Saturday, July 3, 2010

တလောက ကြားလိုက်ရတဲ့ သတင်းနဲ့ ပါတ်သက်ပြီ ရဲနှင့် ဥပဒေရှင်ဟုယူဆရသော သူများ အရေးယူပုံ

ဒါကတော့ Comment lusoe69 ရဲ့အမြင်ရေးချထားတာ တွေ့ လို့ အာဇာနည်မှာ တင်ဖြစ်ပါတယ်။ အမှန်တရားရှိပေမယ့်  ငွေ မရှိလို့  အမှန်တရားပျောက်သွားရတဲ့  ပြည်သူတွေ ဘယ်နှစ်ယောက်ရှိပြီလဲ? သတင်းစာမှာပြောနေတဲ့  တရားမျှတရေး ရေဒီယိုမှာအော်နေတဲ့ ပြည်သူ ငြိမ်းချမ်းသာယာရေး လေကောင်းဟစ်ပြီး ဖြစ်ချင်တာဖြစ်နေတဲ့ တိုင်းပြည် တခုအနေနဲ့  ပြည်သူတွေလည်း ဖြစ်လာတဲ့ ပြသနာ ကိုယ်တိုင်ဘဲ ဖြေရှင်းနေရတော့ ရဲတို့  တရားရုံးတို့ ဆိုတာတွေဟာ ထူထုအတွက် မကြည်ငြို ဖွယ်ရာ သုသာန်တစပြင်သာသာပါဘဲ (Arzarni team )
နိုင်ဂျီးရီးယား မိန်းမနှစ်ယောက် က လှည်းတန်းလို လူစည်တဲ့ နေရာမှာ ပါးရိုက်ပြီး ဆဲဆိုတဲ့ ကိစ္စကို ရဲကသူ
တို့  နဲ့ မဆိုင်ဘူးဆိုပြီး တရားရုံးကိုလွှဲတယ်။ အရိုက်ခံရ၊ အဆဲခံရတဲ့သူက ဈေးသည်။ သူတို့ မှာ အချိန်နဲ့ အမျှ လုပ်စား၊ ကိုင်စားနေကြရတာ ။ တရားရုံးမှာ ဘယ်လိုလုပ် ငွေဖြုန်း ၊ အချိန်ဖြုန်းနိုင်ကြပါ့ မလဲ။ ရဲဆိုတာကလည်း လာဘ်ငွေ မရမယ့်အမှု ဆိုတော့ လက်မခံတော့ဘူး ။ ရဲဆိုတဲ့အမျိုးကလည်း ပိုက်ဆံရမှအမှုလက်ခံချင်တာ။ အလုပ်ရှုပ်ခံပြီး လက်ခံချင်တာမဟုတ်ဘူး။ အခုရိုက်ခံရတဲ့ ဈေးသူ၊ ဈေးသားတွေက ပိုက်ဆံမရှိတဲ့သူတွေပါ။ ကဲ တရားဥပဒေရေ ပိုက်ဆံမရှိတဲ့သူတွေကို ဘယ်လိုကာကွယ်ပေး ကြမှာလဲ?။
ရဲချုပ်ကြီးရေ ကူညီပါရစေဆိုပြီး တကယ်ကူညီပေးပါဗျာ။ ကျွန်တော်တို့ ပြ ည်သူတွေမှာ ခင်ဗျားတို့ လို
အာဏာပိုင်တွေရဲ့ အကူအညီတွေ၊ အကာအကွယ် တွေ၊ တာဝန်သိတတ်မှုတွေ၊ တာဝန်ယူမှုတွေ လိုအပ်နေပါတယ်ဗျာ။ ကမာရွတ်ရဲစခန်းကိုတော့ အရေးယူဖို့ လိုမယ်ထင်တယ်။ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အရေးယူဆောင်ရွက် ပေးဖို့ လိုမယ်လို့ ထင်တယ်ဗျာ။ ဒါမှပြည်သူမှာအား ကိုးရ တဲ့ ရဲတပ်ဖွဲ့ဖြစ်မှာပေါ့ဗျ။ ရဲချုပ်ကြီးရေ ကျွန်တော်သိသလောက်ကတော့ ဘယ်နိုင်ငံကမျ လူမြင်ကွင်းမှာ
ပါးရိုက်လို့ မရဘူး။ နောက်ပြီး ရဲတွေကိုလည်း လာဘ်စားတယ်လို့ လဲ သူတို့ ကပြောသွား သေးတယ်လို့  ကြားတယ်။ ကြည့်လုပ်ကြပါဦး။

ဒီမိန်မနှစ်ယောက်ထဲကတစ်ယောက်က နိုင်ဂျီးရီးယား တောင်ပြန်သွားပြီဆိုပဲ။ ကဲ ဘယ်လိုလုပ်ကြမလဲ?။(Lusoe69 -လူဆိုး၆၉)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်