နရီလင်းလက် Saturday, 18 December 2010 16:00
နေပြည်တော် အထူးစီမံကိန်းများ အကောင် အထည်ဖော်ရေး စီမံကိန်းတွင် လက်ဝါးကြီးအုပ် တည်ဆောက်ခွင့် ရနေသည့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများမှာ ကျပ်သိန်းပေါင်း ထောင်ချီ၍ အကျိုးစီးပွား ဖြစ်ထွန်းနေကြောင်း သိရသည်။
နေပြည်တော်ခန်းမ တည်ဆောက်ရေး လုပ်ငန်းခွင်တခု။ (ဓာတ်ပုံ - AP)
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သော ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၁၀ ခုမှ နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်ကြီး တခုလုံးကို တည်ဆောက်ခွင့် ရရှိနေခြင်း ဖြစ်ကြောင်း နေပြည်တော်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။
ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးအောင်ခမ်းထီ (နေပြည်တော် ဆောက်လုပ်ရေး)၊ ဦးတေဇ (ထူးကုမ္ပဏီ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင် ထရေးဒင်း)၊ ဦးဌေးမြင့် (ယုဇန ကုမ္ပဏီ)၊ ဦးချစ်ခိုင် (ဧဒင်)၊ ဦးရန်ဝင်း (အေ၀မ်းကုမ္ပဏီ) တို့သည် အဓိက တာဝန်ယူ တည်ဆောက်ခွင့်ရထားသည်။
“ဥပမာ မက်စ် ကုမ္ပဏီက ဧက ၅၀၀၀ လောက်ရှိတဲ့ အကျယ်မှာ လွှတ်တော် အဆောက်အအုံ၊ သမ္မတအိမ်တော် အဆောက် အအုံတွေ ခွင့်ရတယ်ဆို ပြီးသွားရင် သူ့အတွက် သိန်း သောင်းနဲ့ချီပြီး အမြတ်ကျန်တယ်။ ဒါကြောင့်လည်း တချို့ကုမ္ပဏီတွေဆို ဗိုလ်ချုပ်တွေကို လာဘ်ထိုးပြီး တည်ဆောက် ခွင့်ရအောင် ကြိုးစားကြတာတွေ ရှိတယ်” ဟု စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။
အဆိုပါ အထူးစီမံကိန်းများ ဆောက်လုပ်ရန် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများအား တင်ဒါခေါ်ယူ၍ တည်ဆောက်ခွင့် လျှောက်ထားရန် ချထားပေးခြင်းမျိုးမဟုတ်ဘဲ စစ်အာဏာပိုင်များက ယုံကြည်စိတ်ချသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကိုသာ တည်ဆောက်ခွင့်ပေးခြင်းကြောင်းလည်း သိရသည်။
“မြေပုံနဲ့ ဆောက်ရမယ့် အဆောက်အအုံ ပုံစံကို ပြတယ်။ ကုန်ကျစရိတ်က ဘယ်လောက် ရှိနိုင်မယ်၊ ဘတ်ဂျက်ချပေးတယ်။ ဘယ်နေ့ အပြီးအပ်ရမယ်ဆိုပြီး ပြောတယ်။ အဲဒီပုံစံနဲ့ သွားတာ” ဟု တည်ဆောက်ရေး လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “အဓိက ကုမ္ပဏီကြီး ၁၀ ခု အောက်မှာ ကုမ္ပဏီ ၆၂ ခုရှိတယ်။ ကုမ္ပဏီကြီးတွေ မနိုင်လို့ ချပေးမှ အောက်က ကုမ္ပဏီတွေက လုပ်ခွင့်ရတာ။ အာဏာပိုင်တွေလာလို့ ဆောက်လုပ်ရေးအခြေအနေ ရှင်းပြတာက အစက နာမည်ခံထားတဲ့ ကုမ္ပဏီကြီးကပဲ လုပ်တာ။ လူကြီးတွေ အနေနဲ့ သိတာကတော့ ၁၀ ခုပဲ” ဟု ဆိုသည်။
ယခု လွှတ်တော် အဆောက်အအုံ၊ သမ္မတ အိမ်တော်၊ ဒုသမ္မတ အိမ်တော်၊ ရုံးအဆောက်အအုံကြီးများ၊ ဗဟိုဘဏ်၊ စစ်သမိုင်းပြတိုက်၊ တိရိစ္ဆာန်ရုံနှင့် အဆောက်အအုံ အများစု ပြီးစီးနေပြီး ၀န်ထမ်းအိမ်ယာနှင့် ရန်ကုန်မြို့ရှိ စိမ်းကဲ့ကန်သာ ဧည့်ရိပ်သာကဲ့သို့ ဧည့်ရိပ်သာများ ဆက်လက်ဆောက်လုပ်နေကြောင်း သိရသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဆောက်လုပ်သွားမည့် နိုင်ငံတော် ဧည့်ရိပ်သာများ တည်ဆောက်ခွင့်ကို ရန်ကုန် အေးရှားပလာဇာ ပိုင်ရှင်၊ အေးရှားအိပ်စ်ပရက် ကုမ္ပဏီမှ တည်ဆောက်ခွင့်ရရှိထားသည်။
“နေပြည်တော်မှာ အမျိုးသား ကဇာတ်ရုံဆောက်ဖို့တွေတော့ ကျန်သေးတယ်။ အထူးစီမံကိန်းမှာ သိန်းပေါင်း ထောင်ချီ ကျန်ပေမယ့် တဖက်မှာလည်း တာဝန်ယူ လုပ်ရတဲ့ ကုမ္ပဏီက တာဝန်ကြီးတယ်။ ဟိုတယ်ဇုန်ကနေ ဘုရားဘက်ကို သွားတဲ့လမ်းဆို ပြီးတာကြာပြီ။ အခုအထိ ပြင်လို့မပြီးသေးဘူး။ လူကြီးတွေ သွားတဲ့လမ်းဆိုတော့ မကြိုက်တာနဲ့ ခဏခဏ ပြန်ပြန်ပြင်နေရတာ။
ဝန်ထမ်းအိမ်ရာဆိုလည်း အဲလိုပဲ အပြောင်းအရွှေ့တွေက ရှိနေတော့ တခုခု ပျက်ရင် ဒီကုမ္ပဏီတွေက တာဝန်ယူပြီး ပြန်ပြန် လုပ်ပေးနေရတာ။ ဒီလိုအပိုင်းတွေတော့ ရှိတယ် ” ဟု နေပြည်တော်စီမံကိန်းမှ အင်ဂျင်နီယာတဦးက ပြောသည်။
နေပြည်တော်ကို ၂၀၀၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၏ မြို့တောာ်အဖြစ် စစ်အစိုးရက သတ်မှတ် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်အစိုးရက ၀န်ကြီးဌာနများနှင့် ၀န်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့စေခဲ့သည်။Rest of your post
Saturday, December 18, 2010
နေပြည်တော် တည်ဆောက်ရေး လက်ဝါးကြီးအုပ်ထားသည့် ကုမ္ပဏီများ အကျိုးဖြစ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
December
(294)
- နှစ်သစ်ဖြာ မင်္ဂလာ လာရောက်ဖတ်ရှုသူအပေါင်း ကျန်းမာစေေ...
- သမိုင်းတွေလည်း အဖျက်ခံနေရပြီ
- ဖတ်ကြည့်ပါ။
- ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်...
- Culture Unplugged Video
- နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ကူညီထောက်ပံ့ဖို့ စေ...
- ရက်စက်လိုက်ကြတာ
- မြန်မာနယ်စပ်သို့် တရုတ်တိုက်ခိုက်ရေးတပ်ဖွဲ့၏ စစ်စခ...
- မီးစက် ကငါတို့ ရွာ မီးလာတာ တရုပ်မြို့  (စစ်အာဏာရှင...
- သူခိုးကြီးများတို့ ရဲ့ ဆွေးနွေးပွဲ
- ကိုယ့်ဘက်ကျ အမှောင်..သူတို့ ဘက်ကျ အလင်းရောင်
- ငတုံးကြီးများရဲ့ တိုင်းပြည် (ကဗျာရှင် မသဒ္ဒါ )
- ဖွတ်ညီလာခံ ဆိုပါလား
- မုန်တိုင်းဘေး ကူညီဖို့  နိုင်ငံတကာကို ဒေါ်အောင်ဆန်း...
- စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့
- ၀..ကလည်း ထိုင်စောင့်မည်။
- နေပြည်တော် နိုင်ငံတကာကျောင်း ထောင်မှု ကို ကျောင်းဆရ...
- "ဆေးကု၍ မရတော့ပါ".
- မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရ...
- ဒေါ်အောင်ဆန်းစုကြည် က ၉၀ ရလဒ်ကို ဆက်ကိုင်ထားမယ်လို့...
- ကျွန်ပ် တို့ ၏ အနီးကပ်ဆုံး ရန်သူ
- ပ၇ိက္ခရာအတွေး
- သွေးသစ်လောင်းဖို့  အချိန်တန်ပြီ။
- ဖွံ့ဖြိုးမှုစကား အားအားတိုင်း မပြောစေချင်
- ဒေါ်ခင်ကြည် အတွက် ဒေါ်အောင်ဆန်းစုကြည် ဆွမ်းကပ်
- ဒေါ်အောင်ဆန်းစုကြည် ကိုဘဲ ထိုင်အားကိုးလို့ မရဘူးလေ ...
- မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘ...
- ထိုင်းနိုင်ငံ တွင်းရှိ သိမှတ်ဖွယ်ရာ မြန်မာ့သာသနာ
- KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး
- ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့
- ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို
- ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၂ ) နှစ်ပတ်လည် အခမ်းအနား
- လုံး တော့လည်း သူ..မုန်းတယ် အတင်း ပြောတာလည်း သူ..
- ငရဲအိုးထဲသို့  "၀" က "လု " အရင်ကြွပါ
- 2010's human rights heroes
- ထားဝယ် ပင်လယ်နက် စီမံကိန်း
- ၂၁ ရာစု တော်ဝင် ဒီမိုကရေစီ နိုင်ငံ
- စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ
- 2010 Election for democracy? war crimes are happen...
- သန်းရွှေ ၏ စစ်တပ်သည် သာ အကြမ်းဖက် အဖွဲ့  ဖြစ်သည်။
- မကြာမီ ကြွက်တွင်းပေါက် ဖြစ်တော့မယ့် ရွှေမြန်မာ
- Heroes of 2010
- Who is 2010 Leader of the Year?
- ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း မြန်မာ့ ပထမဆုံး အထူ...
- သူခိုးက လူဟစ်တယ်တဲ့ဗျ
- မခိုးစားပါဖူးသာ ဆိုတယ် ပါးစပ်မှာ အိုးမည်းတွေနဲ့ .....
- Myanmar junta sends warning to political oppositio...
- ၀ိခီလိခ် က စစ်အုပ်စု စခွက် ပျောက်မှာ ကြောက်လို့  က...
- ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ
- နိုင်ငံရေးအမှုကလွဲလျင် မူးယစ်ဆေး အမှု တို့ သည် အပြ...
- မြူနီစပယ် အရာရှိ အရိုက်ခံရ၍ စစ်တွေတွင် ဆိုက္ကားများ...
- မြန်မာနိုင်ငံတွင် အပြောင်းအလဲတွေဖြစ်တော့မည် ပုံ သတ...
- ပျံကျဈေးသည်များ မြို့တော်ဝန်ကို ဈေးနေရာတောင်း
- Mr creator ရဲ့ 
- နည်းပညာကို လွဲမှားစွာ အသုံးချသူများ
- နိုင်ငံ တကာမှာ လူမိုက်ဖြစ်နေရတာကို မြန်မာဗိုလ်ချုပ...
- မတရားအသင်းဟု ဆိုခြင်းပေါ် ဒီဗီဘီပယ်ချ
- ယူကျူ့ မှ ဗီဒီယိုဖိုင် များ ကို Download လုပ်လိုသူ...
- Newsweek's Interview with Daw Suu
- ဇာကနာရဲ့ ပျက်ကွက်က ခုထိ ပြောင်မြောက်နေတုံးဘဲ
- သူ့ ဖာသာတောင် တယောက်ထဲ မဆင်းမတက်နိုင်။ ထီးနန်းကျ ပ...
- IAEA wants to visit suspected Burma nuclear
- New Images from Aung San Suu Kyi Biopic, THE LADY;...
- Myanmar's HIV crisis
- နည်းပညာကို လွဲမှားစွာ အသုံးချသူများ
- ဒေါ်အောင်ဆန်းစုကြည် နှင့် Al Jazeera -English အင်တာ...
- အဟောင် အကောင်းဆုံး ချေးစားခွေး ဆု
- သူခိုးပေမဲ့ ငါအော်ရဲတယ်ဟဲ့..လူ..လူ..
- နိုင်ငံရေး အကျဉ်းသား မသင်းဇူလိုင်ကျော် လွတ်မြောက်
- ညစ်ပတ်သော လူများ၏ အောက်လမ်းနည်းများ..သတိထား.
- ကာလကတ္တားအကျဉ်းထောင်မှ ပေးစာ
- တိုက်ပွဲကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု...
- တပ်ပေါင်းစု(ဗဒတ) ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှ...
- အခါတော်ပေးတဲ့ ကြံဖွတ် ဗေဒင်ဆရာ စာရေးဆရာ
- ရုပ်ရှင် သရုပ်ဆောင် ရွေးပွဲကြီး နေပြည်တော်မှာ ကျင်...
- ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ ပြောင်းရေ...
- ဖွတ်တွေ ထွက်နေတဲ့ တောင်ပို့ 
- သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ
- အောင်ဆန်းဦး ခွေးအိမ်တဲ့  ဟိုဘက် နောင်တော် ဘလော့ခ်...
- ABMA ဂျာနယ် အတွဲ (၁) အမှတ် (၂၂)
- ပြည်တွင်းမီဒီယာများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆံ...
- ဟက်တက်ကြီးတော့ ပြဲကုန်ဘီ
- မြန်မာဆိုတာ မြောင်းထဲမှာ
- တေဇ ပြီး နောက်အရင်းရှင်သစ်
- စစ်အစိုးရနှင့် DKBA တိုက်ပွဲထပ်ဖြစ်၊ ၈ ဦး ကျဆုံး
- ခွေးသူတောင်းစားက လူပါးဝ နေ။
- ကိုဒီမိုဝေယံ Scrib မှ....
- မစ္စတာ သန်းရွှေအား ထောက်ခံခြင်း
- တာလတ် ပစ် ဒုံးလက်နက် ထုတ်လုပ်မှု
- ၀ါရှင် တန် ရှိ မြန်မာ သံရုံးမှ နေပြည်တော် MOFA သို...
- ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွ...
- ၀ိခီလိခ် သတင်းများ
- ၀ီကီလိခ်ဆိုတာ မိတ်ဆွေပါ..(လူထု စိန်ဝင်း)
- သန်းရွှေလှိုင်ခေါင်းထဲက ခေါင်းထောင် ထွက်လာတဲ့  ၀ိခီ...
- ၀ိခီလိခ်က ပြောတဲ့  တရုပ်ပုံပြင်
- ဗမာအုပ်စုသည် ငလိမ်ကောင်များ ဖြစ်၏(ပုံ- ၀ိခီလိခ်)
- စိမ့် ထွက်နေသောဝိခီလိခ်၏ မြန်မာနိုင်ငံရေးနှိုင်ငံ...
- မိုင်းဆတ်ရောက် ကိုကိုကြီး ၄၉ နှစ်ပြည့် မွေးနေ့အမှတ်တရ
- ပီတိစားသုံးသူများ၏ ဘ၀နိဂုံး
- ‘မန်းရောဘတ်ဘဇန်’ မှ ‘ဆရာတီးမသေ’ သို့ ...
-
▼
December
(294)
No comments:
Post a Comment