မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌ နိုင်ငွေသိန်း
ဝီရ/ ၁၇ မတ် ၂ဝ၁ဝ
မြန်မာစစ် အစိုးရက တဖက်သတ် ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် မြန်မာပြည်သူတို့၏ ဆန္ဒ သဘောထား များနှင့် ကွဲလွဲနေသည် သာမက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ၏ အကြံပြုချက်များနှင့်လည်း ဆန့်ကျင် နေသည့်အတွက် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရအား ပိုမိုဖိအားပေး သွားရန် ယူအန်အေ ခေါ် ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ယမန်နေ့က စာရေးသား ပေးပို့ခဲ့သည်။
ယူအန်အေမှ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငွေသိန်းက “၂၀၁၀ ရွေးကောက် ပွဲမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတဖို့ မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရကို ယခင်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ရွေးကောက်ပွဲ ဥပဒေဟာ နိုင်ငံတကာက ယူဆထားသလို မဟုတ်ဘဲ သူတို့ထင်သလို ရေးဆွဲထားတယ်။ နိုင်ငံရေး သမားတိုင်း မပါဝင်နိုင်အောင် ကန့်သတ်ထားတယ်။ မတရားသဖြင့် ရေးဆွဲထားတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ ကျနော်တို့ ယူအန်အေ အနေနဲ့ ကုလအတွင်းရေးမှူးချုပ်ထံ အခုလို စာရေးသားရတာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ရန်ကုန်မြို့တနေရာ၌ ယခုအပတ်အတွင်း ကျင်းပပြီးစီးသွားသည့် ယူအန်အေ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တိုင်းရင်းသားလူမျိုးစု ဒေသများ၌ စစ်အစိုးရက ထိုးစစ် ဆင်နွှဲနေမှု ရပ်တန့်ပေးရေး၊ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်မည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး စသည့် အချက် (၄) ချက်အတွက် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ် အစိုးရအား ဆက်လက် ဖိအားပေးသွားရန် တောင်းဆိုထားသည်။
ထိုပေးစာမိတ္တူကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ရုရှနှင့်တရုတ် နိုင်ငံ များ သို့လည်း လိပ်မူကာ ပေးပို့ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူလူထု၏ ဆန္ဒ သဘောထားအမှန်ဖြင့်အတည်ပြု ထားခြင်းမရှိကြောင်း၊ လာမည့်ရွေးကောက် ပွဲ မှာလည်း စစ်အစိုးရက ပြည်သူလူထုအတွက် လုပ်ဆောင်ပေးခြင်း မဟုတ်ဘဲ ၎င်းတို့ စစ်အစိုးရအတွက်သာ လုပ်ဆောင် ခြင်းဖြစ် ကြောင်း နိုင်ငွေသိန်းက ထောက်ပြသည်။
၎င်းက “ရွေးကောက်ပွဲ ဥပဒေမှာ ပါတီဖွဲ့ပြီး ဝင်ပြိုင်မယ့်လူတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ယုံကြည်ပါတယ်၊ လက်ခံပါတယ်ဆိုတဲ့ ခံဝန် ကတိပြုရမယ့် အချက်က အဆိုးဆုံး ဖြစ်တယ်။ တဖက်သတ် ရေးထားတဲ့ အဲဒီလိုအချက်တွေ အားလုံးကို ဖြုတ်ပေးဖို့ လိုတယ်ပေါ့။ တဖက်မှာ လူမျိုးစုတွေ၊ အပစ်ရပ်အဖွဲ့အစည်းတွေကို မတရားအသင်း ကြေညာမယ်လို့ စစ်အစိုးရက ခြိမ်းခြောက် နေတဲ့အချိန်မှာ တဖက်ကလည်း ရွေးကောက်ပွဲ ဥပဒေက ထွက်လာတော့ ကျနော်တို့ လူမျိုးစု အဖွဲ့အစည်းတွေ အတွက်ရော တိုင်းပြည်အတွက်ပါ ရင်လေးစရာ ဖြစ်ရပါတယ်။ စစ်အစိုးရက ရွေးကောက်ပွဲကို ခေါင်းမာမာနဲ့ ဆက်လုပ်သွားမယ် ဆိုရင် အလုံးစုံ ပျက်သုဉ်းရေး ဘက်ကို ဦးတည် သွားနိုင်တယ်။ ရရှိထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ပြန်လည် ဆုံးရှုံးသွားနိုင်တယ်” ဟု ပြောကြားသည်။
“မွန်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ယူအန်အေရဲ့ သဘောထားအတိုင်း ဖြစ်ပါတယ်။ မွန်ဒီမိုအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား အဖွဲ့တွေကို ရွေးကောက်ပွဲ ဝင်စေချင်ရင် ပထမအချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်သုံးသပ်ပါ။ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အချင်းချင်း ညှိနှိုင်းဖြေရှင်းပါလို့ တောင်းဆိုချင်တယ်။ ဒါတွေကို မလုပ်ပေးရင် ဒီရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူး” ဟု နိုင်ငွေသိန်းက ပြောသည်။
အခြေခံဥပဒေကို ထိန်းသိမ်းမှ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပြုမည်ဆိုသည့် စစ်အစိုးရ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မလိုက်နာနိုင်သည့် အပြင် ယင်းဥပဒေအရ နိုင်ငံရေးပါတီ ဖွဲ့စည်းခြင်းသာမက ရွေးကောက်ပွဲ ၀င်ရေးကိုပါ မစဉ်းစားဟု ယူအန်အေ အဖွဲ့ဝင် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ပြောကြားသည်။
ယူအန်အေအဖွဲ့ဝင် (၁၂)ဖွဲ့တွင် ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ အကျဉ်းကျခံနေရဆဲဖြစ်သော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) မှလွဲ၍ ကျန်သည့် (၁၁)ဖွဲ့သည် မြန်မာစစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံထားရသော ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားလူမျိုးစုပါတီများ ဖြစ်ကြသည်။
“ ခေတ်ပြိုင် မှ”
Wednesday, March 17, 2010
စစ်အစိုးရကို ဖိအားပေးရန် ယူအန်အေက ဘန်ကီမွန်းထံ စာပေးပို့ ။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment