူသွပ်လူရိုင်း၊ လူ့ရုန့်ထိုင်းတို့၊ ရိုင်းရိုင်းပင်းပင်း၊ တရားသွင်းလည်း၊ ဘူးနားပင်းတွင် ရေမ၀င်သို့၊ နားပြင်မကြား၊ အလွတ်သွား၍၊ ကျွဲပါးစောင်းတီး” စသဖြင့် မန်လည်ဆရာတော်သည် မဃဒေ၀လင်္ကာသစ်တွင် ရေးသားခဲ့သည်မှာ မြန်မာဗိုလ်ချုပ်များကို ရည်ညွှန်းသကဲ့သို့ဖြစ်နေ၏။ အပေါက်မရှိသောဘူး၌ ရေထည့်ပါသော်လည်း မ၀င်သကဲ့သို့ ခံယူလိုစိတ် မရှိသူကို မည်မျှဆုံးမ ပြောဆိုစေကာမူ နားမ၀င်ဘဲရှိသည်ကို မန်လည် ဆရာတော်က ရှင်းပြလိုက်ခြင်းဖြစ်၏။ ကျွဲ၏ အနားတွင် စောင်းကို မည်မျှပင် သာယာစွာ တီးစေကာမူ ကျွဲအဖို့ အချည်းနှီးသာဖြစ်သကဲ့သို့ အကောင်းအဆိုး မသိသူကို တန်ဖိုးရှိသောစကားကို နားဝင်အောင် မည်မျှပင် ပြောစေကာမူ ထိုသူအဖို့ အချည်းနှီးသာ ဖြစ်ပေသည်။
သို့သော်လည်း မစ္စတာကင်တားနား ၏အလုပ်မှာ ‘နအဖ’ ခေါ် ‘နွားအဖွဲ့’ အနားတွင် နွားပါး စောင်းတီး ရန်ပင်ဖြစ်သည်။ အာဆီယံ အစိုးရများ၏ လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက် လာပြီဖြစ်သောကြောင့် အာဆီယံ ကော်မရှင်ကပါ ‘နွားပါးစောင်းတီး’ လုပ်ပေးပြီး နေရာတိုင်းတွင် တောင်းဆိုနိုင်ပါက မြန်မာ့ လူ့အခွင့်အရေး အခြေအနေဟာ ကောင်းမွန် လာဖွယ်ရှိသည်ဟု ကင်တားနားက မျှော်လင့်သည်။ ၎င်းတင်ပြထားသော ပြုပြင်ရမည့် အချက် (၄) ချက်ကို နအဖက ဂရုမစိုက်ဟု ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်များနှင့်အညီ မြန်မာ့ဥပဒေများကို ပြင်ဆင်ရန်၊ လွတ်လပ်၍ ဘက်မလိုက်သော တရားရေးဌာနရှိရန်နှင့် ရဲနှင့်စစ်သား လူ့အခွင့်အရေး လေးစားအောင် သင်တန်းပေးရန် စသည့်အချက် (၄) ချက်ပင်ဖြစ်သည်။
ဤတင်ပြချက်အားလုံးသည် သဲထဲရေသွန်လျှင် အရာမထင်သကဲ့သို့ အချည်းနှီးဖြစ်သွားသည်ကို မစ္စတာကင်တားနား သဘောပေါက်သွားပုံရသည်။ နှစ်ရှည်ထောင်ဒဏ် ကျခံနေသူများနှင့် မိသားစုကို ထပ်မံညှဉ်းပန်းနှိပ်စက်သည့်သဘောဖြင့် ဝေးလံသော အရပ်ဒေသသို့ ထောင်ပြောင်းသည့် လုပ်ရပ်ကိုလည်း ဖော်ပြထားသည်။ မိသားစု၏ ထောက်ပံ့မှုရရန် ခက်ခဲသဖြင့် နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး ထိခိုက်လာသည် ကိုလည်း ဖော်ပြသည်။
အင်းစိန်၊ စစ်တွေနှင့် ဘူးသီးတောင် အကျဉ်းစခန်းများ၌ ကလေး စစ်သားဟောင်းတဦးနှင့် နိုင်ငံရေး အကျဉ်းသား (၁၄) ဦးကို မစ္စတာကင်တားနား တွေ့ဆုံခဲ့သည်။ ထောင်အခြေအနေ ဆိုးဝါးမှုကို ကန့်ကွက်သည့် အစာငတ်ခံဆန္ဒပြပွဲ ဘူးသီးတောင်နှင့် အင်းစိန်ထောင်တွင် ဖြစ်ပွားသည်ကိုလည်း အစီရင်ခံစာ၌ ဖော်ပြ၏။ နှိပ်စက်ညှဉ်းပန်းပြီး ထောင်သွင်း အကျဉ်းချမှုကြောင့် ၁၉၈၈ မှစ၍ နအဖ အကျဉ်းထောင်၌ သေဆုံးသူ (၁၄၃) ဦးရှိသည်ကိုလည်း ဖော်ပြထားသည်။ ၂၀၀၉ ခုနှစ်နှောင်းပိုင်း အင်းစိန်ထောင်၌ သေဆုံးသွားသူ (၆) ဦးတွင် နအဖနိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်လည်း ပါဝင်သည်။
နှစ်ပေါင်းများစွာ မြန်မာစစ်အစိုးရသည် လူ့အခွင့် အရေးအားလုံးကို ချိုးဖျက်နေသည်ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေး ချိုးဖောက်ခြင်းသည် မြန်မာ စစ်အစိုးရ၏ မူဝါဒလမ်းစဉ်ကဲ့သို့ ဖြစ်နေသဖြင့် နှစ်ပေါင်းများစွာ တာဝန်ယူမှု ကင်းမဲ့နေခြင်းပင် ဖြစ်ပေသည်။ မြန်မာ့ လူ့အခွင့်အရေး ချိုးဖျက်မှုများသည် လူသား မျိုးနွယ် အပေါ်တွင် ကျူးလွန်သော ရာဇ၀တ်မှု (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးက စစ်ဆေးနိုင်သော စစ်ရာဇ၀တ်မှုလည်း ဖြစ်နိုင်သည်ဟု အပိုဒ် (၁၂၁)တွင် ဖော်ပြထားသည်။ ဤသည်မှာ ကင်တားနား အစီရင်ခံစာ၏။ ထူးခြားချက် ပင်ဖြစ်၏။
အနှစ် (၂၀) မျှ လူ့အခွင့် အရေး ချိုးဖျက်နေသည်ကို စုံစမ်းစစ်ဆေး အရေးယူရန် အစိုးရ၌ တာဝန်ရှိသော်လည်း အစိုးရကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖျက်နေသောကြောင့် တာဝန်ယူမည့်သူမရှိ ဖြစ်နေ၏။ ဤသို့ တာဝန်မဲ့နေသည်ကို ထောက်ထား၍ မြန်မာပြည်မှ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများကို ကုလသမဂ္ဂ အဖွဲ့အစည်းက ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးနိုင်သည်ဟု အစီရင်ခံစာအပိုဒ် (၁၂၂)တွင် မစ္စတာကင်တားနားက ဖော်ပြ ထားသည်။
တဖက်သတ် အနိုင်ကျင့်သော အမှုများကို စစ်ဆေး အပြစ်ပေးရန် ၁၉၉၈ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့၌ ICC-International Criminal Court အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးဖွဲ့စည်းပြီး ရာဇ၀တ်ဥပဒေကို ၂၀၀၂ ခုနှစ် ဇူလိုင် (၁) ရက်နေ့၌ စတင်ကျင့်သုံးသည်။ (၇၇) မျက်နှာ အပိုဒ် (၁၂၈) ပိုဒ်ရှိသော ဥပဒေဖြစ်၏။ အပိုဒ် (၇) စာမျက်နှာ (၉) ၌ Crimes against humanity ကို ဖော်ပြသည်။ သို့သော် attack directed against any civilian population ဟု ရေးထားသည့်အတွက် အရပ်သားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုကို ဆိုလိုသည်မှာ ထင်ရှားသည်။ လူသတ်မှု၊ အပျောက်ရှင်းမှု၊ ကျွန်ပြုမှု၊ အဓမ္မပြောင်းရွှေ့မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ ပြည့်တန်ဆာလုပ်ခိုင်းမှု၊ ကိုယ်စိတ်နှစ်ပါး အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်အောင် လုပ်မှု စသည့်အမှုများကို အရပ်သားအပေါ်၌ ကျူးလွန်ပါက အရေးယူနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ဥပဒေက ဆိုသည်။
သို့သော်လည်း ICC တရားရုံးကို လက်ခံသော နိုင်ငံကိုသာ အရေးယူနိုင်ပါသည်။ အာဆီယံ (၁၀) နိုင်ငံအနက် ကမ္ဘောဒီးယား သည်သာလျှင် ICC တရားရုံးကို လက်ခံသည်။ ထိုင်းနှင့်ဖိလစ်ပိုင်သည် ICC ကို တည်ထောင်သည့် ရောမစာချုပ်ကို လက်မှတ် ထိုးထားသော်လည်း အတည်မပြု ရသေးပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးယူရန် ညွှန်ကြားပါက ICC ရာဇ၀တ်မှုခုံရုံးသည် အရေးယူရပါသည်။ ဆူဒန်နိုင်ငံသည် ICC တရားရုံးကို လက်မခံသော်လည်း ဆူဒန်၏ လူ့အခွင့်အရေး ချိုးဖျက်မှုများကို စုံစမ်းစစ်ဆေးရန် ၂၀၀၅ ခုနှစ် မတ်လ၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တာဝန်ပေး၍ အရေးယူ ရပါသည်။
ဤအတောအတွင်း မြန်မာ့ မုဒိမ်းတပ်မတော်ကို ICC ရာဇ၀တ်ခုံရုံးက အရေးယူပါရန် လူ့အခွင့် အရေး ကျွမ်းကျင် သူများနှင့် မြန်မာနိုင်ငံသူ (၁၂)ဦးက နယူးယောက်မြို့တွင် အစစ်ခံပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်း ထားသည်။ လုံခြုံရေးကောင်စီက စစ်ဆေးရေးကော်မရှင်ဖွဲ့၍ စုံစမ်းခိုင်းသည်ကို တရုတ်နဲ့ ရုရှ ကန့်ကွက်မည် မဟုတ်ဟု ယူဆရပေသည်။ ဆူဒန်ကိစ္စတွင် ရုရှနှင့် တရုတ်မဲမပေးဘဲ နေသဖြင့် နောက်ဆုံး၌ ဆူဒန်သမ္မတကို ဖမ်းဝရမ်း ထုတ်နိုင်ခြင်းဖြစ်သည်။ မြန်မာ့ မှုခင်းများတွင် တာဝန်အရှိဆုံး တရားခံ ပျောက်နေသည်။ ထို့ကြောင့် မစ္စတာကင်တားနား အစပျိုးထားသည့် လမ်းကြောင်း အတိုင်း ဆက်၍ အပတ်တကုတ် ကြိုးစားမည်ဆိုပါက ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး အသိုင်းအ၀ိုင်းကို ဖမ်းဝရမ်း ထုတ်နိုင်သည့် အဖြစ်သို့ ရောက်သွားနိုင်မည်ဖြစ်ပေသည်။
PNS-Japan
သတင်းမှတ်တမ်း။ မူရင်း “ ခေတ်ပြိုင်ဂျာနယ် ”
Tuesday, March 16, 2010
ကျုပ် ကိုယ်တိုင်မြင်တာဗျ..နအဖ..မတရားလုပ်နေတာတွေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
- NLD က စစ်အစိုးရကို တရားစွဲပြီ
- မြန်မာ၏ အလင်းမဲ့အနာဂတ်..
- ရေပြတ်လပ်မှုနဲ့  မြန်မာနိုင်ငံ
- STOP!..Burmese Genocide
- ကျွန်စံနစ်..ပြန်အသစ်စနေကြပြီ။
- ခွေးဝဲစားတွေကို သင်တန်းပေးနေကြပြီ..
- ချုပ်ချုပ်ကြီး..မာမီရွှေ စစ်ဘောင်းဘောင်းချွတ်ပြီတဲ့
- မတွေဝေနဲ့ တော်လှန်ရေးလုပ်ပါ။
- NLD မှ နအဖ ဥက္ကဌ ထံ ပေးစာ
- ဗမာစစ်တပ် အရာရှိများ ရာထူး ပြောင်းရွှေ့ (အရပ်သားလုပ...
- ဒို့ တော့ နဖါးကြိုးအသျှိုမခံနိုင်ပါ
- ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းထံ...
- သင် သမိုင်းရဲ့တရားခံဖြစ်လိုသလား...(အောင်ဆန်းစုကြည်...
- ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး အတွက် မ...
- ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း
- နအဖ စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲနှင့် ဗလာနတ္ထိ...
- နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ
- ဒို့ ကျောင်းသားသွေးတွေ မခြောက်သေးဖူး..မမေ့ကြနဲ့ 
- ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမည့် တည်ဆဲ ...
- ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ မြန်မာနိုင်ငံမှ တရုတ်နို...
-ုခြင်္သေ့ နိုင်လေလေ..မြန်မာမတွေကို တရုတ်တွေ ၀ါးလေလေဘဲ
- Voice of Burma Issue No.754
- ရှင်းတမ်း(၂) (ကျော်သူ)
- ကွဲချင်သလား..ခွဲချင်သလား..ကျားဆွဲသွားမယ်..
- မိတ္ထီလာမြို့ နယ် NLD ကတော့ ပြတ်သားတယ်
- (၄)ကြိမ်မြောက် ABMA ဂျာနယ်ဖြန့်ဝေ
- သောက်ကျိုးနည်းဗျာ..ထမင်းရည်ဇလုံဘေးမှာ ခွေးဝဲစားတွေ...
- 21th Mar 2010 - MoeMaKa Daily
-
▼
March
(335)
No comments:
Post a Comment