ခမောက်အငြင်းပွားမှု နယ် NLD များ ပါဝင်လာမြင့်မောင် | သောကြာနေ့၊ ဂျူလိုင်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၃ မိနစ်နယူးဒလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ခွဲထွက်အုပ်စု အမျိုးသား ဒီမိုကရေစီ အင်အားစု၏ ပါတီအမှတ်အသား ခမောက်ပုံ အငြင်းပွားမှုကို နောက်ထပ် အင်အားပြင်းလာသည့် ကိစ္စမှာ အနည်းဆုံး ပြည်နယ်နှင့် တိုင်း ၈ ခုမှ NLD အဖွဲ့ဝင်များက ရွေးကော်ပွဲက်ာမရှင်ထံ ကန့်ကွက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်း၊ ကချင်နှင့် ကရင်ပြည်နယ်ရှိ NLD စည်းအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များက ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာတင်ရန် စီစဉ်နေသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။ ပါတီအမှတ်အသားဆိုင်ရာ ကန့်ကွက်မှုကို ရန်ကုန်ရှိ NLD ခေါင်းဆောင်များက ပြည်ပမီဒီယာများမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နယ်ခေါင်းဆောင်များပါ ဆက်လက်တုံ့ပြန်လာကြခြင်း ဖြစ်သည်။
“ခမောက်ကို ယူသုံးလို့ရှိရင် NLD လို့ ပြောလိုက်သလိုပဲ ဖြစ်သွားတယ်။ ခမောက်ပါတီပါ၊ ဒေါ်အောင်ဆန်းစုကြည်ပါတီပါလို့ ပြောတဲ့ အဓိပ္ပာယ်ဆောင်တယ်။ အဲဒီလို ဆောင်တဲ့အတွက် ကျနော်တို့က လက်မခံနိုင်ပါဘူး။ အဲဒီအတွက် ရွေးကောက်ပွဲ ကော်မရှင်ဆီ ကန့်ကွက်သွားမယ်” ဟု မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် (၁) မဲဆန္ဒမြေမှ လွှတ်တော်အမတ် ဦးလှိုင်အေးက မဇ္ဈိမကို ပြောသည်။
“ပြည်သူတွေက ထင်ယောင်ထင်မှား ဖြစ်စေတဲ့၊ ယုန်ထင်ကြောင်ထင်ဖြစ်အောင် လုပ်နေတဲ့ သဘောဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ သဘောမကျဘူး” ဟု သူက ဆက်ပြောသည်။
NLD လွှတ်တော်အမတ်များဖြစ်သည့် ပဲခူးမြို့မှ ဦးမြတ်လှ၊ တောင်ငူမြို့မှ ဦးအောင်စိုးမြင့်နှင့် ဖားအံမှ ဒေါ်နန်းခင်ထွေးမြင့်တို့ကလည်း ကန့်ကွက်မည်ဟု သိရသည်။
NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုပါက ကော်မရှင်သို့ ဇူလိုင် ၆ ရက်မကျော်ခင် ကန့်ကွက်ရမည်။ လျှောက်ထားသော ပါတီအမည် အလံ၊ တံဆိပ် တို့သည် အခြားပါတီနှင့် ဆင်တူရိုးမှားဖြစ်လျှင် ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
NDF ခေါင်းဆောင်များက ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ကို လိုက်နာမည်ဖြစ်ကြောင်း ကြာသပတေးနေ့က မဇ္ဈိမကို ပြောသည်။
သို့သော် အန်အယ်ဒီသည် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတခြင်း မရှိသည့်အပေါ် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ဘဲ သပိတ်မှောက်တုံ့ပြန်ထားသည်။
၁၉၉ဝ ခုနှစ် တွင် အပြတ်အသတ် အနိုင်ရသော်လည်း အာဏာလွှဲပြောင်းပေးခြင်း မခံရသော အဓိက အတိုက်အခံပါတီကြီးမှ ထိပ်တန်းခေါင်းဆောင်အချို့ကတော့ NDF ပါတီကို ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။
ပါတီအမှတ်အသားနှင့် ပတ်သက်ပြီး အငြင်းပွားကန့်ကွက်မှု မကြာသေးခင်က ဖြစ်ပွားခဲ့ဖူးရာ ကန့်ကွက်သူများက အနိုင်ရခဲ့သည်။
စစ်အစိုးရနှင့်နီးသော ပါတီတခုဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ကျောင်းသားသမဂ္ဂအလံမှ ခွပ်ဒေါင်းပုံကို အသုံးပြုရန် ကြိုးစားရာ စာရေးဆရာ၊ သတင်းစာဆရာများနှင့် အနုပညာရှင်များက ကန့်ကွက်သဖြင့် ပြန်လည်မွမ်းမံပြင်ဆင်လိုက်ရသည်။Rest of your post
Friday, July 2, 2010
NLD ခွဲထွက်အုပ်စု အရှက်တရား ရှိတတ်ရင်ကောင်းမယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment