Thursday, July 3, 2008

မဲဆောက်က မြန်မာ အလုပ်သမားတဦးအား ၀ိုင်းဝန်းထိုးကြိတ်မှု ဖြစ်ပွား

              ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ သိုးမွှေးစက်ရုံတခုတွင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အလုပ်သမား တဦးအား အလုပ်ရှင်ထိုင်းသူဌေး.နှင့် လူယုံမြန်မာအလုပ်သမားနှစ်ဦးက ၀ိုင်းဝန်းရိုက်နှက်သောကြောင့် မြန်မာအလုပ်သမား ဒဏ်ရာပြင်းထန်စွာရရှိပြီး မျက်လုံးတဖက် ကွယ်ခဲ့ရတဲ့အမှု ဇွန်လ လယ်ပိုင်းက ဖြစ်ပွားခဲ့ပါသည်။


မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ

အခင်းဖြစ်ပွားပုံမှာ မဲဆောက်မြို့ ယဉ်ဖူးသိုးမွှေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား တဦးတဦးဖြစ်သည့် အောင်အောင်(ခ)တွတ်ပီ မှာ လစာထုတ်ရက်ဖြစ်သော ဇွန်လ၊ ၁၅ရက်နေ့ ည ၇နာရီခန့်တွင် မိမိ၏ လစာငွေအား သူဌေးဆီသွားရောက် ထုတ်ယူရာ သူဌေးမှလုပ်အားခအပြည့်အ၀မပေးဘဲ။ မလိုလားအပ်သောဖြတ်တောက်မှုများကိုပြုမူသဖြင့် မိမိလုပ်အားခအား မှန်မှန်ကန်ကန်ပေးရန် ထိုင်းအလုပ်ရှင်သဌေးအားတောင်းရာ ထိုင်းအလုပ်ရှင်မှမပေးဘဲ စကာချေအတင်များရာမှ
သူဌေး.လူယုံများဖြစ်သော မြန်မာအလုပ်သမား ကျော်ကျော်နှင့် စိန်ပိုက်ဆိုသူတို့ မှ အောင်အောင်အား နောက်ကျောမှ တဦးကပုလင်းဖြင့် ၀င်ရိုက်ပြီး ကျန်တဦးက ၀က်အူလှည့်ဖြင့် ၀င်ထိုးသောကြောင့် အောင် အောင်မှာ ထိုနေရာမှာပင် လဲကျမေ့လဲ သွားခဲ့သည်။
ဒဏ်ရာဖြင့်လဲနေသောအောင်အောင်အား ထိုင်းအလုပ်ရှင်မှ ကားပေါ်သို့ ဆွဲတင်ဆောင်သွားကာ ဘန့်စောင်ခွဲလမ်းဘေး တနေရာတွင် ပစ်ချရန်ကြိုးစားခဲ့ပါသည်၊ ကားပေါ်တွင်လိုက်ပါလာသော မြန်မာအလုပ်သမား လူပျိုကြီးဆိုသူ. တောင်းပန်ပြောကြားချက်အရ မယ်တော် ဆေးခန်းတွင် ဆေးကုသမှုကို ခံယူခဲ့ရပါသော်လည်း အောင်အောင်မှာ ပုလင်းဖြင့်ရိုက်နှက်ခံရမှုတို့ကြောင့် လည်ပင်းရှေ့နှင့် နဖူးတို့တွင် ညိုမဲ ဖူးရောင်ဒဏ်ရာများရရှိခကြသည့်အပြင် ၀က်အူလှည့်ကြောင့် ညာဖက်မျက်လုံး ညိုမဲပြီး မျက်လုံးကွယ်ခဲ့ရပါသည်၊ ယခုအခါ မယ်တော်ဆေးခန်းမှ ဆရာဝန်.ပြောပြချက်အရ ညာဖက်မျက်လုံးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် ပြန်လည်ကောင်းမွန်လာ နိုင်မည့်အခြေအနမရှိတော့ကြောင်း သိရှိရပြီး ဆေးရုံတက်နေစဉ်အတွင်း စက်ရုံသူဌေးမှ လာရောက်ကြည့်ရှူခြင်းမရှိသည့် အပြင် အောင်အောင်အားဆက်သွယ်သည့် မြန်မာအလုပ်သမားများကို အလုပ်မှထုတ်ပစ်ခဲ့ပါသည်၊
မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား ဦးရေမှာ တစ်သိန်း ငါးသောင်းခန့် ၀င်ရောက် နေထိုင်လျှက်ရှိပြီး အများစုဟာ ကြုံရာကျဘမ်း အလုပ်ကို လုပ်ကိုင်ရင်း ၀မ်းရေးအတွက် ရပ်တည် နေရသူများ ဖြစ်သလို ထိုင်း အာဏာပိုင်တွေရဲ့ အချိန်မရွေး ဖမ်းဆီးမှုတွေအပြင်၊ အလုပ်ခွင်အတွင်း အလုပ်သမားများ လစာအပြည့်အ၀ မ၇ရှိမှု၊ အလိုမတူ မတရား ခိုင်းစေမှုတွေလည်း ရှိနေကြပါသည်။
ယခုကဲ့သို့ အောင်အောင်ဆုံးရှူံးသွားခဲ့သော မျက်လုံးတဖက်အတွက် အမှန်တရားပေါ် ပေါက်ရေးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးဆုံးအမှန်တရားပေါ် ပေါက်ရေးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ. အခွင့်အရေး ဆုံးရှူံနစ်နာမှုများ ထပ်မံမပေါ်ပေါက်စေရန် ၀ိုင်းဝန်ကူညီ ဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံရှေ့နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာနမှ မေတ္တရပ်ခံပန်ကြားထားကြောင်းသိရှိရပါသည်။
သတင်း ဘားမားနင်ဂျာ(လူထုအသံ)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်