Monday, August 16, 2010

ကြွက်ပြေးပြီး ကြက်ပြေး

မကြာခင်က ကြွက်တွေပျဉ်းမနားဘက်ဆီက အုပ်လိုက်ပြေးကြတာအားလုးံသိကြပြီးသားနေမှာပါ။ ဘာကြောင့်ကြောင့်ပြေးလဲ ဆိုတာတော့ ကျွန်တော်တို့ မသိနိုင်ပေမဲ့ ဗေဒင်ပညာ လိုက်စားသူတွေရဲ့အမြင်ကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

သူတို့အဆိုအရ ပညတ်သွားရာ ဓာတ်သတ်ပါသဘောနဲ့ကြည့်မယ်ဆိုရင် ကြွက်တွေဟာလယ် မားတွေကို ဒုက္ခ ကောင်းကောင်းကြီး ပေးသလို၊ နေအိမ် အဆောက်ဦးတွေမှာဆိုလည်း ခိုးစားနှောင့်ယှက်တတ်တဲ့အပြင် ပလိပ် ကဲ့သို့ကူးစက် ရောဂါတွေကူးစက်ပြန့်ပွား စေတတ်တာကြောင့် လူသားတွေရွံ့ရှာမနှစ်သက်တဲ့သတ္တဝါတစ်မျိုးလည်း ဖြစ်ပါတယ်။

ခုချိန်မှာ ပျဉ်းမနားတဝိုက်မှာလည်း ဓားမြသန်းရွှေနဲ့အဖွဲ့ဟာ နိုင်ငံတော်ဘဏ္ဌာတွေကိုခိုးဆိုးကာ မြန်မာတပြည်လုးံ ကိုမီးလောင် တိုက်သွင်းပြီး သံဃာတော်တွေကိုပါ သတ်ဖြတ်နေတာကြောင့် မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာကပါ ရွံ့ရှာပြီး ဝိုင်းပယ်ထားတဲ့လူ့တိရစ္ဆာန်တွေ ဖြစ်ပါတယ်။

ဒါကြောင့်ဓာတ်သဘောအရ ခိုးစားဖျက်ဆီးတတ်ခြင်း ဆိုတဲ့ဂုဏ်သတ္တိ၊ လူသားတွေရဲ့မနှစ် မြို့ရွံရှာခံရခြင်း ဆိုတဲဂုဏ်သတ္တိခြင်း လဲတူပါတယ်။ ပျဉ်းမနားကနေ ဝမ်းဗိုက်ဖြူကြွက်တွေကတော့ ဇူလိုင်လမှာ အုပ်လိုက်ကျင်းလိုက် ပြောင်းပြေးကြပြီးပါပြီ။ ဓာတ်ခြင်းတူတဲ့နိုင်ငံတော် ဘဏ္ဍ္ဌာတွေကိုခိုးစားတဲ့ ဝမ်းဗိုက်ပူ လူ့တိရစ္ဆာန်သန်းရွှေအုပ်ဟာလည်း မကြာခင် ကြက်ပြေးကနေ ဝရုန်းသုးံကားနဲ့ ခွေးပြေး ၀က်ပြေး ပြေးရတော့မယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။

ရန်နောင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်