Thursday, March 4, 2010

တန်ဖိုးမရှိတဲ့ စက္ကူစုတ်ကို ၅၀၀၀တန် အတုလုပ်သူတွေ ကျ ထောင်မချဖူးလား..

ကင်မရွန်းနှစ်ဦးလုံး အပြစ်ရှိသည်ဟု တရားရုံးက အမိန့်ချ
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၅ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန်ဒေါ်လာ အတုပြုလုပ်တတ်သည်ဟု လိမ်လည်ရန် ကြံရွယ်ခဲ့သူ ကင်မရွန်းနိုင်ငံသား နှစ်ဦးကို လမ်းမတော်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၉ နှစ်နှင့် ၇ နှစ် အသီးသီး အပြစ်ပေး အမိန့်ချမှတ်လိုက်သည်။


ငွေစက္ကူ အလွဲသုံးစားမှုအတွက် နှစ်ဦးလုံးကို ၇ နှစ်စီပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း ထိန်းသိမ်းထားစဉ် ထွက်ပြေးပြီး ပြင်သစ်သံရုံးသို့ သွားရောက် အကူညီတောင်းခဲ့သူအတွက်ကိုမူ နောက်ထပ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

လမ်းမတော်မြို့နယ်တရားရုံးက ယနေ့ တရားခွင်ကို မနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် အဆုံးသတ်ခဲ့သည်။ တရားခံနိုင်ငံခြားသား နှစ်ဦးမှာ ရှေ့နေငှားရမ်းခွင့် မရခဲ့ဘဲရှိသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်