ရွှေစင့် စပွန်ဆာ ဘယ်သူပေး
နရီလင်းလက် Monday, September 06, 2010
လက်ရှိ ၀င်ငွေထက် ငွေကြေးသုံးစွဲမှု များနေသည့် တက်သစ်စ မော်ဒယ်လ်ရွှေစင်ကို ပြည်တွင်းဂျာနယ် များနှင့် အနုပညာ အသိုင်းအ၀န်းတွင် ဝေဖန် ပြောဆိုနေကြပြီး မည်သည့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့် ငြိစွန်းနေသည်ကိုလည်း သိချင်
နေကြသည်။
[image: shwe-sinn01]“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ setလိုက် ၀ယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။
ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်” ဟု မော်ဒယ်လ် ရွှေစင်က သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day ဈေးဝယ်လမ်းညွှန် ဂျာနယ်တွင်ဖြေဆိုထားသည်။
သူ၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် The Crime ဂျာနယ်နှင့် အင်တာဗျူးတွင်လည်း “ဒီကိုလာစတုန်းက မာ့ခ်တူး အလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူး ၀ယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစီးတည်းနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်တစီး ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။ နောက်တစီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကား ဒီဇိုင်းလေး ဆိုတော့ ညနေပိုင်း အရမ်းပင်ပမ်းနေရင် အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက် မောင်းဖို့ ဝယ်လိုက်တယ်” ဟု ဖြေဆိုခဲ့သည်။
မော်ဒယ်လ်ရွှေစင်သည် မန္တလေးသူတဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model & Photo Contest 2009 တွင် ၀င် ရောက် ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင်ဝင်ရောက်လာသူဖြစ် သည်။ ဂျာနယ်နှင့် မဂ္ဂဇင်း
စာမျက်နှာများပေါ်တွင် အထက်ပါအတိုင်း ဖြေကြားခဲ့ပြီးနောက် ဝေဖန်ပြောဆိုမှုများ ပြင်းပြင်းထန်ထန် ပေါ်ထွက်လာခဲ့သည့်အပြင် တက်သစ်စ မော်ဒယ်လ်တဦးအနေနှင့် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များ ၀င်ငွေ ကောင်းနေပြီလား ဟု Weekly Eleven ဂျာနယ်တွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။
Weekly Eleven ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက “ တိုင်းပြည်က ဆင်းရဲနေတယ်။ တိုင်းပြည်မှာရှိတဲ့ လူတော် တော် များများက ငွေကို ဒီလောက်အထိ မသုံးနိုင်ဘူး။ လူတော်တော်များများက တနေ့စာ တနေ့ကို အနိုင်နိုင် ရှာဖွေ နေရတဲ့ အချိန်မှာ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ကြွားပဲပြောပြော၊ ဘာပဲပြောပြော ရေးသား ဖော်ပြတဲ့လူ က နောက်ကွယ်က အကြောင်းကို သိကို သိမှရမယ်။
မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် မော်ဒယ်လ်လောက ရဲ့အခြေအနေကို အားလုံးသိပြီးသားပါ”
ဟု ယင်းဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။
“တက်သစ်စ မော်ဒယ်လ်တယောက်က မြန်မာငွေ သိန်း ဆယ်ဂဏန်းတောင် သုံးဖို့ဆိုတာ မလွယ်သေးပါဘူး။ ဒီအခြေ အနေမှာ သူ့အနေနဲ့ ဒီလောက်သုံးနေတယ် ဆိုတာတွေ ဖြေထားတော့ ဒီဝင်ငွေက ဘယ်ကရနေလည်း ဆိုတာ လူစိတ်ဝင်စားစရာ ပိုဖြစ် လာစေတယ်” ဟု နာမည်ကြီး ဓာတ်ပုံဆရာ တဦးက ပြောသည်။မြန်မာပြည် အနုပညာလောကတွင် ရုပ်ရည်ချောမောသည့်
အနုပညာရှင်သစ်များ ပေါ်ထွက်လာပါက ငွေကြေးထောက်ပံ့မည့် စီးပွားရေး လုပ်ငန်းရှင် (စပွန်ဆာ) ကြီးများ ပေါ်ထွက်လာတတ် သည်။
[image: shwe-sinn02]“နာမည်ကြီးပြီး ရုပ်ချောတဲ့ မော်ဒယ်လ်တို့၊ မင်းသမီးတို့ ပေါ်လာပြီဆို ငွေတတ်နိုင်တဲ့ စီးပွားရေး သမားတွေက အရင် လာ ကြတာ။ ဒီလောကထဲ စ၀င်တာအချိန်ဘယ်လောက်မှ မရှိသေးဘူး၊ ငွေတွေ ဒီလောက် သုံးနေ တယ်ဆိုတော့ တော်ရုံစီးပွားရေး လုပ်ငန်းရှင်တော့ မဟုတ်ဘူး။ ဒါကြောင့် အချိန် ခဏအတွင်းမှာ ငွေသုံးတာက အစ၊ ဖုန်းဆိုလည်း တော်ရုံ ၀ယ်လို့မရတဲ့ ဟာမျိုးတွေ ၀ယ်ပေးထားတာလို့ သိရတယ်” ဟု ပြည်တွင်း ဂျာနယ်လောကမှ ၀ါရင့်သတင်း ထောက်တဦးက ဆိုသည်။
မော်ဒယ်လ်ရွှေစင်သည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦး၏ ငွေကြေးထောက်ပံ့မှုကို ခံနေရကြောင်းပြည်တွင်း ဂျာနယ်လောကမှ သတင်းထောက်တဦးက ဆိုသည်။ “မော်ဒယ်လောက ဆိုတာလည်း သိတဲ့အတိုင်း အကပ်မရှိရင် ပေါက်ဖို့ မလွယ်ဘူး။
ပိုက်ဆံ မရှိရင် လုပ်ဖို့မလွယ်ဘူး။ အေဂျင်စီနဲ့ ချိတ်ထားလို့ ကိုယ့်ကိုခေါ်ရင် သောင်းဂဏန်းလောက်တော့ ရတာပေါ့။ ဒါကြောင့်လည်း ထောက်ပံ့ပေးမယ့် လူတွေ ရှာကြတာ” ဟု မိတ်ကပ်လိမ်းသည့် အလှဖန်တီးရှင် တဦးက ပြောသည်။
“မော်ဒယ်လ်လောကမှာ ရှိတဲ့ လူတိုင်းကိုတော့ ဒီလို လုပ်စားနေတယ်လို့ မပြောချင်ပါဘူး။ အနုပညာကို စိတ်ဝင်စားပြီး မော်ဒယ်လ် လောကထဲ ၀င်လာတဲ့သူတွေ ရှိပါတယ်။ ခက်တာက မြန်မာပြည် မော်ဒယ်လ် ဈေးကွက်ကလည်း နိုင်ငံတကာလောက် မကျယ်ပြန့်ဘူး။ ရတဲ့ ငွေကြေးနည်းတယ်။ ပွဲတခုမှာ ပါမယ်ဆို ကိုယ်ကတောင် ပြန်စိုက်ရမယ့် အနေအထားတွေ ရှိနေတော့ ငွေချမ်းသာတဲ့ သူတွေရှာပြီး ပျက်စီးကြတာများတယ်” ဟု နာမည်ကြီး မော်ဒယ်လ်အေဂျင်စီမှ တာဝန်ရှိသူတဦးက
ပြောသည်။
Wednesday, September 15, 2010
့ စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
September
(171)
- တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား
- ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ
- ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မ...
- ဒီမိုကရေစီ နှင့် မြန်မာပြည်
- ဘီဘီစီ(BBC) ကဘာပြောနေလဲ
- ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လှ...
- နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း...
- နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ေ...
- မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမ...
- ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်
- မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ
- မလွတ်လပ်သေးသော မြန်မာနိုင်ငံ
- "အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်...
- ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ေ...
- မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mas...
- ဒါလေးဖတ်ကြည့်ပါဦး
- ကမ္ဘာပေါ်မှာ ကြားဖူးပေါင်
- ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ြ...
- ဟုတ်ဘူး ဆိုဘဲ
- မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ...
- မကြာမှီလာမည်...မျှော်
- အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက...
- သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျ...
- ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး ...
- မပြောင်းရင် ဒုက္ခရောက်သွားမယ်
- မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
- ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော...
- အိုပါးသီလ( သီလေးသီးအဖွဲ့)
- အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေ...
- ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ...
- ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?
- သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ...
- ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်...
- စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထေ...
- အော် ...ဒုက္ခ
- ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး
- လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ
- ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။
- ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)
- ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး
- ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း
- လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ...
- ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆ...
- မကြာမှီ မှာ မမျှော်ဘဲ လာတော့မည့်
- ကြောက်ချေး ပါလှချည်လား ရွှေရည်စိမ် ဘဘ..ဟာ ဟာ့
- ချီးမြှင့်ထိုက်သူအတွက် ဆု နောက်ထပ် တစ်ပြား..ဆုမရထိ...
- Aung San Suu Kyi barred from Burma election
- ကချင်တပ်ကိုချေမှုန်းမည်ဟု
- နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး
- UN inaction on Burma war crimes ‘unjustifiable’
- စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပြည်...
- အင်းလေးကန်ပြင်ဖို့ ဒေါ်လာ၁၅ သန်း နှင့် ပြင်ဆင်မွမ်း...
- ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ...
- ကလေးတွေစာမတတ်တော့ ..အော် ဗမာပြည်ရယ်ဒုက္ခ
- ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်
- စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ်ဆိုတာမရှိ
- “ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”
- န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတ...
- ဖမ်းမှာသိရက်..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သူများအ...
- ၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ Vol 6 No 5
- အိမ်ကျယ်ကြီး
- ကလိမ်စေ့ ငြမ်းဆင် နိုင်ငံရေးသမားများအားသတိထား
- တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့
- NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသ...
- အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ...
- န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
- ပါတီရောင်းတယ်...ပါတီဝယ်တယ်... အရုပ်နဲ့လဲတယ်.. မုန်...
- အဆိပ်ပင် ရေမလောင်းကြပါနဲ့
- လူယုတ်မာ အတွေး
- ပြည်ပရောက် အပျော်အပါးမက်တဲ့ မြန်မာတွေ ကိုယ်ခြင်းစာ...
- ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ
- ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသ...
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
- သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လို...
- အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်
- မြန်မာပြည်မြေပုံအသစ်
- သမိုင်းကို ညာတာ မမေ့ကြနဲ့  အလိုတော်ရိလောက်ကောင်တွေ...
- ဒါဘဲထင်တယ် သက်ကြားအို ငသန်းရွှေ
- NLD ၏တရားဝင် မ၀င် တုန့် ပြန်ချက်
- သန်းရွှေ ဂုဏော..အယုတ် တရော..
- NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အေ...
- ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက...
- အလံတော်လွှင့်ထူပွဲ. နွှဲကြရအောင် ကြွကြပါ
- အာဏာရှင် လက်အောက် ဗိုက်မှောက်နေရသည့် ဘဝများ...
-့  စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
- လူထုတိုက်ပွဲ..နွှဲဖို့ လိုသည်။
- တရားဝင်ပါတီ အပေါ်နှင့်..တရားမ၀င်အစိုးရ၏ ဖိနှိပ်ချက်
- ကျွတ်ကျွတ်ရွရွ ပလပ်စတစ်ကြော် ပူပူနွေးနွေးလေး ရမယ်
- အရုဏ်ဦးမှာ ဖူးသည့်ကြာ မှ လောက်ကောင် စာရင်းများ..
- ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်...
- ကဲ....ခွေးမောင်းကြရအောင်။
- မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
- Hello! BBC
- မတရားတဲ့ ရွေးကောက်ပွဲကို..သပိတ်မှောက်...ဘွိုင်းကောက်
- အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်န...
- ဘဘနေကောင်းပါစေ...
- ကြံ့ဖွတ် အနုပညာသမား အလိုမရှိ
-
▼
September
(171)
No comments:
Post a Comment