နအဖက တော့လုပ်ချပြန်ပြီ။ သူတို့ ဘဲ တရားအသင်းတဲ့ ..
ငါတို့ နဲ့ မတည့်မတရားအသင်းတဲ့..
သူတို့ ကျ ဘယ်သူမှ ခေါင်းဆောင်မတင်..ရွေးကောက်ပွဲမ၀င်..
လက်နက်ပြ..တိုင်းရင်းသား အားလုံးကျွန်ပြူထားတာ..
တိုင်းရင်းသားတွေဆိုတာ..ရှေးအရင် မြန်မာမင်းတွေ လက်ထက်ထဲက သူနယ်ပယ်နဲ့ သူ စော်ခံ စော်ဘွား.ဒူးဝါး.လုပ်ခဲ့ကြတာ..
နယ်ချဲ့တော်လှန်တော့ ဆွန်ပက်. ၀န်းသိုစော်ဘွား. ဦးဥတ္တမ အစရှိတဲ့ တိုင်းရင်းသားတွေ ပါဝင်ခဲ့တာဘဲ..စည်းလုံးဖို့ ဘဲလိုတယ်..
တူတူ တော်လှန်ရင်...နအဖ ဘယ်ခံနိုင်မလဲ..
နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ မတရားအသင်း ကြေညာခံရဖွယ်ရှိ ။
ပေါက်ပေါက်/ ၈ မတ် ၂ဝ၁ဝ
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) အဖွဲ့ခေါ် မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် ပျက်ကွက်လျှင် မတရားအသင်း ကြေညာသွားမည်ဟု နအဖဘက်က သတိပေးထားသည်။
ပြီးခဲ့သည့်လ (၂၅) ရက်က ကျိုင်းတုံမြို့တွင် နေပြည်တော်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)၏ စစ်ဦးစီး ပထမတန်း အရာရှိ ဒု-ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက မိုင်းလားတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစံပေ၊ ဦးဆန်လူတို့နှင့် တွေ့ဆုံစဉ်အတွင်း နယ်ခြားစောင့်တပ် လက်မခံပါက မတရားအသင်း ဖြစ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
၎င်းက “စရဖ ဂျီဝမ်းက ပြောခဲ့တာက နယ်ခြားစောင့်တပ် လက်မခံဘူးဆိုရင်တော့ မတရားအသင်း ဖြစ်သွားမယ်ပေါ့။ အမြန် အကြောင်း ပြန်ပါဆိုပြီး ထပ်ပြောခဲ့တာ။ ဒါနဲ့သူတို့ (၂၈)ရက်မှာ အကြောင်း ပြန်လိုက်တာက အရင်က တင်ပြထားတဲ့ မိမိတပ်ဖွဲ့နဲ့သာ ဖွဲ့ဖို့တို့၊ စစ်သင်တန်းကို မိုင်းလားနယ်ထဲမှာ လုပ်ဖို့တို့ကို ထပ်တင်ပြတယ်။ အဲဒီအတွက် နောက်ထပ် ဆွေးနွေးဖို့ အချိန်ပေးပါတို့ပေါ့” ဟု ပြောသည်။
ထို့အတူ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ဝတပ်ဖွဲ့ကိုလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ပါက မတရားအသင်း ကြေညာ သွားမည်ဖြစ်၍ နယ်ခြားစောင့်တပ်လက်ခံလာရေး ဖျောင်းဖျပေးရန် တရုတ်အာဏာပိုင်များထံ စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က အကူညီတောင်းခံထားသည်ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နအဖ အကြား နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ပြေလည်မှု ရနိုင်မည်မဟုတ်ဘဲ ယင်းကိစ္စသည် ၂ဝဝ၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းသာဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။
၎င်းက “နယ်ခြားစောင့် အသွင်ကူးပြောင်းရေးကိစ္စကတော့ နှစ်ဖက်စလုံးအတွက် Constitutional Crisis ။ ဖွဲ့စည်းပုံ ပြဿနာ အဓိကကျတယ်ပေါ့။ ပြည်တွင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောနေတာ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ဖို့ပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေကျတော့ အဲလို မပြောပေမယ့် ဖွဲ့စည်းပုံထဲက သူတို့နဲ့ မကိုက်ညီတဲ့ဟာတွေကို ပြန်လည် တောင်းဆိုတာ။ အဲဒါကို နအဖက ဖွဲ့စည်းပုံကို ဘယ်လိုမှ ပြင်လို့မရတော့ဘူး ပြောနေတာ။ အဲလို အခြေအနေအောက်မှာ နအဖဘက်က သူတို့တွေကို မတရားအသင်းဆိုပြီး ကြေညာ၊ မူးယစ်ဆေးကိစ္စ၊ သစ်ကိစ္စ အကြောင်းရှာပြီး လက်နက်နဲ့ ဖြေရှင်းဖို့ပဲ ရှိတော့တယ်” ဟု ပြောသည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် ဖေဖော်ဝါရီ (၂၈)ရက် နောက်ဆုံး သတ်မှတ်ထားခဲ့သော်လည်း အပစ်ရပ်အဖွဲ့များကမူ နအဖဘက်မှ လိုလားသည့် အဖြေကို မပေးခဲ့ပေ။ ထို့အတွက် ထပ်မံ ရက်ရွှေ့ဆိုင်း သတ်မှတ်ခြင်းမျိုး မရှိတော့သကဲ့သို့ နှစ်ဖက်အကြား သဘောတူညီချက် မရရှိဘဲ ဖြစ်နေချိန်တွင် ယခုကဲ့သို့ မတရားအသင်း ကြေညာမည့် ကိစ္စရပ်များ ပေါ်ထွက်လာနေခြင်းဖြစ်သည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် အဖြေ ပေးနိုင်ရန် ဗဟိုကော်မတီ အစည်း ဝေးတရပ်ကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၂)ရက်က စတင်ကျင်းပ နေခဲ့သော်လည်း မည်သို့ဆုံးဖြတ်ချက် ချခဲ့သည်ကိုသိရှိရန် ကေအိုင်အိုအဖွဲ့ထံ ဆက်သွယ်၍ မရရှိသေးပါ။
ခေတ်ပြိုင် မှ
Monday, March 8, 2010
ကျမသာလျှင် မယားကြီးတဲ့..အဟိ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment