Summary
ရဲဘော်ဖိုးသံချောင်း
၅/ မတ် ၂၀၁၀
အခုတလော မြန်မာပြည်မှာ လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ ကိစ္စတခုကတော့ နအဖဗိုလ်ချုပ်တွေဟာ ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင်ကြေညာအသိပေးခြင်းမရှိဘဲ နိုင်ငံပိုင်ဓနများကို ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီး တနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက်အပ်လိုက်ပြီ၊ အဲဒီ သူဌေးက ဘယ်ဗိုလ်ချုပ်နဲ့နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ် ကိုယ်စားလုပ် နေတာ စတဲ့သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်ကကြားရတာမဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက်ကြားနေကြရပါတယ်။
ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ဦးစီးမှုနဲ့လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှမပြောသလို၊ ဘယ်သူကမှလည်း မသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါပစ္စည်းခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုးလုပ်နေကြတာဟာ ဗမာပြည်သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင်သိမ်းတယ်ဆိုတာရဲ့နောက်မှာ အကြီးမားဆုံးပိုင်ဆိုင်မှု လက်ပြောင်းလက်လွှဲလုပ်မှုကြီးပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ သမိုင်းရဲ့ ဟာသကွက်လိုဟာတခုကို ထောက်ပြလိုပါတယ်။ အဲဒါကတော့ မဆလစစ်အစိုးရဟာ ဆိုရှယ်လစ်စကားလုံးတွေ လေကြီးဟစ်ကျယ်ပြောပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုတဲ့ ပုဂ္ဂလိကပိုင်ဆိုင်တွေ၊ လုပ်ငန်းတွေကို စစ် အုပ်စုပိုင်လုပ်ခဲ့ပါတယ်။ သူတို့အပြော က ဒါဟာဝိသမလောဘသမားတွေရဲ့ လက်ကနေ ဆိုရှယ်လစ်အရင်းအနှီးစုဆောင်းတာဖြစ်ပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားပြီး သူတို့တစုသာ ချမ်းသာသွား ကြပါတယ်။ သူတို့နေရာကိုဆက်ခံတဲ့ နအဖစစ်အုပ်စုကတော့ ဈေးကွက်စီးပွားရေး တည်ဆောက်တယ်ဆိုပြီး အရင်းအနှီးခွဲဝေတာတွေ လုပ်ပြန်ပါတယ်။ တိုင်းပြည်ဟာ မွဲသထက်မွဲ သူတို့နဲ့အပေါင်းပါတွေသာ ချမ်းသာသထက်ချမ်းသာလာတာကို မျက်မြင်တွေ့နေရပါတယ်။ တိုင်းပြည်မွဲရေးနဲ့ ကိုယ်ချမ်းသာရေးဆီကို ချီတက်ရာ လမ်းကြောင်းများ သိချင်ရင် မြန်မာပြည်က စစ်အာဏာရှင်များဆီသာ သွားမေးပေတော့လို့ ပြောရမလိုပါ။
ဒီအဖြစ်အပျက်တွေထဲကနေ သမိုင်းရဲ့ သင်ခန်းစာတခုဆွဲထုတ်ပါဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့အိတ်ထဲကို ထည့်ဖို့ဆိုရင် ဘာကြွေးကြော်သံကိုမဆို ကြွေးကြော်မယ်၊ တဖက်လှည့်နဲ့ပြန်ပြောရရင် သူတို့တတွေဘယ်လိုပဲ ကြွေးကြော်-ကြွေးကြော် လက်တွေ့ ကျတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို သူတို့အိတ်ထဲထည့်တာပဲလို့ ပြောရပါမယ်။ သူတို့ထဲက စိတ်မလုံတဲ့လူ တချို့ကတော့ သူတို့လို တိုင်းပြည်အတွက် လုပ်နေသူတွေအဖို့ အကျိုးကျေးဇူး တစုံတရာ ခံစားသင့်ပါတယ်လို့ ဆင်ခြေပေးကြပါတယ်။ သူတို့စားတာ စားသင့်ပါ တယ်၊ ခိုးတာ ခိုးသင့်ပါတယ်လို့ တိုက်ရိုက်မပြောရုံ တမယ်ပါပဲ။
မဆလလက်ထက် စစ်အုပ်စုနည်း စစ်အုပ်စုဟန် ဆိုရှယ်လစ်စနစ်ကာလတုန်းကတော့ တရုတ်ကုလားနဲ့ ပြည်တွင်းပြည်ပလုပ်ငန်းရှင် အားလုံး ဟာ ၀ိသမလောဘသမား အရင်းရှင်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းမှန်သမျှ၊ ဆိုင်မှန်သမျှကို သိမ်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင့်ဥစ္စာခွေးမချီနိုင်ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီးပေါ်ခဲ့ပါတယ်။
အခု နအဖနည်းနအဖဟန် ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးမှာကျတော့ နအဖဗိုလ်ချုပ်တွေဟာ မဆလဗိုလ်ချုပ်တွေအတွေ့အကြုံနည်း လို့ ဒုက္ခရောက်ခဲ့တာတွေကို သင်ခန်းစာထုတ်ယူထားလိုက်ကြပါတယ်။ ကွမ်းယာဆိုင်ကို ပြည်သူပိုင်သိမ်းလိုက်လို့ အလုပ်ရှုပ်ရတာမျိုး သူတို့က အဖြစ်မခံတော့ပါဘူး။ နောက်ပြီး ဗိုလ်နေ၀င်းတို့က ဆိုရှယ်လစ်စကားတွေ ပြော၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးမီးပန်းတွေ ဖောက်လွှတ်နေလို့ ပြည်ပအရင်းအနှီးနဲ့ဝေးခဲ့တာမျိုးကိုလည်း သူတို့က ရှောင်ရှားပါတယ်။ ကောင်းတဲ့ အလားအလာရှိတဲ့လုပ်ငန်းကိုမှ ကိုယ့်အိတ်ထဲထည့်ပါတယ်။ မကောင်းရင် ပြည်သူပိုင်အဖြစ် ချန်ထားပါတယ်။ နောက်ပြီး ကိုယ့်အတွက်သာအကျိုးရှိမယ်၊ စားကွက်ရှိမယ်ဆိုရင် န၀တ၊ နအဖစစ်ဗိုလ်တွေဟာ အရှေ့ကဖြစ်ဖြစ်၊ အနောက်ကဖြစ်ဖြစ် ဘယ်ကမဆို အရင်းအနှီးမှန်သမျှကို လက်ခံပါတယ်။ အဓိကကျတာက သူတို့ထိပ်သီးတွေ အတွက် ခံစားခွင့်ပါဖို့ပါပဲ။
ထောက်ပြသင့်တဲ့ စစ်အုပ်စုတွေရဲ့ အဓိက၀င်ငွေလမ်းကြောင်း နောက်တခုကတော့ နယ်စပ်တွေကလာတဲ့ဝင်ငွေ လမ်းကြောင်းပါ။ မြန်မာပြည်မှာ နယ်စပ်ဒေသကို စစ်တပ်ကချုပ်ကိုင်ခဲ့တာဟာ ၁၉၄၈ ခုနှစ်ကစလို့ အစဉ်အလာတခုလို ဖြစ်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရှိနေတော့ သူတို့မှာ အကြောင်းပြလို့ ပိုကောင်းသလို ဖြစ်နေပါတယ်။ ဒီကြားထဲ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှု လိုဟာမျိုး ကလည်း ဖြစ်ပေါ်ခဲ့တော့ နယ်စပ်ဒေသနဲ့ ပြည်နယ်တွေဟာ စစ်ဗိုလ်တွေရဲ့ စားကွက်ချည့် ဖြစ်ခဲ့တယ်မဟုတ်ပါလား။ နောက်ပြီး အဲဒီစားကွက်တွေအတွက်ပဲ သူတို့ချင်း စားခွက်လုကြ၊ ဂိုဏ်းအုပ်စုဖွဲ့ကြတာတွေလည်း ပေါ်ခဲ့ပါတယ်။ ၁၉၅၀ စုနှစ်များရဲ့ နောက်ပိုင်းတုန်းက ရှမ်းပြည်နယ်ထဲမှာ ထောက်လှမ်းရေးဗိုလ်မှူးကိုင်နိုကို သတ်ပစ်ခဲ့တာ၊ ၁၉၇၀ စုနှစ်များတုန်းက အိန္ဒိယ-မြန်မာနယ်စပ် မှာ တာဝန်ကျတဲ့ သူရညွန့်တင်ကို ရုံးတင်တရားစွဲတာ စတာတွေဟာ အဲဒီလိုဂိုဏ်းအုပ်စုနဲ့ စားခွက်ပြဿနာ တွေကြောင့် ပါပဲ။ ဒီလိုနဲ့ အဲဒီတုန်းက တိုင်းမှူးတွေနဲ့ စစ်ဒေသထိပ်သီးတွေဟာ နယ်ခံအာဏာရှိသူတွေနဲ့ လုံးမိကြတာလည်းရှိ၊ အညှိုးအတေးတွေ ပေါ်ပေါက်တာ လည်းရှိ ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တဖက်မှာကျတော့ သူတို့တပ်တွေရဲ့လုပ်ရပ်တွေကြောင့် တိုင်းရင်းသားလူမျိုးစုတွေက လူမျိုးရေးအရ နာကြည်းတာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးတို့ လက်ထက်ကစလို့ စစ်အုပ်စုထိပ်သီးတွေနဲ့ နယ်စပ်က ဘိန်းရာဇာတွေ ရေစက်ဆုံခဲ့ကြတာပါပဲ။
ဒါပေမယ့် တရုတ်-မြန်မာနယ်စပ်မှာ ဗကပပေါ်လာတော့ စစ်အုပ်စုထိပ်သီးတွေအဖို့ စားကျက်တွေပျောက်ကုန်ကြပါတယ်။ သူတို့ရဲ့ ရောင်းရင်းအပေါင်းအသင်း နယ်ခံထိပ်သီးတွေ၊ ဘိန်းရာဇာတွေလည်း “လက်မဲ့တွေ” ဖြစ်ကုန်ကြပါတယ်။ ဒိနောက်၁၉၈၉ ခုနှစ်မှာ ဗကပထဲက ခွဲထွက်မှုတွေပေါ်တော့မှ စစ်အုပ်စုထိပ်သီးတွေဟာ သူတို့ရဲ့စီးပွားရေး “အောင်မြေ” ကို ပြန်နင်းနိုင်ခဲ့ပါတယ်။ မဆလထိပ်သီးတွေဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို န၀တ၊ နအဖထိပ်သီးတွေရခဲ့ပါတယ်။ ရတာမှ အတိုးနဲ့ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒါတွေကို အားလုံးသိပြီးမို့ အထူးရေးဖို့မလိုတော့ပါဘူး။ ဒီနေ့ နယ်စပ်ဒေသက အပစ်ရပ်အဖွဲ့တွေနဲ့ နယ်ခြားစောင့် တပ်လုပ်ရေးကိစ္စမှာ နအဖဗိုလ်ချုပ်တွေ စပ်ပူစပ်လောင်ဖြစ်နေကြတာမှာ ဒီစားကျက်ကြီးပြန်ပျောက်သွားမှာစိုးနေတဲ့ အကြောင်းရင်းလည်းပါပါတယ်။ သူတို့အဖို့က တကယ့်ကို အဆီနဲ့ဝင်းဝင်းပါ။
ကိုယ့်အတွက် အရင်းအနှီးစုဆောင်းရာမှာ နအဖနဲ့မဆလ မတူတဲ့ နောက်အချက်တချက်ကတော့ ဗိုလ်နေ၀င်းတို့ဟာ အထက်မှာပြောခဲ့ သလို ပြည်တွင်းကလုပ်ငန်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေကို ရန်လုပ် ဒုက္ခပေးခဲ့ပေမယ့် ဗိုလ်သန်းရွှေတို့ကတော့ အဲဒီလိုလူတွေ အထဲက သူတို့အသုံးချမယ့်လူတွေကို ရှာဖွေမွေးမြူပါတယ်။ ဒီဖြစ်စဉ်ထဲမှာပဲ ဗိုလ်ချုပ်တွေက ဘိန်းဘုရင်တွေရဲ့ ငွေကိုခ၀ါချပေး။ တခါ ဘိန်းဘုရင်တွေက ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို ပြန်ခ၀ါချပေးဆိုတာမျိုးတွေလည်း ဖြတ်သန်းခဲ့ကြပါတယ်။ နောက်ပြီး ဗိုလ်ချုပ်တွေ ကိုယ်စား နာမည်ခံစီးပွားရေးလုပ်ငန်းထောင်ပေးမယ့် လူတွေကိုလည်းစိစစ်မွေးမြူတာလုပ်ပါတယ်။ စစ်အုပ်စုရဲ့လက်ဝေခံလူတန်းစားတရပ် ထပ်မွေးယူတာပါ။ မွေးတာမှ လိုအပ်ရင် သမီးပေး၊တူမပေးလို့တောင် မွေးယူကြပါတယ်။
အခု ရွေးကောက်ပွဲမတိုင်မီ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေ အလုအယက်ဖြစ်နေကြတာဟာ ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စု က စခဲ့တဲ့ မြန်မာပြည်စစ်အုပ်စု အဆက်ဆက်တွေရဲ့ တွေးခေါ်လုပ်ကိုင်နည်းရဲ့ အဆက်တွေသာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်အာဏာသိမ်းမှုကနေ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ဘီအီးဒီစီပိုင်ကြယ်ငါးပွင့်လိုင်းကို အခု နအဖရဲ့ ဦးပိုင်က ယူတော့မယ်လို့ သတင်းထွက်လာတာ ကြားရတော့ “ဟိုအရင် ပဒုမုတ္တရာဘုရားလက်ထက်က ---------------- ဟာ ငါဘုရားလက်ထက်မှာ ဒေ၀ဒတ်ဖြစ်လာတယ်” ဆိုတဲ့ ဇာတ်ပေါင်းစကားမျိုးကို ပြန်ကြားလိုက်ရသလိုပါပဲ။
http://www.khitpyaing.org/articles/2010/March/5310.php
Friday, March 5, 2010
စစ်တပ်က ဒိုင်စားနေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment