17 March 2010
မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်း ဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက် မလွဲမသွေ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့ Human Rights Watch အဖွဲ့က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒီကော်မရှင်ကို အချိန်ဆွဲမနေဘဲ အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ချမှတ်လုပ်ဆောင်နေတဲ့ မူတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ ဖြစ်စေတာ ကြောင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းစစ်ဆေးပေးဖို့ မတ်လ ၁၅ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ထည့်သွင်း အဆိုပြုခဲ့တာပါ။
မစ္စတာ ဘရက်ဒ် အဒမ်စ် (Brad Adams) ဟာ HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှဒေသရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက မစ္စတာ ကင်တားနားရဲ့ အဆိုပြုခဲ့တဲ့ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင် သေချာပေါက် ဖွဲ့စည်းနိုင် လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ပြောပါတယ်။
“ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေအတွက် ကျနော် မျှော်လင့်ပါတယ်။ ကော်မရှင် ဖွဲ့ဖြစ်ရင် သူတို့ပဲ အကျိုးအမြတ် ရရှိမှာ ဖြစ်ပါတယ်။ ဒီကော်မရှင် အမြန်ဖွဲ့ဖြစ်မလား ဆိုရင်တော့ မဖွဲ့ဖြစ်ဘူးလို့ပဲ ကျနော် ဖြေရမှာပဲ။ ဒါဟာ နိုင်ငံတကာမှာ နိုင်ငံရေးအရ တူညီတဲ့ သဘောတူညီမှု ရရှိရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ ဒီကော်မရှင် ခပ်မြန်မြန် ဖွဲ့ဖြစ်ရင်တော့ ကျနော့်အနေနဲ့ အံ့အားသင့်မိမှာပဲ။
“ဘာဖြစ်လို့လဲဆိုတော့ အစိုးရ တော်တော်များများက ရွေးကောက်ပွဲမှာ မြန်မာစစ်အစိုးရ ဘာလုပ်မလဲ ဆိုတာကို စောင့်ကြည့်ကြ လိမ့်ဦးမယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် စိတ်ပျက်မှုတွေ ရှိခဲ့ရင်တော့ ဒီကော်မရှင် ဖွဲ့စည်းရေးကို တိုင်းပြည်အများစုက ထောက်ခံကြလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
နယ်စပ် တိုင်းရင်းသား ဒေသတွေ အပါအ၀င် မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တရားလက်လွန် ဖြစ်ပေါ်နေ တာကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း စုံစမ်းပေးဖို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့အနေနဲ့ တောင်းဆိုလာ ခဲ့တာ ကြာပေမဲ့ ကြေညာချက်တွေ ထုတ်ပြန်၊ အပြန်အလှန် ပြောဆို ဆွေးနွေးနေကြရုံထက် ပိုမလာခဲ့တဲ့အတွက် လက်တွေ့ လုပ်ဆောင် ဖို့ အချိန်တန်ပြီလို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။
“ဘာမှ ထူးခြားပြောင်းလဲမှု မရှိတဲ့ အစီရင်ခံစာတွေ ရေးနေကြမယ့်အစား နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပြီလို့ ကျနော်တို့ ထင်တယ်လေ။ ကုလသမဂ္ဂက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးလို့ ရလာတဲ့ အချက်အလက်တွေကတဆင့် သက်ဆိုင်သူတွေကို အရေးယူ အပြစ်ပေးတာ အပါအ၀င် ဘာလုပ်သင့်တယ် ဆိုတာကို တင်ပြသင့်တယ် လို့ ကျနော်တို့ ထင်ပါတယ်။”
လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူးတဦး အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ တရားဝင် အဆိုပြုတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းတဲ့ နေရာမှာလည်း နိုင်ငံရေးအရ လုပ်ဆောင်လိုတဲ့ ဆန္ဒရှိရင် ကော်မရှင်ဖွဲ့နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်လို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ထောက်ပြပါတယ်။
“ဒီကော်မရှင်ဖွဲ့ဖို့က နိုင်ငံရေးအရ လုပ်ဆောင်လိုစိတ် ရှိဖို့ပဲ လိုပါတယ်။ မစ္စတာ ဘန်ကီမွန်း တဦးတည်းလည်း ဆုံးဖြတ်ချက် ချလိုက်လို့ ရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ အရင် အဲဒီလို လုပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို ထောက်ခံ အားပေးကြတဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ၊ ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေ အနေနဲ့လည်း လူ့အခွင့်အရေး ကောင်စီ၊ ဒါမှမဟုတ် အထွေထွေ ညီလာခံက တဆင့် ဒီကော်မ ရှင် ဖွဲ့စည်းရေးကို တောင်းဆိုနိုင်ပါတယ်။”
ဒါမှမဟုတ်လည်း အတွင်းရေးမှူးချုပ် အနေနဲ့ ဖွဲ့စည်းပေးဖို့ ဖိအားပေးလို့ ရနိုင်သလို ဂျနီဗာမြို့မှာ ရုံးထိုင်တဲ့ လူ့အခွင့်အရေး မဟာမင်း ကြီး နာဗီ ပီလေး (Navi Pillay) တဦးတည်းကလည်း ဆုံးဖြတ်ပြီး ဖွဲ့စည်းလို့ ရနိုင်ပါတယ်လို့ သူက ဆက်ပြောသွားပါတယ်။ ဒါကြောင့် ဒီကော်မရှင် ဖွဲ့ရေး၊ မဖွဲ့ရေး ဆိုတာထက် ဘယ်တော့ဖွဲ့မလဲဆိုတဲ့ မေးခွန်းက အဓိက ကျပါတယ်လို့ ဆိုပါတယ်။
တကယ်လို့ အတွင်းရေးမှူးချုပ် ကိုယ်တိုင်၊ ဒါမှမဟုတ် လူ့အခွင့်အရေး မဟာမင်းကြီးက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ဆုံးဖြတ် ချက်ချ လုပ်ဆောင်ခဲ့ရင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေလည်းဖြစ်၊ စစ်အစိုးရနဲ့ ရင်းနှီးတဲ့ မဟာမိတ် နိုင်ငံတွေလည်း ဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ အနေနဲ့လည်း ကန့်ကွက်ပိုင်ခွင့် မရှိဘူးလို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းတုန်းက တရားဝင် သွားရောက်လည်ပတ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဂျနီဗာမြို့မှာရှိတဲ့ လူ့အခွင့်အရေး ကောင်စီကို သူတွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ကင်တားနား တင်သွင်းခဲ့တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး အဆိုပြုချက်ကို ထောက်ခံကြောင်း သြစတြေးလျနိုင်ငံကတော့ တရားဝင် ထုတ်ဖော်ပြောဆိုပြီး ဖြစ်ပါတယ်။ http://www.voanews.com/burmese/2010-03-17-voa3.cfm
Wednesday, March 17, 2010
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
- NLD က စစ်အစိုးရကို တရားစွဲပြီ
- မြန်မာ၏ အလင်းမဲ့အနာဂတ်..
- ရေပြတ်လပ်မှုနဲ့  မြန်မာနိုင်ငံ
- STOP!..Burmese Genocide
- ကျွန်စံနစ်..ပြန်အသစ်စနေကြပြီ။
- ခွေးဝဲစားတွေကို သင်တန်းပေးနေကြပြီ..
- ချုပ်ချုပ်ကြီး..မာမီရွှေ စစ်ဘောင်းဘောင်းချွတ်ပြီတဲ့
- မတွေဝေနဲ့ တော်လှန်ရေးလုပ်ပါ။
- NLD မှ နအဖ ဥက္ကဌ ထံ ပေးစာ
- ဗမာစစ်တပ် အရာရှိများ ရာထူး ပြောင်းရွှေ့ (အရပ်သားလုပ...
- ဒို့ တော့ နဖါးကြိုးအသျှိုမခံနိုင်ပါ
- ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းထံ...
- သင် သမိုင်းရဲ့တရားခံဖြစ်လိုသလား...(အောင်ဆန်းစုကြည်...
- ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး အတွက် မ...
- ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း
- နအဖ စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲနှင့် ဗလာနတ္ထိ...
- နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ
- ဒို့ ကျောင်းသားသွေးတွေ မခြောက်သေးဖူး..မမေ့ကြနဲ့ 
- ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမည့် တည်ဆဲ ...
- ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ မြန်မာနိုင်ငံမှ တရုတ်နို...
-ုခြင်္သေ့ နိုင်လေလေ..မြန်မာမတွေကို တရုတ်တွေ ၀ါးလေလေဘဲ
- Voice of Burma Issue No.754
- ရှင်းတမ်း(၂) (ကျော်သူ)
- ကွဲချင်သလား..ခွဲချင်သလား..ကျားဆွဲသွားမယ်..
- မိတ္ထီလာမြို့ နယ် NLD ကတော့ ပြတ်သားတယ်
- (၄)ကြိမ်မြောက် ABMA ဂျာနယ်ဖြန့်ဝေ
- သောက်ကျိုးနည်းဗျာ..ထမင်းရည်ဇလုံဘေးမှာ ခွေးဝဲစားတွေ...
- 21th Mar 2010 - MoeMaKa Daily
-
▼
March
(335)
No comments:
Post a Comment