ဆိုင်ကယ် တစီး လိုင်စင်သုံးခု လုပ်ရ သဖြင့် ဆိုင်ကယ်ပိုင်ရှင်များ အခက်ကြုံ7/1/2010 မောင်ရမ္မာ
-------------
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မော်တော် ဆိုင်ကယ် ပိုင်ရှင်များ အနေဖြင့် ဆိုင်ကယ် တစီး အတွက် လိုင်စင် သုံးမျိုး လုပ်နေရသဖြင့် ဆိုင်ကယ် ပိုင်ရှင်များ အခက် ကြုံနေရသည်ဟု သိရသည်။
ဆိုင်ကယ် ပိုင်ရှင် တဦးက “ ဆိုင်ကယ် တစ်စီး အတွက် အခုအခါ လိုင်စင် သုံးခု မလုပ်မနေရ လုပ်နေကြရပါတယ်။ ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင်နဲ့ လူစီး လိုင်စင်ဆိုပြီး သုံးခု လုပ်ရပါတယ်။ ဆိုင်ကယ် မောင်းတဲ့ လိုင်စင်ကိုလဲ ပိုင်ရှင်ကဘဲလုပ်လို့ရတယ်။ နောက်ပြီးတော့ လူစီးလိုင်စင်ဆိုပြီး တခါ လုပ်ရတယ်။” ဟု ပြောသည်။
ဆိုင်ကယ် မောင်းလိုင်စင်မှာ ဆိုင်ကယ်မောင်းမည့် သူ အတွက် ဖြစ်ပြီး လူစီးလိုင်စင်ဆိုသည်မှာ မောင်းသူ နောက်က လိုက်ပါမည့် သူအတွက် ဖြစ်ကြောင်း သိရသည်။
လိုင်စင်လုပ်ခမှာ ဆိုင်ကယ် လိုင်စင်ကို ကျပ်ငွေ သုံးသိန်းခွဲ၊ ဆိုင်ကယ် မောင်းလိုင်စင်ကို ကျပ်ငွေ ၈၅၀၀၀ နှင့် လူစီးလိုင်စင်ကို ကျပ်ငွေ ၈၂၀၀ နှုန်းဖြင့် လုပ်ကိုင်နေရသည်ဟု သိရသည်။
အဆိုပါ လိုင်စင်များကို ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကညန နှင့် ယာဉ်ထိမ်းရဲအဖွဲ့က ပူးတွဲလုပ်ဆောင် နေခြင်းဖြစ်သည်။
“ခုလို လိုင်စင် သုံးမျိုးကို မလုပ်ဘူးဆိုရင် ဆိုင်ကယ် လိုင်စင် ရှိပေမယ့် မောင်းလိုင်စင် မရှိတဲ့ အတွက် မောင်းလို့ မရဘူး။ လူစီး လိုင်စင် မလုပ်ရင် နောက်က လူ မတင်ရဘူး။ တယောက်တည်းဘဲ စီးရမယ်။ အဲဒါတွေကြောင့် ဆိုင်ကယ် ပိုင်ရှင်တွေက ဆိုင်ကယ် တစီး အတွက် လိုင်စင် သုံးခုစီ လုပ်နေရပါတယ်။”
၎င်းပြင် သူက “ အယင်က ဆိုင်ကယ် လိုင်စင်တစ်ခုဘဲ လုပ်ရ တယ်။ မောင်းလိုင်စင်တို့။ လူစီး လိုင်စင်တို့ ဆိုတာ လုပ်စရာ မလိုပါဘူး။ သူတို့ပြောတာကတော့ တောင်ကုတ်မှာ မကြာခဏ ဆိုင်ကယ် တိုက်မှု တွေဖြစ်ပြီး အသေအပျောက်တွေ များ နေတာကြောင့် ဆိုင်ကယ်တွေကို စနစ်တကျဖြစ်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောပါတယ်” ဟု ဆက်ပြောသည်။
ယခုကဲ့သို့ လိုင်စင်များပြုလုပ်ခြင်းကို လွန်ခဲ့သည့် မေလမှ စတင် လုပ်ကိုင်နေသော်လည်း ပြည်သူများမှာ စီးပွားရေး အကျပ်အတည်း ကြောင့် ယခုအချိန်ထိ လိုင်စင်လုပ်သူ အလွန်နည်းပါးနေကြောင်း သိရသည်။
အလားတူ လွန်ခဲသည့်နှစ်က စစ်တွေတွင် ကုန်းလမ်းပို့ဆောင်ရေး ကညနမှ မော်တော်ဆိုင်ကယ်များ၏ ယခင် နံပါတ်ကဒ်ပြား အ၀ိုင်း များကို ဖျမ်းသိမ်းပြီး သုံးထောင့်ကဒ်ပြားအသစ်များ ထုတ်ပေး ရာတွင် ဆိုင်ကယ်တစီးစီမှ ကျပ်ငွေ ၆၁၅၀၀ စီ ကောက်ခံ ခဲ့သည် ဟု သိရသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်တွင် မော်တော် ဆိုင်ကယ် များကို မလုပ်မနေရ တစ်နိုင်ငံလုံးသွား လာနိုင် သည့် (၁၈/ယ) ထုတ်ပေးခဲ့ပြီးနောက် တရုတ်နှင့်ထိုင်းနိုင်ငံလုပ် မော်တော် ဆိုင်ကယ်များကို မော်ဒယ် အလိုက် ကျပ်ငွေ ၃သိန်းမှ ၆ သိန်းအထိ ကညန သို့ လိုင်စင်ကြေးပေးသွင်းခဲ့ရသည်ဟု သိရှိရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ အသုံးအများဆုံးဆိုင်ကယ်များမှာ တရုတ်နှင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် မိန်းမစီ ဆိုင်ကယ်များ ဖြစ်သည်ဟု သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post
Friday, July 2, 2010
ကမ္ဘာမှာ ကြားဖူးပေါင်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment