အောင်ဝေး
သြဂုတ် ၁၅၊ ၂၀၁၀
“ - - - နအဖရော၊ နအဖနောက်လိုက် မီဒီယာတွေ အားလုံးပါ အုတ်ဂူကို တံတွေးနဲ့ထွေးရုံတင် မကဘူး၊ အလိမ်အညာ မုသာဝါဒ လှိုင်းလုံးတွေ တစ်လုံးပြီး တစ်လုံးနဲ့ ပြည်သူတွေကို မှိုင်းတိုက်နေတာ၊ နိုင်ငံတကာကို မုန်လာဥ လုပ်နေတာပါပဲ - - - ”
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာပါစ။ ရင်ထဲမှာ မကောင်းလွန်းလို့ဒီစာကို ရေးပါတယ်။ ကြားရတာ နားဝမှာ မချမ်းသာလို့ ဒီစာကို ရေးတာပါ။ အကြောင်းကတော့ ဆင်ဖြူ့ မျက်နှာ ဆင်မည်း မကြည့်ရဲတဲ့ အကြောင်းပါပဲ ကိုဒေါင်း။
မကြာသေးခင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ဇနီး၊ ရန်ကုန်မြို့ မှာ ကွယ်လွန်သွားပါတယ်။ ထုံးစံအတိုင်းပေါ့ လေ၊ ကျန်ရစ်သူ မိသားစုက သတင်းစာမှာ နာရေးကြော်ငြာ ထည့်တာပေါ့ ။ ထည့်တဲ့ အခါကျတော့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ဇနီး - လို့ထည့်ရတာပေါ့ ။ ဒီလိုပဲ ထည့်ရမှာပေါ့ ။ အခု ကွယ်လွန်သွားတဲ့သူက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ဇနီးပဲ ဟာကို။
ဒါပေမဲ့ ကိုဒေါင်းရေ၊ နအဖ လူကြီးမင်းများက နာရေးကြော်ငြာကို အဲဒီလို ထည့်ခွင့် မပြုပါဘူး။ နအဖ သတင်းစာ တစ်စောင်က “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့စာသားကို ထည့်ခွင့် မပေးပါဘူး။
နအဖရဲ့နောက်ထပ် သတင်းစာတစ်စောင်ကကျတော့ “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့ စာသားထည့်ဖို့ အထက်ကို အရင် တင်ပြပြီး၊ အထက် အမိန့်ကို စောင့်ရမယ်လို့ ဆိုပါတယ် တဲ့။
ကွယ်လွန်သူရဲ့ ဈာပနကို နေ့တွင်းချင်းပဲ ကျင်းပကြတာမို့ ကျန်ရစ်သူ မိသားစု အနေနဲ့ အထက်အမိန့် ဆိုတာကိုလည်း စောင့်မနေနိုင်တော့ပါဘူး။ နောက်ဆုံးတော့ သတင်းစာတွေထဲက နာရေး ကြော်ငြာမှာ “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့ စာသား မပါခဲ့တော့ပါဘူး။
ဆင်ဖြူ့ မျက်နှာ ဆင်မည်းမကြည့်ရဲဘူး ဆိုတာ အဲဒါပါပဲ ကိုဒေါင်း။ “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့ စာလုံး ၅ လုံးဟာ ကမ္ဘာတုန်ခဲ့တဲ့ သမိုင်းကို ဖော်ညွှန်းနေတဲ့ စာလုံးတွေပါ။ ဒီစာလုံး လေးငါးလုံး ထဲမှာ ကျနော်တို့ နိုင်ငံရဲ့ အမျိုးသား လွတ်မြောက်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ ဖက်ဆစ် တော်လှန်ရေးတွေ ကိန်းဝပ်နေတယ်၊ ကမ္ပည်း ထင်နေတယ် မဟုတ်လား။
ရဲဘော်သုံးကျိပ် ဆိုတာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ် ဆိုတာ မြန်မာကတင် မကဘူး၊ ကမ္ဘာကပါ သိပါတယ်ဗျာ။ ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်၊ ဗိုလ်လက်ျာ၊ ဗိုလ်ဗလ စသူတို့ (၂၈)ဦးကနေ၊ အခု သက်ရှိ ထင်ရှား ကျန်ရှိနေသေးတဲ့ ဗိုလ်မှူးချုပ် ကျော်ဇောတို့၊ ဗိုလ်ရဲထွတ်တို့ အထိ ဒီ ရဲဘော်သုံးကျိပ် ဆိုတာ သမိုင်းဝင် အဖွဲ့ အစည်းပါ။
အရှေ့ တောင် အာရှမှာ၊ အာရှမှာ၊ ကမ္ဘာမှာ မျက်မှောက်နိုင်ငံရေး၊ နိုင်ငံတကာ စစ်ရေး လေ့လာတဲ့ သုတေသီတိုင်း သိကြတဲ့ ထင်ထင်ရှားရှား အဖွဲ့ အစည်းပါ။ အမျိုးသား လွတ်လပ်ရေး ကျေးဇူး ကြီးကြီးမားမားကို ရှိတဲ့ အဖွဲ့ အစည်းပါ။
ဆိုပါတော့၊ ကွယ်လွန်သူ ဦးနေ၀င်းလည်း ရဲဘော်သုံးကျိပ်ဝင်ပါပဲ။ ဗိုလ်ဇေယျလည်း ရဲဘော် သုံးကျိပ်ဝင်ပါပဲ။ ဘာကြောင့် မို့လို့ နအဖ မီဒီယာက ဗိုလ်ဇေယျကို “ရဲဘော်သုံးကျိပ်ဝင်” လို့ ဖော်ပြခွင့် မပြုရတာလဲ။ ဒါကတော့ အတော့်ကို မကျေနပ်စရာပဲ ကိုဒေါင်း။ စိတ်ထဲ ရှိတဲ့အတိုင်း ပြောလိုက်ရရင်တော့ နအဖ စစ်အုပ်စု၊ နအဖ စစ်အာဏာရှင် လက်တစ်ဆုပ်စာဟာ အုတ်ဂူကို တံတွေးနဲ့ ထွေးတဲ့ အလုပ်ကို မရှက်မကြောက် လုပ်နေကြတာပါပဲဗျာ။ နအဖရော၊ နအဖနောက်လိုက် မီဒီယာတွေ အားလုံးပါ အုတ်ဂူကို တံတွေးနဲ့ထွေးရုံတင် မကဘူး၊ အလိမ်အညာ မုသာဝါဒ လှိုင်းလုံးတွေ တစ်လုံးပြီး တစ်လုံးနဲ့ ပြည်သူတွေကို မှိုင်းတိုက်နေတာ၊ နိုင်ငံတကာကို မုန်လာဥ လုပ်နေတာပါပဲ ကိုဒေါင်း။
ဒီကနေ့ တပ်မတော်သား အများစု၊ အောက်ခြေက အရာရှိအရာခံ အကြပ်တပ်သားတွေဟာ အဲဒီ စစ်အာဏာရှင်လက်တစ်ဆုပ်စာရဲ့ ကြိုးကိုင် ချယ်လှယ်မှုကို ခါးစည်းခံနေရတယ်။ ဖိနှိပ် ခံနေရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ဗိသုကာ ဖြစ်တယ်၊ တပ်မတော်ရဲ့ ဖခင် ဖြစ်တယ် ဆိုတာ ဒီကနေ့  တပ်မတော်သားတိုင်းက သိကြမှာပါပဲ။ လေးစားကြည်ညိုကြမှာပါပဲ။ ဒါပေမဲ့ စစ်အာဏာရှင် လက်တစ်ဆုပ်စာကတော့ ဒီအထဲ မပါပါဘူး။
သူတို့ စစ်အာဏာရှင် တစ်စုဟာ လက်တွန်းလှည်းကလေး တွန်းပြီး ငရဲပြည် သွားနေတဲ့ သူတွေနဲ့ တူနေပြီ ကိုဒေါင်း။ လက်တွန်းလှည်းကလေးပေါ်မှာ သူတို့ တစ်လျှောက်လုံး ကျူးလွန် ခဲ့တဲ့ ပြစ်မှုတွေ ယမမင်းကြီးဆီ ရောက်ရင် အစစ်ဆေးခံဖို့ တင်လာခဲ့တယ်လေ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်း၊ တပ်မတော်ရဲ့သမိုင်းကို ဖျောက်ဖျက်ပစ်ချင်၊ မှောက်လှန် ပစ်ချင်ကြတဲ့ ဒီ စစ်အာဏာရှင် လက်တစ်ဆုပ်စာ နအဖဟာ ငရဲ မကြောက်၊ ငအုံ မကြောက် ဗိုလ်ဇေယျရဲ့ သမိုင်းကိုလည်း မေ့လျော့ ဖုံးကွယ်ပစ်ဖို့ ၀န်မလေးကြတော့ဘူး ထင်ပါရဲ့ဗျာ။
ဒါပေမဲ့ ကိုဒေါင်း၊ အာဇာနည်မျိုး သေရိုးမရှိ တဲ့။ သူတို့ ဘယ်လောက် ဖျောက်ဖျောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းက၊ ရဲဘော်သုံးကျိပ် သမိုင်းက ၊ ကုန်ကုန် ပြောကြပါတော့ ဗိုလ်ဇေယျတို့ သမိုင်းက ဘယ်တော့မှ မှေးမှိန် ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် သတင်းစာ နာရေးကြော်ငြာမှာ “ရဲဘော်သုံးကျိပ်ဝင်”ဆိုတဲ့ စာသား၊ နအဖ စစ်အာဏာရှင် တစ်စုက ထည့်ခွင့်မပြုလည်း ဗိုလ်ဇေယျကတော့ ဗိုလ်ဇေယျပါပဲ။ ဗိုလ်ဇေယျကို ရဲဘော် သုံးကျိပ်ဝင် အဖြစ် ပြည်သူတွေက လေးစား အသိအမှတ်ပြုပြီးသားပါ။
တစ်ခုပါပဲ ကိုဒေါင်းရယ်၊ လွန်ခဲ့တဲ့ လေးငါးနှစ်၊ နာမည်ကျော် အနုပညာရှင် တစ်ယောက် ကွယ်လွန်စဉ်တုန်းက၊ နာရေး ကြော်ငြာမှာ “အမျိုးသား ညီလာခံ ကိုယ်စားလှယ်” ဆိုတဲ့ စာသားတွေ စာလုံးမည်းကြီးနဲ့ နအဖ သတင်းစာက ဂုဏ်ပြု ထည့်ပေးလိုက်တာ၊ အသုဘ ပို့တဲ့ ပရိသတ်တောင် အတော် နည်းသွားခဲ့ဖူးတယ် မဟုတ်လား ကိုဒေါင်း။
ကျနော် ယုံပါတယ်။ ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ စာသား မပါလည်း၊ ဗိုလ်ဇေယျဇနီး ဖြစ်သူရဲ့ ဈာပနကို ပြည်သူတွေ တစ်ခဲနက် ပို့ဆောင်ခဲ့ကြမှာပါပဲ။ ကျနော် ယုံတယ်။
အားလုံးကို သတိရလျက်-
အောင်ဝေး (၅ - ၁၄ - ၁၀)
(မစ်ရှီဂန်မှ ပေးသောစာ - ၁၇ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။ ကဗျာဆရာအောင်ဝေးသည် အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။)Rest of your post
Saturday, August 14, 2010
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
-
▼
August
(242)
No comments:
Post a Comment