မြန်မာ့နိုင်ငံရေး အိန္ဒိယ ဝေဖန်ချက် ဝီကီလိစ်တွင် ပေါက်ကြား ရန်ပိုင် Friday, 17 December 2010 00:00
မြန်မာ စစ်အစိုးရသည် ကမ္ဘာကို မည်သို့မည်ပုံ လှည့်စားရမည်ကို ၎င်းတို့၏ “ဆရာ” တရုတ်ထံမှ နည်းယူခဲ့ပြီး အမေရိကန်၏ အာရုံစူးစိုက်မှုရရန် နျူကလီးယား အစီအစဉ်ကို လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု အိန္ဒိယ အစိုးရ ထိပ်တန်းအရာရှိတဦးက အမေရိကန်သံတမန်များကို ပြောကြောင်း ဝီကလီစ်မှ ပေါက်ကြားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၀၄ ခုနှစ်အတွင်းက အရှေ့တောင်အာရှရေး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မိတြာ ဗာရှီသျှတာက ထိုသို့ ပြောဆိုကြောင်း အမေရိကန် သံတမန်များက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာသို့ အစီရင်ခံချက် ပေါက်ကြားလာခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မစ္စ ဗာရှီသျှတာက သူ့ (ဒေါ်အောင်ဆန်းစုကြည်) မှာ “အချိန်အခါက အခွင့်သာလိုက် မသာလိုက် ဖြစ်နေတယ်” ဟု ပြောထားသည်။
မြန်မာ့ဒီမိုကရေစီ အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂကိုလည်း အားကိုး၍ မရကြောင်း၊ ဥရောပသမဂ္ဂမှာလည်း မြန်မာ့အရေးကို ရေရှည်မျော်မှန်း၍ မကြည့်သည့်အတွက် အိန္ဒိယနိုင်ငံသာလျှင် အကောင်းဆုံး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အကောင်းဆုံး နည်းလမ်းမှာ စစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသည့်နည်းက ဒီမိုကရေစီ လမ်းကြောင်းအတွက် တွန်းအား ပေးနိုင်မည်ဖြစ်ကြောင်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလအတွင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အလည်အပတ်လာရောက်သည့် အမေရိကန် အဆင်မြင့်အရာရှိများကို ပြောဆိုခဲ့သည်ဟု ယင်းလျှို့ဝှက်စာ၌ ဖော်ပြထားသည်။
ယင်းပေါက်ကြားသည့် စာတွင်၂၀၀၄ ခုနှစ် အောက်တိုဘာလ အတွင်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်စဉ် “မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းမှု နည်းပါးနေခြင်း” ကို အိန္ဒိယ အနေဖြင့် စိုးရိမ်ကြောင်း အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောဆိုခဲ့သည်ဟုလည်း ပါရှိသည်။
ဗိုလ်ချုပ်မှူးကြီး၏ အဆိုပါခရီးစဉ်၌ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်သည့်အခါတွင်မူ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်မှုများကို တိုးမြှင့်သွားမည်ဟု ပါရှိခဲ့သည်။
သို့သော် မစ္စ ဗာရှီသျှတာကမူ အဆိုပါ ပူးတွဲကြေညာချက်ပါ အချက်များမှာ လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ပေါက်ကြားသည့်စာတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံမှာ လက်ရှိအနေအထားအရ မြန်မာနိုင်ငံနှင့် ကပ်လျက်ရှိသည့် မီဇိုရမ်ပြည်နယ်နှင့် မဏိပူပြည်နယ်မှ ခွဲထွက်ရေးအုပ်စုများ၏ ပုန်ကန်မှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါအုပ်စုများသည် မြန်မာနိုင်ငံ အနောက်မြောက် ဒေသတွင် ခိုအောင်းနေသည့်အတွက် မြန်မာစစ်အစိုးရအနေဖြင့် ပူးပေါင်းနှိမ်နင်းပေးရန် အိန္ဒိယနိုင်ငံက လိုလားလျက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိန္ဒိယအစိုးရက မြန်မာ စစ်အစိုးရကို စစ်ဘက်သုံး မြေထိုးစက်၊ ကရိန်းကား၊ ဆိုင်ကယ်၊ ကားများနှင့် ဆက်သွယ်ရေးသုံး ပစ္စည်းများကို အခမ်းအနားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့တွင် ပေးအပ်ခဲ့သည်။
တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် သြဇာဖြန့်ကျက်ထားပြီး အိန္ဒိယအစိုးရနှင့် ပတ်သက်သည့် နေရာတိုင်းတွင်လည်း လိုက်လံ ပတ်သက်နေကြောင်း၊ မြန်မာနိုင်ငံ အတွင်းတွင် တရုတ်စစ်တပ်၏ ပါဝင်ပတ်သက်မှု အတိုင်းအတာမှာ ကြီးမားနေကြောင်း၊ ယင်းအခြေအနေများအပေါ် အိန္ဒိယအနေဖြင့် စိုးရိမ်ပူပန်မှုရှိသည်ဟုလည်း ၀ီကီလိစ် လျှို့ဝှက်စာ၌ ပါရှိသည်။
ဝီကီလိစ်သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ သုံးသပ်ဝေဖန်ချက်များ၊ စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက်စီမံကိန်း၊ စစ်အစိုးရအပေါ် တရုတ်အစိုးရ၏ စိတ်ပျက်မှု စသည်တို့ကို ဆက်တိုက် ဖော်ထုတ်ခဲ့သည်။Rest of your post
Saturday, December 18, 2010
ကုလားနှင့်တရုတ် ဗမာစစ်အုပ်စုအား ရှေ့ တမျိုးကွယ်ရာတမျိုး ပြောနေကြ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
December
(294)
- နှစ်သစ်ဖြာ မင်္ဂလာ လာရောက်ဖတ်ရှုသူအပေါင်း ကျန်းမာစေေ...
- သမိုင်းတွေလည်း အဖျက်ခံနေရပြီ
- ဖတ်ကြည့်ပါ။
- ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်...
- Culture Unplugged Video
- နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ကူညီထောက်ပံ့ဖို့ စေ...
- ရက်စက်လိုက်ကြတာ
- မြန်မာနယ်စပ်သို့် တရုတ်တိုက်ခိုက်ရေးတပ်ဖွဲ့၏ စစ်စခ...
- မီးစက် ကငါတို့ ရွာ မီးလာတာ တရုပ်မြို့  (စစ်အာဏာရှင...
- သူခိုးကြီးများတို့ ရဲ့ ဆွေးနွေးပွဲ
- ကိုယ့်ဘက်ကျ အမှောင်..သူတို့ ဘက်ကျ အလင်းရောင်
- ငတုံးကြီးများရဲ့ တိုင်းပြည် (ကဗျာရှင် မသဒ္ဒါ )
- ဖွတ်ညီလာခံ ဆိုပါလား
- မုန်တိုင်းဘေး ကူညီဖို့  နိုင်ငံတကာကို ဒေါ်အောင်ဆန်း...
- စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့
- ၀..ကလည်း ထိုင်စောင့်မည်။
- နေပြည်တော် နိုင်ငံတကာကျောင်း ထောင်မှု ကို ကျောင်းဆရ...
- "ဆေးကု၍ မရတော့ပါ".
- မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရ...
- ဒေါ်အောင်ဆန်းစုကြည် က ၉၀ ရလဒ်ကို ဆက်ကိုင်ထားမယ်လို့...
- ကျွန်ပ် တို့ ၏ အနီးကပ်ဆုံး ရန်သူ
- ပ၇ိက္ခရာအတွေး
- သွေးသစ်လောင်းဖို့  အချိန်တန်ပြီ။
- ဖွံ့ဖြိုးမှုစကား အားအားတိုင်း မပြောစေချင်
- ဒေါ်ခင်ကြည် အတွက် ဒေါ်အောင်ဆန်းစုကြည် ဆွမ်းကပ်
- ဒေါ်အောင်ဆန်းစုကြည် ကိုဘဲ ထိုင်အားကိုးလို့ မရဘူးလေ ...
- မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘ...
- ထိုင်းနိုင်ငံ တွင်းရှိ သိမှတ်ဖွယ်ရာ မြန်မာ့သာသနာ
- KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး
- ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့
- ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို
- ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၂ ) နှစ်ပတ်လည် အခမ်းအနား
- လုံး တော့လည်း သူ..မုန်းတယ် အတင်း ပြောတာလည်း သူ..
- ငရဲအိုးထဲသို့  "၀" က "လု " အရင်ကြွပါ
- 2010's human rights heroes
- ထားဝယ် ပင်လယ်နက် စီမံကိန်း
- ၂၁ ရာစု တော်ဝင် ဒီမိုကရေစီ နိုင်ငံ
- စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ
- 2010 Election for democracy? war crimes are happen...
- သန်းရွှေ ၏ စစ်တပ်သည် သာ အကြမ်းဖက် အဖွဲ့  ဖြစ်သည်။
- မကြာမီ ကြွက်တွင်းပေါက် ဖြစ်တော့မယ့် ရွှေမြန်မာ
- Heroes of 2010
- Who is 2010 Leader of the Year?
- ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း မြန်မာ့ ပထမဆုံး အထူ...
- သူခိုးက လူဟစ်တယ်တဲ့ဗျ
- မခိုးစားပါဖူးသာ ဆိုတယ် ပါးစပ်မှာ အိုးမည်းတွေနဲ့ .....
- Myanmar junta sends warning to political oppositio...
- ၀ိခီလိခ် က စစ်အုပ်စု စခွက် ပျောက်မှာ ကြောက်လို့  က...
- ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ
- နိုင်ငံရေးအမှုကလွဲလျင် မူးယစ်ဆေး အမှု တို့ သည် အပြ...
- မြူနီစပယ် အရာရှိ အရိုက်ခံရ၍ စစ်တွေတွင် ဆိုက္ကားများ...
- မြန်မာနိုင်ငံတွင် အပြောင်းအလဲတွေဖြစ်တော့မည် ပုံ သတ...
- ပျံကျဈေးသည်များ မြို့တော်ဝန်ကို ဈေးနေရာတောင်း
- Mr creator ရဲ့ 
- နည်းပညာကို လွဲမှားစွာ အသုံးချသူများ
- နိုင်ငံ တကာမှာ လူမိုက်ဖြစ်နေရတာကို မြန်မာဗိုလ်ချုပ...
- မတရားအသင်းဟု ဆိုခြင်းပေါ် ဒီဗီဘီပယ်ချ
- ယူကျူ့ မှ ဗီဒီယိုဖိုင် များ ကို Download လုပ်လိုသူ...
- Newsweek's Interview with Daw Suu
- ဇာကနာရဲ့ ပျက်ကွက်က ခုထိ ပြောင်မြောက်နေတုံးဘဲ
- သူ့ ဖာသာတောင် တယောက်ထဲ မဆင်းမတက်နိုင်။ ထီးနန်းကျ ပ...
- IAEA wants to visit suspected Burma nuclear
- New Images from Aung San Suu Kyi Biopic, THE LADY;...
- Myanmar's HIV crisis
- နည်းပညာကို လွဲမှားစွာ အသုံးချသူများ
- ဒေါ်အောင်ဆန်းစုကြည် နှင့် Al Jazeera -English အင်တာ...
- အဟောင် အကောင်းဆုံး ချေးစားခွေး ဆု
- သူခိုးပေမဲ့ ငါအော်ရဲတယ်ဟဲ့..လူ..လူ..
- နိုင်ငံရေး အကျဉ်းသား မသင်းဇူလိုင်ကျော် လွတ်မြောက်
- ညစ်ပတ်သော လူများ၏ အောက်လမ်းနည်းများ..သတိထား.
- ကာလကတ္တားအကျဉ်းထောင်မှ ပေးစာ
- တိုက်ပွဲကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု...
- တပ်ပေါင်းစု(ဗဒတ) ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှ...
- အခါတော်ပေးတဲ့ ကြံဖွတ် ဗေဒင်ဆရာ စာရေးဆရာ
- ရုပ်ရှင် သရုပ်ဆောင် ရွေးပွဲကြီး နေပြည်တော်မှာ ကျင်...
- ဦးသန်းရွှေပိုင်ဒေါ်လာများ တရုပ်ဘဏ်များသို့ ပြောင်းရေ...
- ဖွတ်တွေ ထွက်နေတဲ့ တောင်ပို့ 
- သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ
- အောင်ဆန်းဦး ခွေးအိမ်တဲ့  ဟိုဘက် နောင်တော် ဘလော့ခ်...
- ABMA ဂျာနယ် အတွဲ (၁) အမှတ် (၂၂)
- ပြည်တွင်းမီဒီယာများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆံ...
- ဟက်တက်ကြီးတော့ ပြဲကုန်ဘီ
- မြန်မာဆိုတာ မြောင်းထဲမှာ
- တေဇ ပြီး နောက်အရင်းရှင်သစ်
- စစ်အစိုးရနှင့် DKBA တိုက်ပွဲထပ်ဖြစ်၊ ၈ ဦး ကျဆုံး
- ခွေးသူတောင်းစားက လူပါးဝ နေ။
- ကိုဒီမိုဝေယံ Scrib မှ....
- မစ္စတာ သန်းရွှေအား ထောက်ခံခြင်း
- တာလတ် ပစ် ဒုံးလက်နက် ထုတ်လုပ်မှု
- ၀ါရှင် တန် ရှိ မြန်မာ သံရုံးမှ နေပြည်တော် MOFA သို...
- ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွ...
- ၀ိခီလိခ် သတင်းများ
- ၀ီကီလိခ်ဆိုတာ မိတ်ဆွေပါ..(လူထု စိန်ဝင်း)
- သန်းရွှေလှိုင်ခေါင်းထဲက ခေါင်းထောင် ထွက်လာတဲ့  ၀ိခီ...
- ၀ိခီလိခ်က ပြောတဲ့  တရုပ်ပုံပြင်
- ဗမာအုပ်စုသည် ငလိမ်ကောင်များ ဖြစ်၏(ပုံ- ၀ိခီလိခ်)
- စိမ့် ထွက်နေသောဝိခီလိခ်၏ မြန်မာနိုင်ငံရေးနှိုင်ငံ...
- မိုင်းဆတ်ရောက် ကိုကိုကြီး ၄၉ နှစ်ပြည့် မွေးနေ့အမှတ်တရ
- ပီတိစားသုံးသူများ၏ ဘ၀နိဂုံး
- ‘မန်းရောဘတ်ဘဇန်’ မှ ‘ဆရာတီးမသေ’ သို့ ...
-
▼
December
(294)
No comments:
Post a Comment