Sunday, August 15, 2010

မှန်သောစကား

ချင့်ယုံပါ၊ အနှစ်နှစ်ဆယ် ဒါဟာ များစွာသောနှစ် ပြည်သူတွေနွံနှစ်ခဲ့ရတာ။
အနှစ်၆၀ ထက်မက ပြည်သူတွေ ခါးစီးခံခဲ့ရတာ။
၂၀၁၀? မေးခွန်းမရှိ ပြည်သူတွေ ဒီလမ်းကြောင်းအတွင်းမှာဘဲ မတရားစွာ ဖိနှိပ်အုပ်ချုပ်တာခံနေရတော့မှာ မလွဲပါ။

လောလောဆယ် ဗမာပြည်အကြောင်း ဘာမှမပြောချင်တော့။
ကမ္ဘာကလည်းစိတ်ပျက်စွာ ကြည့်နေတဲ့အပေါ် ဗမာပြည်ကို အုပ်ချုပ်နေသူတွေ သူတို့ကိုယ်သူတို့  ဟုတ်လှသည်ထင်နေ၏။

သနားစရာ အကောင်းဆုံးက ပြည်သူပင်ဖြစ်၏။
အားမရှိ
ခါးမရှိ
ဆားမရှိ
အော်... အာဏာရှင်များ စားရက်လိုက်တယ် ... ပြည်သူ့ ချွေး အာဏာရှင်များ စား.........စားရက်လိုက်တယ်

ပြည်သူ့ သွေး သောက်ရက်လိုက်တယ် ပြည်သူ့ သွေး.. တပ်မတော်သာအမိ-အဖ တဲ့ ကျေးဇူး ဆပ်လေခြင်း။

ကျက်သရေနဲ့  မပြည့်စုံလေသော နအဖ စစ်တပ် .... ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တာ ဤကဲ့သို့ စစ်တပ် မဟုတ်ခဲ့။

(ဆိုလိုချင်သည်ကား-ဗမာပြည်သည် ဒီမိုကရေစီနှင့် ဝေးကွာလွန်း၏။ ဒီမိုကရေစီ ဆိုသည့်စကား ဗမာပြည်တွင်မရှိ ။ အုပ်ချုပ်မှုအသွင်ပြောင်းသွားစေမူကား မုန့် လုံး စက္ကူကပ်ပင်ဖြစ်၏)
(ဒေါင်းတမာန်)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်