ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည် -- ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပထမဆုံး လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိပ်ပိုင်း ခေါင်းဆောင်းများ သီးသန့်ပါဝင်သော အစည်းအဝေးတရပ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည်ဟု ပါတီတွင်း သတင်းရင်းမြစ်များက ပြောသည်။
ကြံ့ဖွံ့ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့တို့ချည်း ပါဝင်သော အစည်းအဝေးကို ဇန်နဝါရီ ၂ ရက်နေ့မှ နှစ်ရက်ကြာ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ကြံ့ဖွံ့က တင်ပြ ဆွေးနွေးမည့် အကြောင်းအရာများ အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ အစည်းအဝေးမှ အစိုးရသစ်အောက်တွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးအဆင့် ရာထူးရလာမည့်သူများ ရွေးထုတ်လိမ့်မည်ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို ဇန်နဝါရီလလယ်တွင် ခေါ်ယူလိမ့်မည်ဟု နေပြည်တော်ရှိ စစ်အစိုးရ သတင်းရပ်ကွက်များက ပြောသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ နေ့များကလည်း နိုင်ငံတဝန်းရှိ ကြံ့ဖွံ့၏ အနိုင်ရ ကိုယ်စားလှယ်များကို ပယမဆုံး အကြိမ်အဖြစ် ခေါ်ယူ၍ ပါတီကို ပိုမို ကျစ်လစ်ခိုင်မာရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ရှေ့ဆက် လုပ်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်များကို အသင်းဥက္ကဌ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး တို့က ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သူတဦး ဖြစ်သော ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြောသည်။
ကြံ့ဖွံ့အနေဖြင့် လုပ်ထားလက်စဖြင့် ပစ်ထားသော လမ်းများ ၊ အဆောက်အဦးများ၊ ရေနှင့် လျှပ်စစ်မီးပေးရေး လုပ်ငန်းများ ပါတီနာမည်မပျက်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ ဥက္ကဌ မှ ညွန်ကြားခဲ့သည်ဟု သူက ပြောသည်။
ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ ၇၆.၅ ရာခိုင်နှုန်းဖြင့် ကြံ့ဖွံ့က အနိုင်ရသွားသည်။
ပြိုင်ဘက်ပါတီများနှင့် နိုင်ငံရေး အကဲခတ်များ၊ အတိုက်အခံများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေသော ရွေးကောက်ပွဲတွင်း ကြံ့ဖွံ့၏ မဲမသမာမှုများနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ အလေးမထားကြောင်း တိုင်းအဆင့် ပါတီခေါင်းဆောင်တဦးက ပြောသည်။
“ကျနော်တို့ပါတီကို မလိုလားတဲ့လူတွေ မကြိုက်မနှစ်သက်တဲ့ လူတွေကတော့ ပြောမှာပေါ့ဗျာ။ ကျနော်တို့လည်း ကြားနေ၊ ကြုံနေရတာပဲ။ ဒါတွေကို ကျနော်တို့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီအစည်းအဝေးတွေကနေ ဆုံးဖြတ်ချက်ကျတဲ့အတိုင်း ဆက်တိုက် လုပ်ဆောင်သွားမှာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။
ဇေကမ္ဘာဦးခင်ရွှေကတော့ နောက်တက်လာမည့် အစိုးရသည် ပိုမိုကောင်းမွန် လာလိမ့်မည်ဟု ပြောသည်။
“အရင်ကတော့ တပ်မတော် အစိုးရဆိုတော့ တမိန့် တအာဏာနဲ့ သွားကြတာကိုး။ အခုဟာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဖွဲ့စည်းပုံမှာလည်းပါပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ စီမံခန့်ခွဲ့ရေး အာဏာ၊ တရားစီရင်ရေး အာဏာ ဒီအာဏာသုံးရပ်နဲ့ အုပ်ချုပ်သွားမှာ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။
လက်ရှိစစ်အစိုးရက ကျောထောက် နောက်ခံပေးထားသော အရပ်ဝတ်လဲ ဗိုလ်ချုပ်များ ဦးဆောင်သော ကြံ့ဖွံ့အနေဖြင့် ဥပဒေဘောင်ကို ကျော်လွှားနိုင်စွမ်းရှိသည်ဟု ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
“ကြံ့ဖွံ့ပါတီက လက်ရှိ အာဏာရ အစိုးရရဲ့ ပါတီလည်းဖြစ်သလို လုပ်ပိုင်ခွင့်တွေအရ ဥပဒေပိုင်းနဲ့ ညှိစွန်းတာတွေ မလုပ်သင့်တာတွေကို လုပ်မိသလို၊ လုပ်ခွင့်ရအောင်လည်း ဥပဒေ ဘောင်ကို ကျော်ပြီးတော့လည်း လုပ်သွားနိုင်တာပေါ့ဗျာ” ဟု ဦးစိုင်းလိတ်က ပြောသည်။
ကြံဖွံ့ ပါတီသည် ၁၉၉၃ ခုနှစ်မှ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့သည်။
၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ဒီပဲယင်းအရပ်၌ အသေအပျောက်များသည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည် ဖြစ်ခဲ့သည်။ အတိုက်အခံများ အဆိုအရ စစ်တပ်၏ ကွပ်ကဲမှုဖြင့် စနစ်တကျ စီစဉ် သတ်ဖြတ်မှုကြောင့် လူ ၇၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။ စစ်အစိုးရကတော့ နှစ်ဘက်အချင်းများရာက လူ ၄ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။Rest of your post
Wednesday, December 29, 2010
ဖွတ်ညီလာခံ ဆိုပါလား
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
December
(294)
- နှစ်သစ်ဖြာ မင်္ဂလာ လာရောက်ဖတ်ရှုသူအပေါင်း ကျန်းမာစေေ...
- သမိုင်းတွေလည်း အဖျက်ခံနေရပြီ
- ဖတ်ကြည့်ပါ။
- ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်...
- Culture Unplugged Video
- နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ကူညီထောက်ပံ့ဖို့ စေ...
- ရက်စက်လိုက်ကြတာ
- မြန်မာနယ်စပ်သို့် တရုတ်တိုက်ခိုက်ရေးတပ်ဖွဲ့၏ စစ်စခ...
- မီးစက် ကငါတို့ ရွာ မီးလာတာ တရုပ်မြို့  (စစ်အာဏာရှင...
- သူခိုးကြီးများတို့ ရဲ့ ဆွေးနွေးပွဲ
- ကိုယ့်ဘက်ကျ အမှောင်..သူတို့ ဘက်ကျ အလင်းရောင်
- ငတုံးကြီးများရဲ့ တိုင်းပြည် (ကဗျာရှင် မသဒ္ဒါ )
- ဖွတ်ညီလာခံ ဆိုပါလား
- မုန်တိုင်းဘေး ကူညီဖို့  နိုင်ငံတကာကို ဒေါ်အောင်ဆန်း...
- စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့
- ၀..ကလည်း ထိုင်စောင့်မည်။
- နေပြည်တော် နိုင်ငံတကာကျောင်း ထောင်မှု ကို ကျောင်းဆရ...
- "ဆေးကု၍ မရတော့ပါ".
- မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရ...
- ဒေါ်အောင်ဆန်းစုကြည် က ၉၀ ရလဒ်ကို ဆက်ကိုင်ထားမယ်လို့...
- ကျွန်ပ် တို့ ၏ အနီးကပ်ဆုံး ရန်သူ
- ပ၇ိက္ခရာအတွေး
- သွေးသစ်လောင်းဖို့  အချိန်တန်ပြီ။
- ဖွံ့ဖြိုးမှုစကား အားအားတိုင်း မပြောစေချင်
- ဒေါ်ခင်ကြည် အတွက် ဒေါ်အောင်ဆန်းစုကြည် ဆွမ်းကပ်
- ဒေါ်အောင်ဆန်းစုကြည် ကိုဘဲ ထိုင်အားကိုးလို့ မရဘူးလေ ...
- မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘ...
- ထိုင်းနိုင်ငံ တွင်းရှိ သိမှတ်ဖွယ်ရာ မြန်မာ့သာသနာ
- KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး
- ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့
- ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို
- ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၂ ) နှစ်ပတ်လည် အခမ်းအနား
- လုံး တော့လည်း သူ..မုန်းတယ် အတင်း ပြောတာလည်း သူ..
- ငရဲအိုးထဲသို့  "၀" က "လု " အရင်ကြွပါ
- 2010's human rights heroes
- ထားဝယ် ပင်လယ်နက် စီမံကိန်း
- ၂၁ ရာစု တော်ဝင် ဒီမိုကရေစီ နိုင်ငံ
- စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ
- 2010 Election for democracy? war crimes are happen...
- သန်းရွှေ ၏ စစ်တပ်သည် သာ အကြမ်းဖက် အဖွဲ့  ဖြစ်သည်။
- မကြာမီ ကြွက်တွင်းပေါက် ဖြစ်တော့မယ့် ရွှေမြန်မာ
- Heroes of 2010
- Who is 2010 Leader of the Year?
- ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း မြန်မာ့ ပထမဆုံး အထူ...
- သူခိုးက လူဟစ်တယ်တဲ့ဗျ
- မခိုးစားပါဖူးသာ ဆိုတယ် ပါးစပ်မှာ အိုးမည်းတွေနဲ့ .....
- Myanmar junta sends warning to political oppositio...
- ၀ိခီလိခ် က စစ်အုပ်စု စခွက် ပျောက်မှာ ကြောက်လို့  က...
- ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ
- နိုင်ငံရေးအမှုကလွဲလျင် မူးယစ်ဆေး အမှု တို့ သည် အပြ...
- မြူနီစပယ် အရာရှိ အရိုက်ခံရ၍ စစ်တွေတွင် ဆိုက္ကားများ...
- မြန်မာနိုင်ငံတွင် အပြောင်းအလဲတွေဖြစ်တော့မည် ပုံ သတ...
- ပျံကျဈေးသည်များ မြို့တော်ဝန်ကို ဈေးနေရာတောင်း
- Mr creator ရဲ့ 
- နည်းပညာကို လွဲမှားစွာ အသုံးချသူများ
- နိုင်ငံ တကာမှာ လူမိုက်ဖြစ်နေရတာကို မြန်မာဗိုလ်ချုပ...
- မတရားအသင်းဟု ဆိုခြင်းပေါ် ဒီဗီဘီပယ်ချ
- ယူကျူ့ မှ ဗီဒီယိုဖိုင် များ ကို Download လုပ်လိုသူ...
- Newsweek's Interview with Daw Suu
- ဇာကနာရဲ့ ပျက်ကွက်က ခုထိ ပြောင်မြောက်နေတုံးဘဲ
- သူ့ ဖာသာတောင် တယောက်ထဲ မဆင်းမတက်နိုင်။ ထီးနန်းကျ ပ...
- IAEA wants to visit suspected Burma nuclear
- New Images from Aung San Suu Kyi Biopic, THE LADY;...
- Myanmar's HIV crisis
- နည်းပညာကို လွဲမှားစွာ အသုံးချသူများ
- ဒေါ်အောင်ဆန်းစုကြည် နှင့် Al Jazeera -English အင်တာ...
- အဟောင် အကောင်းဆုံး ချေးစားခွေး ဆု
- သူခိုးပေမဲ့ ငါအော်ရဲတယ်ဟဲ့..လူ..လူ..
- နိုင်ငံရေး အကျဉ်းသား မသင်းဇူလိုင်ကျော် လွတ်မြောက်
- ညစ်ပတ်သော လူများ၏ အောက်လမ်းနည်းများ..သတိထား.
- ကာလကတ္တားအကျဉ်းထောင်မှ ပေးစာ
- တိုက်ပွဲကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု...
- တပ်ပေါင်းစု(ဗဒတ) ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှ...
- အခါတော်ပေးတဲ့ ကြံဖွတ် ဗေဒင်ဆရာ စာရေးဆရာ
- ရုပ်ရှင် သရုပ်ဆောင် ရွေးပွဲကြီး နေပြည်တော်မှာ ကျင်...
- ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ ပြောင်းရေ...
- ဖွတ်တွေ ထွက်နေတဲ့ တောင်ပို့ 
- သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ
- အောင်ဆန်းဦး ခွေးအိမ်တဲ့  ဟိုဘက် နောင်တော် ဘလော့ခ်...
- ABMA ဂျာနယ် အတွဲ (၁) အမှတ် (၂၂)
- ပြည်တွင်းမီဒီယာများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆံ...
- ဟက်တက်ကြီးတော့ ပြဲကုန်ဘီ
- မြန်မာဆိုတာ မြောင်းထဲမှာ
- တေဇ ပြီး နောက်အရင်းရှင်သစ်
- စစ်အစိုးရနှင့် DKBA တိုက်ပွဲထပ်ဖြစ်၊ ၈ ဦး ကျဆုံး
- ခွေးသူတောင်းစားက လူပါးဝ နေ။
- ကိုဒီမိုဝေယံ Scrib မှ....
- မစ္စတာ သန်းရွှေအား ထောက်ခံခြင်း
- တာလတ် ပစ် ဒုံးလက်နက် ထုတ်လုပ်မှု
- ၀ါရှင် တန် ရှိ မြန်မာ သံရုံးမှ နေပြည်တော် MOFA သို...
- ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွ...
- ၀ိခီလိခ် သတင်းများ
- ၀ီကီလိခ်ဆိုတာ မိတ်ဆွေပါ..(လူထု စိန်ဝင်း)
- သန်းရွှေလှိုင်ခေါင်းထဲက ခေါင်းထောင် ထွက်လာတဲ့  ၀ိခီ...
- ၀ိခီလိခ်က ပြောတဲ့  တရုပ်ပုံပြင်
- ဗမာအုပ်စုသည် ငလိမ်ကောင်များ ဖြစ်၏(ပုံ- ၀ိခီလိခ်)
- စိမ့် ထွက်နေသောဝိခီလိခ်၏ မြန်မာနိုင်ငံရေးနှိုင်ငံ...
- မိုင်းဆတ်ရောက် ကိုကိုကြီး ၄၉ နှစ်ပြည့် မွေးနေ့အမှတ်တရ
- ပီတိစားသုံးသူများ၏ ဘ၀နိဂုံး
- ‘မန်းရောဘတ်ဘဇန်’ မှ ‘ဆရာတီးမသေ’ သို့ ...
-
▼
December
(294)
No comments:
Post a Comment