Saturday, March 6, 2010

အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ ( Highly Pathogenic Avian Influenza HPAI ) ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

6/Mar/2010

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် သရက်ကန်ကျေးရွာတွင်မွေးမြူထားသော ဥစားကြက် အချို့သံသယဖြစ်ဖွယ် သေဆုံးကြောင်း သတင်းရရှိသဖြင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မတ်၁ရက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဓာတ်ခွဲနမူနာပစ္စည်းများကို မန္တလေးနှင့် ရန်ကုန်တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများတွင်စစ်ဆေးရာအပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ ( Highly Pathogenic Avian Influenza HPAI ) ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ယင်းသို့ စစ်ဆေးတွေ့ရှိချက်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့( FAO)၊ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့( OIE) နှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသို့ အသိပေးအကြောင်းကြားပြီးဖြစ် သည်။ ရောဂါဖြစ်ပွားသော ကြက်ခြံများမှကြက်များ၊ကြက်ဥများကို မတ်၂ ရက်မှစ၍ သုတ်သင်ဖျက်ဆီးခဲ့ပြီး ရောဂါထိန်းချုပ်ရေး နည်းလမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၆ ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ
တွင် ဖော်ပြထားပါသည်။
http://www.baymyanmar.com/2010/03/highly-pathogenic-avian-influenza-hpai.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်