Wednesday, December 15, 2010

မြ၀တီမှ တပ်မတော် သူရဲကောင်း

ကရင်ပြည်နယ် မြ၀တီမြို့မှ ကုန်ပစ္စည်းများကို ပို့ဆောင်ရာလမ်းတစ်လျှောက်တွင်နာမည်ကြီးလွန်းသော သော တံတားကျိုးဗျူဟာ ဗိုလ်မြတ်ဇော်ဦးဂိတ်သည် သောင်းကျန်းသူသူပုန်များနှင့် အဆက်အသွယ် ရှိုပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် မတရား ဂုတ်သွေးစုပ်နေကြောင်းကို သတင်းရရှိပါတယ်…

ဖြစ်စဉ်သတင်းအကျဉ်းချူပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်…
မြ၀တီမြို့ ကုန်သွယ်ရေးဇုံတွင်ချစ်ကြည်ရေးတံတားပိတ်ထား၍ ထိုင်းနိုင်ငံမှကုန်ပစ္စည်းများ သယ်ယူခွင့်မပြုဆိုသောကြောင့် ထိုင်းကုန် ပစ္စည်းများ ကို တရားမ၀င် ဘေးလှေဂိတ်များမှ တဆင့် စားကုန်၊ လူသုံးကုန်၊ စက်ဘီး၊ ကားနှင့် ဆိုင်ကယ်များကို နေ့စဉ်တင်သွင်း လျှက်ရှိနေပါသည်..ထိုပစ္စည်းများသည် တောလမ်းများမှတဆင့် သယ်ယူပြီး ပြည်တွင်း ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်မြို့များသို့ သယ် ဆောင်သည့်အခါဝယ် အမည်နာမ အမျိုးမျိုးတပ်ပြီး မှိုလိုပေါက်နေသော စစ်ဆေးရေးဂိတ်များကို ဂိတ်ကြေးများပေးကာ သယ်ဆောင် နေရပါသည်…

ထိုများပြားလှသော စစ်ဆေးရေးဂိတ်များထဲမှ လုံခြုံရေးဂိတ်ဆိုသော တံတားကျိုး ဗျူဟာဗိုလ်မြတ်ဇော်ဦးဂိတ်သည် လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သော KNU အဖွဲ့ နှင့်ပေါင်းစားသော အဆိုးဝါးဆုံးဂိတ်တစ်ခုဖြစ်နေပါတော့သည်…ဗိုလ်ကြီးမြတ်ဇော်ဦးသည် မယား ငယ်အသွယ်သွယ်၊ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် ပျော်ပါးရန်အတွက် KNU လက်နက်ကိုင် အဖွဲ့ကို ဆက်ကြေးအဖြစ် ၁၂ ဘီးယာဉ်ကြီး ၂ စီး ကိုအခမဲ့ ဖြတ်သန်းခွင့် ကို ကွင်းကလေး ဥက္ကဌ ဇနီးမှတဆင့်ပေးကာ ရန်သူ၏ တိုက်ခိုက်မူမှ ကာကွယ်ထားသူတစ်ဦးဖြစ်ပါသည်…
နေ့စဉ် ၁၂ ဘီးကားတစ်စီး - ၂၅ သိန်း
၁၀ ဘီးကားတစ်စီး - ၂၀ သိန်း
၆ ဘီးကားတစ်စီး - ၁၅ သိန်း နှူန်းဖြင့် ယာဉ်ကြီးအစီးရေ ၇၀ ကျော် မှ ကောက်ခံလျှက်ရှိပြီး ယာဉ်ငယ်အစီး ရေ ၃၀၀ နီးပါးထံမှ တစ်စီးကို ၆ သောင်းကျပ်မှ တစ်သိန်းခွဲ အထိ ကောက်ခံနေပါသည်…အဆင်းနေ့တစ်နေ့ထဲမှာပင် သိန်းတစ်ထောင် ကျော် ရနေသောသူအဖို့ တပ်မမှူးများ၊ ဗျူဟာမှူးများ၊ ကိုလိုသလို ထိန်းချူပ်နိုင်ပြီး မိန်းမငယ်လေးများကိုလည်း လချူပ်- နှစ်ချူပ်နှင့် ယူပြီး ပျော်ပါးနေသည်ကို အထက်လူကြီး များသိသိလျက်ပင် မမြင်ချင်ယောင်ဆောင်နေကြသည်..

ကျော်မွဲမျက်နှာငယ်ကုန်သယ်များအား အတင်းအဓ္ဓမ ညှင်းပနုးနှိပ်စက်ရန်အတွက် တပ်ထိန်းများကိုတာဝန်ပေးထားပြီး နိုင်ငံတော်ပိုင် ငွေကြေးများကို အသုံးပြုပြီး KNU ကိုဆက်ကြေးပေးပြီး ဂိတ်ဖွင့်စီးပွားရှာသော တပ်မတော် ဗိုလ်ကြီးမြတ်ဇော်ဦးသည် ၂ ဖက်ကြားမှ ခွချက်နေသော တပ်မတော်သူရဲကောင်းတစ်ဦးဖြစ်နေပြီ ဆိုသည့်အကြောင်းကို ပြည်သူများသိအောင် တင်ပြလိုက်ရပါသည်…

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်