နအဖ စစ်အစိုးရ အကြီးအကဲ ရွှေသည် ရွေးကောက်ပွဲ အလွန် ကာလတွင်လည်း ၎င်း၏အာဏာ ဆက်လက် တည်မြဲရေး အတွက် အစီအစဉ်များကို ရေးဆွဲထားကြောင်း စစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ် က ထုတ်ဖော် ပြောဆိုလိုက်သည်။
၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့၏ အလေးပြုမှု ခံယူနေသော သန်းရွှေ ကိုနေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- Getty Images)
ယင်း အစီအစဉ် များနှင့် ပတ်သက်၍ နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းမှ ဦးအောင်လင်းထွဋ်ကို ပြောဆိုထားခြင်း ဖြစ်သည် ဟုလည်း သိရှိရသည်။
သန်းရွှေ၏ အစီအစဉ်များမှာ Plan A, Plan B, Plan C ဟုခေါ်သည့် အစီအစဉ် သုံးခုရှိကြောင်း ပထမ အစီအစဉ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ် ထောက်ခံသည့် အုပ်စုဘက်မှ ပြတ်ပြတ် သားသား အနိုင်ရခဲ့လျှင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တရုတ်နိုင်ငံ ခေါင်းဆောင် တိန့်ရှောင်ဖိန်၊ အီရန်မှ အရာတိုလာခိုမေနီ တို့ကဲ့သို့ ခေါင်းဆောင်ပိုင်း နေရာတွင် ဆက်လက် နေနိုင်မည် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးသိန်းစိန်ခေါင်းဆောင်ကာ အခြား စစ်ဘက်အရာရှိဟောင်း များပါဝင်နေပြီး စစ်အစိုးရကိုထောက်ခံသည့်ပါတီအနေဖြင့် ရပ်တည်လျက်ရှိသည်။
နအဖ အစိုးရကိုထောက်ခံသည့် အခြားပါတီတခုမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်ပြီး ယင်း ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လည်း အာဏာရှင်အစိုးရကို ထောက်ခံသည့်ပါတီတခုဖြစ်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် တစည နှင့် စစ်တပ်ကိုထောက်ခံသည့်ပါတီများ ရှုံးနိမ့် ခဲ့သည့်အဖြစ်မျိုး နောက်ထပ် မဖြစ် စေရန် ဗိုလ်ချုပ်မှူးကြီးက ယခုကဲ့သို့ အစီအစဉ်များ ရေးဆွဲထားခြင်း ဖြစ်သည် ဟုလည်း သိရသည်။
သို့သော် လက်ရှိအခြေအနေတွင် USDP ၏ နိုင်ငံတော်ပိုင်ပစ္စည်းများအား ပါတီလှုပ်ရှားမှုများအတွက် အသုံးပြုနေခြင်း အပေါ်ကို တစည ပါတီမှ ဝေဖန်မှုများ ထွက်ပေါ်နေသည်။
ဒုတိယအစီအစဉ် Plan B သည် လာမည့်ရွေးကောက်ပွဲတွင် စစ်တပ်ထောက်ခံသူများသည် ပြတ်ပြတ်သားသား အနိုင် မရခဲ့ လျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လက်ရှိ နအဖ ကောင်စီ (သို့) အလားတူ စစ်ကောင်စီတခုသည် အစိုးရ၏ နောက် ကွယ်တွင် ရှိနေမည်ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်၏ ဆောင်းပါးတွင်ပါရှိသည်။
စစ်အစိုးရတို့ ကိုယ်တိုင် ရေးဆွဲထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်မည့် စစ်သားများနှင့် အခြားသော ထောက်ခံသူများကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အာဏာပြန်လည် ကြီးထွားလာ နိုင်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်သည့်အပေါ်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက နအဖ၏ ရွေးကောက်ပွဲသည် မှန်ကန်သည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ဟု ဝေဖန်နေမှုများ လည်း ဖြစ်ပေါ်နေသည်။
ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က“အားလုံးသိတဲ့အတိုင်းပဲ NLD ဆိုတာက တကယ့် ဒီမိုကရေစီ လမ်းစဉ်ကို ကိုင်စွဲထားတဲ့ပါတီ၊ ဒီလိုအဖွဲ့က ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ အစိုးရရဲ့ ရွေးကောက်ပွဲ ဆိုတာက ဘယ်နည်းနဲ့မှ ဒီမိုကရေစီ နည်းလမ်းကျနိုင်မှာမဟုတ်ဘူးလေ၊ အဲဒါကို နိုင်ငံတကာက ဝေဖန်တယ် ဆိုတာကတော့ နည်းလမ်းကျပါတယ်”ဟု ပြောသည်။
နောက်ဆုံးအစီအစဉ်သည် စစ်တပ်ကို ထောက်ခံသူများ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်မှ အာဏာပြန်သိမ်းမည် စသည့် အစီအစဉ်သုံးခုကို ဗိုလ်ချုပ်မှူးကြီးက ရေးဆွဲထားကြောင်း သိရှိရသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မည်သို့မျှ အာဏာကို လက်လွှတ်လိမ့်မည် မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်း အဝိုင်းကဆိုသည်ဟု ဦးအောင်လင်းထွဋ်ကပြောသည်။
လက်ရှိခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ဝသွေးစည်းညီညွတ်ရေးတပ်မတော်၊ မွန်ပြည် သစ်ပါတီ၊ ကချင်လွတ်မြောက်ရေးတပ်မတော် စသည့်အဖွဲ့တို့မှ နယ်ခြားစောင့်တပ် ကူးပြောင်းရေးကို လက်မခံသေး သည့် ကိစ္စသည်လည်း ဗိုလ်ချုပ်မှူးကြီးအတွက် အခက်အခဲတရပ်ဖြစ်နေသည်။
ထိုကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံတို့၏ အုပ်ချုပ်မှု အစီရင်ခံစာများကို သက်ဆိုင်ရာ သံရုံးများမှတဆင့် တောင်းခံမှုများလည်း ရှိကြောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် အခြားသောပြင်ဆင်မှုများလည်း ရှိသေး ကြောင်းသိရသည်။
၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်နိုင်ရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်မပြုခဲ့သဖြင့် ထုတ်ပြန်ခြင်း မပြုခဲ့ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး၏ ရုံးမှလာသော သတင်းများအရ ရွေးကောက်ပွဲမတိုင်မီ ၆ လ ခန့်အလိုမှသာ ရွေးကောက်ပွဲဥပဒေများထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်လိုက်ခြင်းသည် နိုင်ငံရေး ပါတီများကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်စေရန် အချိန်ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဦးအောင်လင်းထွဋ် ရေးသားထားသည့် “၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့” အမည်ရသည့် ဆောင်းပါးတွင် ပါရှိသည်။
ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၃ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီအနက် ၃၈ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်။Rest of your post
Friday, July 16, 2010
အာဏာရှင်(သန်းရွှေ) +ဒီမိုကရေစီ (မျှတခြင်း) = လုံးလုံးလျားလျား ခွေးတိုင်းပြည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment