ဝန်ထမ်းလစာများ ထပ်တိုးမည်ဟု သတင်းထွက်
ဖနိဒါ | ကြာသပတေးနေ့၊ မတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ အစိုးရဝန်ထမ်းအားလုံး၏ လစာများကို ထပ်တိုးမြှင့် ပေးမည်ဟု သတင်းများထွက်နေကြောင်း ရန်ကုန်မြို့နေ အစိုးရ ဝန်ထမ်းများထံမှ သိရသည်။
ဧပြီလ လစာမှစတင်၍ ကျပ်ငွေ ၂ သောင်းစီတိုးမြှင့်ပေးရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးဌာနအသီးသီး၏ လက်အောက်ခံ ဝန်ထမ်းများကို အရာရှိများက နှုတ်ဖြင့် ပြောဆိုထားမှုများရှိကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။
“နောက်ထပ် ၂ သောင်းတိုးပေးမယ်ဆိုတာ ကျနော်တို့လည်း ကြားနေတယ်။ ဒီနှစ်ဘတ်ဂျက်အကုန်မှာ အောက်ဆုံးအဆင့်ကနေ အပေါ် ထိ ဆက်တိုက်သွားမယ်လို့ ဆင့်ကဲဆင့်ကဲ ကြားတာပဲ” ဟု အကောက်ခွန်ဦးဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကာလသည် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်။
ရန်ကုန်မြို့နေ မြို့နယ်ကျန်းမာရေးဦးစီးမှူး တဦးကလည်း “ရုံးချုပ်ကနေတဆင့် လစာတိုးပေးမယ်လို့ ကြားတယ်။ လစဉ် အစည်းအဝေး မှာ ပေါ့နော်။ အလုပ်ကို ကြိုးစားကြဖို့။ လခတိုးဖို့ ဖြစ်ကောင်း ဖြစ်နိုင် တယ်လို့ ပြောတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လစာတိုးပေးသည်နှင့်အမျှ ကုန်ဈေးနှုန်းများကလည်း တက်လာတတ်သဖြင့် ဝမ်းသာ ရမည်ထက် လစာနှင့် အသုံးစရိတ် လုံလောက်မှုရှိရေးကိုသာ စိုးရိမ်နေရသည်ဟု အကောက်ခွန် ဝန်ထမ်းက ဆိုသည်။
ယခုနှစ် ဇန်နဝါရီလကုန်၌ စစ်အစိုးရက နေ့စားလုပ်သားများ အပါအဝင် အစိုးရဝန်ထမ်းအားလုံး၏ လစာကို ၂ သောင်းစီ တိုးမြှင့်ပေး ခဲ့ပြီးနောက် နောက်ထပ်တိုးမည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇန်နာဝါရီလ၌ လစာတိုးမည်ဖြစ်ကြောင်း ကြေညာချက် ထွက်ပြီး တပတ်ခန့် အကြာ၌ အခေါက်ရွှေဈေး တကျပ်သားလျှင် ကျပ် ၁ သောင်း တက်သွားကာ ၆၁၅ဝဝဝ ကျပ် ဖြစ်ခဲ့သည်။ ပဲဆီ၊ စားအုန်းဆီ၊ ကြက်သွန်နီ စသည့် ကုန်ခြောက်များလည်း အနည်းငယ်စီ တက်သွားခဲ့သည်။
စစ်အစိုးရ အာဏာသိမ်းပြီးနောက် ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂ဝဝဝ ခုနှစ်၊ ၂ဝဝ၆ ခုနှစ်များ၌ အစိုးရ ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး ယခု ၂ဝ၁ဝ ခုနှစ်အတွင်း လစာတိုးမြှင့်လိုက်ခြင်းသည် ၆ ကြိမ်မြောက် ဖြစ်သည်။
လစာများ ထပ်တိုးပေးမည်ဟု သတင်းထွက်လာချိန်နှင့် အပြိုင် အိမ်သုံးလျှပ်စစ်မီတာခများ ကို ၃ ဆခန့် တိုးမြင့်ကောက်ခံမည်ဆိုသည့် ကောလာဟလသတင်းများလည်း ထွက်ပေါ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
အင်းစိန်မြို့နယ်ရှိ လျှပ်စစ်ရုံးကမူ မီတာခနှုံးထားပြောင်းရေးနှင့် ပတ်သက်၍ နေပြည်တော်မှ အမိန့်ထုတ်ပြန်ခြင်း မရှိသေးကြောင်း ပြောသည်။
လျှပ်စစ်မီး ပြတ်တောက်မှုကြီးမားခဲ့သည့် မြို့တော်ဟောင်းတွင် ယခုအခါ မီးရရှိမှု အများအားဖြင့် တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မကြာခဏပြုပြင်ရသဖြင့် လျှပ်စစ် ဓာတ်အား မကြာခဏ လျော့ကျမှုကို ဖြေရှင်းနိုင်ရန် မုတ္တမပင်လယ်ကွေ့မှ ရန်ကုန်သို့ သွယ်တန်း နေသည့် ၂၄ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလည်း လာမည့်မေလတွင် အပြီးသတ်တော့မည်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းအတွင်း၌ ယခင်က လျှပ်စစ်အား ၄ဝဝ မဂ္ဂါဝပ် သုံးစွဲရာမှ ယခုအခါတွင် စက်ရုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပိုမိုသုံးစွဲခြင်းတို့ကြောင့် မဂ္ဂါဝပ် ၅၅ဝကျော်အထိ တိုးမြင့် သုံးစွဲနေရကြောင်း သိရသည်။
အခြားသော ဆက်စပ်ဖြစ်ထွန်းမှုတခုမှာ နေပြည်တော်သို့ အစိုးရရုံးများအားလုံး ပြောင်းရွှေ့သည့် စီမံကိန်းမှ ကြွင်းကျန်နေခဲ့သော ရုံးခွဲများကို မတ်လကုန်တွင် နောက်ဆုံးထား ပြောင်းရတော့မှာ ဖြစ်သည်။
“ ရန်ကုန်က ဘာရုံးခွဲမှ မရှိရတော့ဘူး၊ အကုန်ပြောင်းရမယ်ဆိုတာ ပြောထားပြီးသားပါ။ ရန်ကုန်တိုင်းဆို တိုင်းရုံးတွေပဲကျန်မယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
(ကိုဝိုင်းတည်းဖြတ်သည်)
http://www.mizzimaburmese.com/news/inside-burma/4951-2010-03-04-12-53-55.html
Thursday, March 4, 2010
လွယ်ပါတယ်.စက္ကူပေါ် ဆင်ဖြူတွေ ကော်ပီလုပ်ရုံလေးပါ.(မြန်မာငွေကြေး =စစ်အတွင်းက ဂျပန်ငွေစက္ကူ)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
1 comment:
ဒီလို ကောလဟာလတွေထုတ်၊ ဈေးတွေတက်အောင်လုပ်၊ ပြီးရင်လူထုကို ထွက်ဆန္ဒပြခိုင်းအုန်းမှာ ရိုးနေပြီ။
Post a Comment