(၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်)
ဘာရည်ရွယ်ချက်ရှိသလဲတော့မပြောတတ်ပါဘူး။
တပ်တွင်းကနေရာချထားရေးသတင်းတွေကို (နအဖ) စစ်အစိုးရက တိတိကျကျရှင်းရှင်းလင်းလင်းထုတ်ပြန်တာမရှိပါဘူး။
အပြောင်းအလဲရှိတယ်ဆိုရင် ပထမဦးစွာ ကောလဟလလိုလိုနဲ့သတင်းတွေထွက်လာတာကနေစတာပဲ။ နောက်တော့မှ သတင်း စာထဲမှာ အဲဒီအပြောင်းအလဲတွေကို လက်တွေ့သိကြရတယ်။ (နအဖ) စစ်အုပ်စုရဲ့လုပ်နည်းလုပ်ဟန်တစ်ခုလို့ပဲ မှတ်သားထားရမှာပါ။
သြဂုတ်လနှောင်းပိုင်းမှာစပြီး တပ်ထဲက အပြောင်းအလဲသတင်းတွေကြားလာရပါတယ်။ ဒါတွေကို ဘယ်သူကမှ သီးခြားအတည် ပြုပေးနိုင်ခြင်းမရှိပါဘူး။
ဒါပေမယ့်ပထမဦးစွာသတိထားမိတာက သြဂုတ်လ ၂၇ ရက်နေ့သတင်းစာမှာ (ရမခ)/ (နပခ)/(လပခ) တိုင်းမှူးတွေ ရဲ့ သတင်း တွေ ဖေါ်ပြပါရှိခဲ့ပေမယ့်။ သြဂုတ်လ (၂၈/၂၉) ရက်နေ့သတင်းစာတွေမှာတော့ တိုင်းမှူးတွေ သတင်းဖေါ်ပြခြင်းမရှိပါဘူး။ အဲဒီရက်ပိုင်းတွေမှာ တပ်တွင်းအပြောင်းအလဲသတင်းတွေကိုမီဒီယာတွေအားလုံးလောက်က ဖေါ်ထုတ်နေပါပြီ။
တဖန် သြဂုတ်လ (၃၀)ရက်နေ့သတင်းစာမှာတော့ (နပခ)တိုင်းမှူး ရခိုင်ပြည်နယ်၊သယု(ပဲပဒိုင်)ကြိုးတံတားဖွင့် ပွဲတက်ရောက်တဲ့ သတင်းဖေါ်ပြထားပြန်ပါတယ်။
သြဂုတ်လ (၃၁) ရက်သတင်းစာမှာတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်း သတင်းစတင်ဖေါ်ပြပါရှိလာပါ တယ်။ ဒီသတင်းဟာ ပြင်ပမီဒီယာတွေကနေကြားသိနေရတဲ့ တပ်တွင်းအပြောင်းအလဲသတင်းတွေကိုစတင်အတည်ပြုလိုက်ပေးလိုက်တာလို့ ပြောနိုင်မယ်ထင်ပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် ယခင်တိုင်းမှူးဟာ ဗိုလ်ချုပ်ဝင်းမြင့် ဖြစ်ပါတယ်။
တိုင်းမှူးအသစ်အဖြစ်စတင်တာဝန်ယူစဉ်မှာတော့ “ဗိုလ်မှူးချုပ်” အဆင့်နဲ့ပါပဲ။
သိပ်မကြာမြင့်လှတဲ့ ကာလတစ်ခုရောက်တဲ့အခါ “ဗိုလ်ချုပ်” အဆင့်သို့တိုးသွားလေ့ရှိပါတယ်။
စစ်တိုင်းဌာနချုပ် (၁၃) ခုရှိတဲ့အနက် နေ့စဉ်ထုတ် သတင်းစာမှာဖေါ်ပြထားတဲ့ သတင်းတွေအရ (စက်တင်ဘာလ ၁၅) ရက်နေ့ အထိ (ရမခ)၊(ကမ်းရိုးတန်းဒေသတိုင်း) စစ်တိုင်းဌာနချုပ်(၂)ခုကလွဲပြီးကျန် စစ်တိုင်းဌာနချုပ် (၁၁)ခု က တိုင်းမှူး အသစ်တွေကို အတည်ပြု နိုင်ပြီဖြစ်ပါတယ်။ သိရှိနိုင်ပြီဖြစ်ပါတယ်။
ဒါ့အပြင် ယခင် (လပခ)တိုင်းမှူး ဗိုလ်ချုပ် တင်ငွေ နဲ့ ယခင်(နမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးတို့ ဟာ “ကာကွယ်ဝန်ကြီးဌာနမှ”ဆိုတဲ့ ဝိသေသနှင့်အတူသတင်းစာတွေထဲ ဖေါ်ပြလာပါတယ်။ ဗိုလ်ချုပ်တင်ငွေက ရန်ကုန်တိုင်းအတွင်းကလုပ်ငန်းတွေစစ်ဆေးကြည့်ရှုတဲ့သတင်း နဲ့ဗိုလ်ချုပ်မြင့်စိုးကလည်းမန္တလေးတိုင်းအတွင်းကလုပ်ငန်းတွေ စစ်ဆေးကြည့်ရှုတဲ့သတင်းတွေ သတင်းစာမှာဖေါ်ပြထားပါတယ်။ ဒါကြောင့် ယခင်တိုင်းမှူးတွေထဲကအချို့ဟာ (ကစထမှူး) တွေဖြစ်လာတယ်လို့ ယူဆနိုင်ပြီဖြစ်ပါတယ်။
ယခင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦး ကို “စစ်ရေးချုပ်” အဖြစ် စက်တင်ဘာလ ၁၁ ရက်နေ့ သတင်းစာမှာဖေါ်ပြထားပါတယ်။
ဒါဆိုဆက်လက်အတည်မပြုနိုင်တာ/သီးခြားအတည်မပြုနိုင်သေးတာ ဘယ်သူတွေကျန်သေးသလဲ။
(တမခမှူး) / (စကခမှူး) တွေနဲ့ အဲဒီနေရာတွေမှာ ယခင်တာဝန်ယူခဲ့သူတွေဘာဖြစ်သွားသလဲဆိုတာပါပဲ။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေဘာဖြစ်သွားပြီလဲ။ ဥပမာ ဗိုလ်မြင့်ဆွေ/ဗိုလ်ရဲမြင့်(စရဖ) တို့ဘယ်လိုလဲ။
ဗိုလ်သန်းရွှေတရုတ်ပြည်ခရီးစဉ်ပေါ်ကတွေ့ရတာတွေကိုပြောရရင် ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ကို (နအဖ)ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ်သာဖေါ်ပြထားသည်။
ယခင်ကလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)စတဲ့ အဆင့်တာဝန်များနဲ့ယှဉ်တွဲ ဖေါ်ပြခြင်းမရှိပါ။
ယင်းသို့ဖေါ်ပြချက်ကို ဗိုလ်သန်းရွှေထံမှမလေးရှားဘုရင်ထံသို့ ပေးပို့သည့် မလေးရှားနိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင်စတင်သတိပြုမိပါတယ်။ သို့သော်လည်း သူတို့ ၂ ဦး သည် အခြားသူများကဲ့သို့ “ဗိုလ်” မှ “ဦး”သို့ ယခုအချိန်ထိ ပြောင်း လဲခြင်းတော့မရှိသေးချေ။
တရုတ်ပြည်ခရီးစဉ်သတင်းပေါ်ကနေသိရတာကတော့“ဗိုလ်” မှ “ဦး”ပြောင်းသွားသူများမှာ သူရဦးရွှေမန်း၊ သီဟသူရဦးတင်အောင် မြင့်ဦးနှင့် ဦးတင်အေးတို့ဖြစ်ပါတယ်။ သူတို့ဟာ (နအဖ)ကောင်စီဝင်တွေဖြစ်ပါတယ်။ (နအဖ) ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ ဆိုသူတွေကတော့ “ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး” တွေဖြစ်မြဲဖြစ်နေပေမယ့်၊ (နအဖ) အတွင်းရေးမှူး (၁) နဲ့ အခြားသော ကောင်စီဝင်အချို့ ကတော့ “ဦး”တွေဖြစ်သွားတယ်ဆိုတဲ့အချက်ပါပဲ။ ဒါနဲ့တဆက်ထဲသိနိုင်တာကတော့ “နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ” (နအဖ) ကိုယခင်ကလို“စစ်ဗိုလ်”တွေနဲ့ချည်းဖွဲ့စည်းထားတာမဟုတ်တော့ဘူးဆိုတာပါပဲ။
ဒါကြောင့်အပြောင်းအလဲဆိုတာမှာ စစ်တပ် ထဲကနေရာချထားရေး အပြောင်းအလဲတင်မကဘဲ၊(နအဖ) ထဲမှာပါ အပြောင်းအလဲ ရှိ နေတာကို ထင်ဟပ်ဖေါ်ပြနေပါတယ်။ (နအဖ)ဆိုတာ အာဏာကိုချုပ်ကိုင်ထားနိုင်သူ “စစ်ဗိုလ်ချုပ်”လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ရဲ့ “ဘုရင့်ကောင်စီ”သာဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘယ်သူလဲ။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဘယ်သူလဲ။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဘယ်သူဖြစ်မလဲဆိုတဲ့မေးခွန်းတွေကအလိုလိုပေါ်လာတာပါ။
ဗိုလ်သန်းရွှေရဲ့ တရုတ်ခရီးစဉ်အသွားအပြန်သတင်းမှာ ကာကွယ်ရေးဦးစီချုပ် (ရေ) နဲ့ (လေ)ကိုသာအမည်နဲ့တကွ ဖေါ်ပြထားပေ မယ့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူလဲ ဆိုတာဖေါ်ပြထားခြင်းမရှိပါဘူး။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို ဗိုလ်မောင်အေး ယူထားတာဖြစ်ပါတယ်။
ဒီတာဝန်နဲ့အဆင့်နေရာတွေကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး တို့ကပဲဆက်လက်ရယူထားသေးသလား။
ဒါဆိုရင်ဘာဖြစ်လို့အဆိုပါတာဝန်တွေကို ယခင်ကလိုထည့်သွင်းမကြေညာရတာလဲ။
နံပတ်ဝမ်းဘယ်သူလဲ။
လောလောဆယ်တော့ နံပတ်ဝမ်းဟာ ဗိုလ်သန်းရွှေပဲဖြစ်မြဲဖြစ်နေပါတယ်။
ဘာလို့လဲဆိုတော့လက်ရှိအပြောင်းအလဲကိုဗိုလ်သန်းရွှေကပဲစီစဉ်ညွန်ကြားနေလို့ဖြစ်ပြီး။ တပ်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ “ဗိုလ်ချုပ် မှူးကြီး” ဆိုတဲ့ အဆင့်နေရာကို သူကပဲရယူထားသေးလို့ဖြစ်ပါတယ်။
နံပတ်တူး ကတော့ ဗိုလ်မောင်အေး ပဲဖြစ်ပါတယ်။ သူကလည်း တပ်ရဲ့ ဒုတိယအမြင့်ဆုံးရာထူးဖြစ်တဲ့ “ဒုတိယဗိုလ်ချုပ်မှူးကြီး” ဆိုတဲ့အဆင့်နေရာကို သူကပဲယူထားလို့ဖြစ်ပါတယ်။
ဒါ့အပြင် (နအဖ) ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ ဆိုတဲ့ ထိပ်ဆုံးနေရာတွေကိုလည်း ဗိုလ်သန်းရွှေ နဲ့ဗိုလ်မောင်အေးတို့ကပဲ ဆက်လက် ရယူထားဆဲဖြစ်ပါတယ်။
ဒီလိုဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (နံပတ်ဝမ်း) ဘယ်သူလဲ။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလဲ။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူလဲ။
နံပတ်ဝမ်း ကို မကြေညာသေးတာလား။ နံပတ်ဝမ်းအလောင်းအလျာဟာဘယ်သူဖြစ်မလဲ။
ဒိတ်ကုန်သွားတဲ့နံပတ်ဝမ်းကနံပတ်ဝမ်းအသစ်ကိုမီးသေပေမယ့်ဂျိုတူဒေါက်တူတွေနဲ့အောက်ခြေတပ်မှူးတပ်သားတွေကနံပတ်ဝမ်း အသစ်ကို မီးသေပါ့မလား။ လေးစားခန့်ငြားပါ့မလား။ ဗိုလ်တောင်းစိန်ခေါ်မှုတွေဖြစ်မလာနိုင်ဘူးလား။
နံပတ်ဝမ်းအသစ်လို့ ပြောနေတဲ့သူ/တစ်ပြေးနေတဲ့သူကို ပြည်ပရောက် ထောက်လှမ်းရေးဗိုလ်ဟောင်းတစ်ဦးက “ဒူကြီး” လို့ ခေါ် နေပါပကော။
http://www.yeyintnge.com/2010/09/blog-post_8193.html
Thursday, September 16, 2010
ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက်အလက်အချို့ (တူမောင်ညို)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
September
(171)
- တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား
- ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ
- ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မ...
- ဒီမိုကရေစီ နှင့် မြန်မာပြည်
- ဘီဘီစီ(BBC) ကဘာပြောနေလဲ
- ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လှ...
- နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း...
- နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ေ...
- မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမ...
- ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်
- မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ
- မလွတ်လပ်သေးသော မြန်မာနိုင်ငံ
- "အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်...
- ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ေ...
- မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mas...
- ဒါလေးဖတ်ကြည့်ပါဦး
- ကမ္ဘာပေါ်မှာ ကြားဖူးပေါင်
- ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ြ...
- ဟုတ်ဘူး ဆိုဘဲ
- မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ...
- မကြာမှီလာမည်...မျှော်
- အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက...
- သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျ...
- ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး ...
- မပြောင်းရင် ဒုက္ခရောက်သွားမယ်
- မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
- ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော...
- အိုပါးသီလ( သီလေးသီးအဖွဲ့)
- အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေ...
- ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ...
- ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?
- သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ...
- ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်...
- စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထေ...
- အော် ...ဒုက္ခ
- ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး
- လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ
- ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။
- ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)
- ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး
- ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း
- လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ...
- ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆ...
- မကြာမှီ မှာ မမျှော်ဘဲ လာတော့မည့်
- ကြောက်ချေး ပါလှချည်လား ရွှေရည်စိမ် ဘဘ..ဟာ ဟာ့
- ချီးမြှင့်ထိုက်သူအတွက် ဆု နောက်ထပ် တစ်ပြား..ဆုမရထိ...
- Aung San Suu Kyi barred from Burma election
- ကချင်တပ်ကိုချေမှုန်းမည်ဟု
- နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး
- UN inaction on Burma war crimes ‘unjustifiable’
- စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပြည်...
- အင်းလေးကန်ပြင်ဖို့ ဒေါ်လာ၁၅ သန်း နှင့် ပြင်ဆင်မွမ်း...
- ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ...
- ကလေးတွေစာမတတ်တော့ ..အော် ဗမာပြည်ရယ်ဒုက္ခ
- ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်
- စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ်ဆိုတာမရှိ
- “ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”
- န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတ...
- ဖမ်းမှာသိရက်..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သူများအ...
- ၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ Vol 6 No 5
- အိမ်ကျယ်ကြီး
- ကလိမ်စေ့ ငြမ်းဆင် နိုင်ငံရေးသမားများအားသတိထား
- တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့
- NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသ...
- အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ...
- န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
- ပါတီရောင်းတယ်...ပါတီဝယ်တယ်... အရုပ်နဲ့လဲတယ်.. မုန်...
- အဆိပ်ပင် ရေမလောင်းကြပါနဲ့
- လူယုတ်မာ အတွေး
- ပြည်ပရောက် အပျော်အပါးမက်တဲ့ မြန်မာတွေ ကိုယ်ခြင်းစာ...
- ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ
- ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသ...
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
- သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လို...
- အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်
- မြန်မာပြည်မြေပုံအသစ်
- သမိုင်းကို ညာတာ မမေ့ကြနဲ့  အလိုတော်ရိလောက်ကောင်တွေ...
- ဒါဘဲထင်တယ် သက်ကြားအို ငသန်းရွှေ
- NLD ၏တရားဝင် မ၀င် တုန့် ပြန်ချက်
- သန်းရွှေ ဂုဏော..အယုတ် တရော..
- NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အေ...
- ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက...
- အလံတော်လွှင့်ထူပွဲ. နွှဲကြရအောင် ကြွကြပါ
- အာဏာရှင် လက်အောက် ဗိုက်မှောက်နေရသည့် ဘဝများ...
-့  စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
- လူထုတိုက်ပွဲ..နွှဲဖို့ လိုသည်။
- တရားဝင်ပါတီ အပေါ်နှင့်..တရားမ၀င်အစိုးရ၏ ဖိနှိပ်ချက်
- ကျွတ်ကျွတ်ရွရွ ပလပ်စတစ်ကြော် ပူပူနွေးနွေးလေး ရမယ်
- အရုဏ်ဦးမှာ ဖူးသည့်ကြာ မှ လောက်ကောင် စာရင်းများ..
- ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်...
- ကဲ....ခွေးမောင်းကြရအောင်။
- မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
- Hello! BBC
- မတရားတဲ့ ရွေးကောက်ပွဲကို..သပိတ်မှောက်...ဘွိုင်းကောက်
- အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်န...
- ဘဘနေကောင်းပါစေ...
- ကြံ့ဖွတ် အနုပညာသမား အလိုမရှိ
- ရန်သူနဲ့ တွေ့တော့ ပန်းလို၊ ပြည်သူနဲ့ တွေ့ တော့ မီး...
- မလွန်ဆန်နိုင် သင်္ခါရ ဆိုပေမယ့် မလွန်ဆန်နိုင် အာဏာရ ...
- ထားခဲ့ရင်..ကြားကားဆွဲသွားမှာ ကြောက်လို့ 
- အနုပညာသည်..ပြည်သူ့ အတွက်..
- ဂျပန်တွင် ဦးခွန်ထွန်းဦးမွေးနေ့ပွဲ ကျင်းပပြုလုပ်
- ဖိတ်ခေါ်စာ
- မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်...
- အထက်ဖားအောက်ဖိ
- စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပြီး သက်ဇိုးရှည်နေသ...
- ခွေးဘဝလောက်ဂုဏ်မရှိ။
- “ဗိုလ်ချုပ်မှူးကြီးသေမှ အပြောင်းအလဲဆိုတာမြင်တယ်”
- သံဃာတော်တွေကို အသတ်ခံခဲ့ရတာ ၃ နှစ်ရှိပြီ
- အဖေမှ အဖေ
- ကာတွန်းဘီရုမာ - ငရဲခွေးကြီး လွတ်နေပြီ၊ ခွေးတိုးပေါ...
- ဗမာပြည်အား ဈေးနုန်းချိုသာစွာရောင်းချ ရန် ကတိပြု
- အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားမှလွဲ၍ သူခိုး ...
- တရုတ်အဖေ တော် ရုရှား ပထွေးမှန်း...ကုလား အမေခေါ်မယ့်...
- အရက်လိုချင်လို့ ကလေးငယ်ကို သစ်ပင်နှင့်ဆောင့်သတ်
- ထိုက်တန်သည့် ခေါင်းစဉ်ရှာမရသော သတင်း
- ကဲ သန်းရွှေတော့ရောင်းနေပြီ ဗမာပြည်ဘာလုပ်မလဲ
- ABMA ဂျာနယ်
- ပြည်တွင်းက သူတွေကို သတိပေး ပေးကြပါ
- ပေါချောင်ကောင်းနဲ့ ရမဲ့ စွမ်းအင်ဘဲလိုတယ်..ခေါင်းမရ...
- အဇာတသတ်နဲ့  ဒေ၀ဒတ်..သူတော်ချင်းလွေ့ လွေ့ ပေါင်းဖော...
- သမိုင်းကွေးသူများ
- ရွှေဝါရောင်စိတ်ဓာတ် ရှင်သန်နေဆဲ
- ဒီလို ကျုပ်တို့ တော့ လက်ပိုက်မကြည့်နိုင်
- မြို့ လည်ခေါင်က cowboy များ...
-
▼
September
(171)
No comments:
Post a Comment