ရန်နောင် ၁၃-၀၉-၁၀ တနင်္လာ
စစ်အစိုးရက တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖလို့ ကြွေးကြော်ထားတဲ့ တပ်မတော်သားတွေပါ။ သူတို့ဘာဖြစ်လို့ ဒီလောက်ရက်စက်ရိုင်းစိုင်းသွားကြ၊ လူစိတ်ကင်းမဲ့သွားကြသလဲ။ ပဲခူး ဇိုင်းကနိုင်းမှာ စက်တင်ဘာ ၄ရက်က ဖြစ်သွားတဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေ သေနတ်နဲ့ပစ်သတ်မှုအကြောင်း အားလုံးသိကြပြီးပါ။
ရှင်းပါတယ်။စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ အတွေးအခေါ်တွေ ကြောင့်ပါပဲ။
စစ်အာဏာရှင်တွေ တိုင်းပြည်အာဏာကို လုယူသိမ်းလိုက်ကတည်းက ဒီလိုဖြစ်ရပ်တွေ နေရာအနှံ့ဖြစ်ခဲ့ဖူး ပါတယ်။ အညိုရောင် အမည်းရောင်သတ်မှတ်ထားတဲ့နေရာတွေမှာဆိုရင်တော့ အထူးပြောစရာမလိုပါဘူး။
ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တယောက်တလှည့် ကျောမှာ အဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့တပ်ခွဲနဲ့ ခေါ်ခဲ့ကြတယ်။
၁၉၈၉ မှာ စစ်ခုံရုံးက ချမှတ်တဲ့ မတရားပြစ်ဒဏ်နဲ့ အကျဉ်းကျနေချိန် တခါသား ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတိုက်တွေကို စစ်တပ် က အသွင်ပြောင်း အကျဉ်းထောင် ဝန်ထမ်းတွေ အစောင့်တာဝန်ကျလာပါတယ်။ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်တွေ ဖြစ်လာကြတာပေါ့။ ကျနော်တို့ဆီ တာဝန်ကျလာတဲ့အချိန်မှာ ကျနော်တို့က ကိုယ့်ညီတွေလိုပဲ သဘောထား ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကိုယ့်ရှိတဲ့ အစားအစာလေးတွေ ချကျွေး မိတ်ဖွဲ့ခဲ့ကြပါတယ်။
တချို့ဆို အတော်ကြီး ခင်မင်လာပြီး ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာကြတယ်။ အဲဒီတုန်းက တပ်ကြပ်တယောက်က သူ ကရင်ပြည် နယ်ရှေ့တန်းတနေရာ ထိုးစစ်တခုမှာတုန်းက ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တခုကို ပြောပြတယ်။ သူက သံတိုင်တံခါးအပြင်က ကျနော်က သံတိုင်တံခါးအတွင်းကပေါ့လေ။ကျနော်သူပြောတဲ့ဖြစ်ရပ်ကိုနားထောင်ရင်း ကြက်သီးမွေးညှင်းထ အံ့သြ ထိတ်လန့်တုန်လှုပ် သွားခဲ့ရသလို ကျနော်တို့တိုင်းပြည်က စစ်တပ်ဆိုတာကိုလည်း အကြီးအကျယ် ရွံရှာသွားခဲ့ရတယ်။ သူပြောပြတဲ့ဖြစ်ရပ်ကဒီလိုပါ။ ကရင်ပြည်နယ်က ရွာပုံးတခုကို သူတို့တပ်ခွဲက ဝင်ရောက်စီးနင်းခဲ့တုန်းက ရွာက ကြိုတင်သတင်းရထားပုံ ရတယ်တဲ့၊ ရွာထဲရောက်တော့ ဘယ်သူမှ မရှိကြတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် အလောတကြီးထွက်ပြေးသွားကြပုံပေါ်တယ်။ ဆန်ရွေးလက်စဆန်ကောတွေ ချက်လက်စ ထမင်းအိုးတွေ ဒီတိုင်းကျန်နေခဲ့ သလို စပါးကျီထဲမှာလည်း စပါးတွေ တွေ့ရတယ်။ အိမ်မွေးတိရိစ္ဆာန် တချို့လည်းရှိနေဆဲလို့ဆိုပါတယ်။သူတို့စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက်ရှာကြတယ်။ တဲတလုံးထဲက ပုခက်တခုထဲမှာ အခါလည်သားအရွယ်လောက် ယောက်ျားလေး တယောက် ကိုမမျှော်လင့်ပဲ တွေ့ခဲ့ကြတယ်။ ကလေးလေးက လာပြီးပွေ့တဲ့စစ်သားတွေကို မျက်လုံးလေးပြူးပြီး ကြည့်နေပေမယ့် မငိုဘူးတဲ့။ရဲဘော်တွေလည်း ကလေးလေး ကိုပွေ့ချီပြီး သူတို့တပ်ခွဲမှူးဆီကို သွားသတင်းပို့ရပါတယ်။ တပ်ခွဲမှူးက ရွာကိုမီးရှို့ရမှာမို့ကလေးကိုခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်။
နောက်တရွာလုံးက အိမ်တွေစပါးကျီတွေကို မီးတိုက်ပြီး သူတို့တပ်ခွဲလည်း ရွာက ထွက်ခဲ့ကြတယ်။ ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တယောက်တလှည့် ကျော မှာအဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့တပ်ခွဲနဲ့ခေါ်ခဲ့ကြတယ်။ ကံကောင်းချင်တော့ သူတို့ တပ်ခွဲကို ဆက်ပြီး နယ်မြေရှင်းလင်းရေးမလုပ်ခိုင်းတော့ပဲ နောက်ထပ်အရေးကြီးတဲ့တာဝန်တခု ပေးဖို့ ရှေ့တန်း တပ်ရင်းတပ်စွဲထားရာကို ပြန်ဝင်ဖို့ အမိန့်ရလာတယ်။ရဲဘော် တွေလည်း အားရဝမ်းသာပြန်ကြဖို့ပြင်ဆင်ကြတယ်။ဒီအချိန်မှာတပ်ခွဲမှူးက ကရင်ရွာထဲကအခါလည်သား လောက်ကလေးတယောက်တွေ့လို့ခေါ်လာခဲ့ရတဲ့အကြောင်း ဗျူဟာမှူးဆီကို သတင်းပို့ရတယ်။ဗျူဟာမှူးရဲ့တုန့်ပြန်အမိန့်ကတော့ “ အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့ အပြတ်ရှင်းခဲ့”တဲ့။အမိန့်ကို တပ်ခွဲမှူးက သူ့တပ်သားတွေကိုပြန်ပြောပြတဲ့အချိန်မှာ တပ်သားတွေ
မျက်စိမျက်နှာပျက်ပြီး ဘာတခွန်းမှ ပြန်မပြောနိုင်ကြတော့ပါဘူး။
အချိန်တန်လို့တပ်ခွဲပြန်ခေါက်တဲ့အခါ ကလေးလေးက ရဲဘော်တယောက်ရဲ့နောက်ကျော မှာပါလာခဲ့တာပါ။ တပ်ခွဲမှူးက ကလေးကို သတ်ပြီးထားခဲ့ဖို့ဘယ်သူတာဝန်ယူမလဲလို့မေးတဲ့အချိန်မှာ ဘယ်သူမှ အဲဒီတာဝန်ကို မယူခဲ့ဘူးလို့ဆိုပါတယ်။တပ်ခွဲမှူးက လည်း ဗျူဟာမှူး ရဲ့အမိန့် ကို မလိုက်နာလို့မဖြစ်တဲ့အတွက် တယောက်ယောက်က တာဝန်ယူဖို့အမိန့်ပေးပါတယ်။တပ်ခွဲတပ်ကြပ်ကြီး က ဘယ်သူမှ တာဝန်မယူတဲ့အတွက် တာဝန်ယူမယ့်သူကို တခြားသူတွေရတဲ့ အာမီရမ် (Army Rum) ကိုပေးမယ်လို့မက်လုံးပေးသတဲ့။ နောက်ဆုံး တပ်ခွဲကလည်း အတော်ခရီးပေါက်လာတဲ့အချိန်မှာ တပ်ခွဲမှူးက ကလေးကိုအပြတ်ရှင်းခဲ့ဖို့အမိန့်ပေးလာတယ်။
နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကိုပဲ အားကိုးပြီး တို့ကဘာတတ်နိုင်မှာလဲ ဆိုတဲ့ အညံ့ခံ အရှုံးပေးရေး အတွေးအခေါ်ကို ကိုင်စွဲ ထားကြမယ် ဆိုရင်တော့ ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ ရမ်ကိုပေးဖို့တောင်းတယ်။ တပ်ခွဲတပ်ကြပ်ကြီးက အရက်ပုလင်းကိုပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတဝက်လောက်နီးပါးကို တခါတည်း မော့သောက်ပစ်လိုက် တယ်။ နောက်ခဏကြာတော့ ကလေးကိုသူ့ ကိုပေးခဲ့ဖို့ပြောပြီး သူ့ကို ခဏထားခဲ့ဖို့ပြောပါတယ်။ တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေး ကိုထားခဲ့ပြီး ခရီးဆက်ထွက်ခဲ့တယ်။ အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတ ကြီးပြေးလိုက် လာတာတွေ့ရတယ်။တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့ တာဝန်လုပ်ပြီးပြီလားလို့မေးတဲ့အချိန်မှာ အဲဒီရဲဘော်ဟာ တခြားရဲဘော် တွေကြားမှာဒူးထောက်ချပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ဘာစကားမှမပြောနိုင်ဘဲ အကြာကြီးငိုပြီးတော့ မှ သူအရက်ပု လင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့ကိုင်ရိုက် သတ်ပစ်ခဲ့ကြောင်း အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ပြောပြသတဲ့။
ကျနော်ခုတင်ပြလိုက်တဲ့အဖြစ်အပျက်က စိတ်ကူးယဉ်မဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒိတပ်ခွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်တယောက် က စိတ်မကောင်းခြင်းကြီးစွာနဲ့ကျနော့ကိုပြန်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြဘူး။ ဒီအမိန့်ကိုပေး
ရက်ခဲ့သူက ဗျူဟာမှူးတယောက်ပါ။
လူမိုက်သားကတော့ ရမ်းကားသထက်ရမ်းကားနေပါပြီ။ကျနော်တို့ပြည်သူ တဦးချင်းအနေနဲ့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ မိမိတို့ ရဲ့ရင်သွေး သားသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသလို အမှန်တရား နဲ့လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက် ဖို့လည်း တာဝန် ရှိပါတယ်။ နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေကိုပဲ အားကိုးပြီး တို့ကဘာတတ်နိုင်မှာလဲ ဆိုတဲ့ အညံ့ခံ အရှုံးပေး ရေး အတွေးအခေါ်ကို ကိုင်စွဲထားကြမယ်ဆိုရင်တော့ ကျနော်တို့ လူထုတရပ်လုံး မျိုးဆက်နဲ့ချီပြီး စစ်ကျွန် ဖြစ်နေကြရမှာပါ။
အကြောက်တရားတွေ ဖယ်ရှား ထိန်းချုပ်ပြီး မတရားတဲ့စစ်အာဏာရှင်စံနစ်ကို တညီတညွတ်တည်း တွန်းလှန်ကြရအောင်ပါ။
Monday, September 13, 2010
မလွန်ဆန်နိုင် သင်္ခါရ ဆိုပေမယ့် မလွန်ဆန်နိုင် အာဏာရ တွေကြောင့် ဘာမသိညာမသိကလေးခမျာ ခေါင်းဖွတ်ဖွတ်ကြေကွဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
September
(171)
- တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား
- ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ
- ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မ...
- ဒီမိုကရေစီ နှင့် မြန်မာပြည်
- ဘီဘီစီ(BBC) ကဘာပြောနေလဲ
- ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လှ...
- နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း...
- နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ေ...
- မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမ...
- ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်
- မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ
- မလွတ်လပ်သေးသော မြန်မာနိုင်ငံ
- "အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်...
- ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ေ...
- မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mas...
- ဒါလေးဖတ်ကြည့်ပါဦး
- ကမ္ဘာပေါ်မှာ ကြားဖူးပေါင်
- ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ြ...
- ဟုတ်ဘူး ဆိုဘဲ
- မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ...
- မကြာမှီလာမည်...မျှော်
- အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက...
- သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျ...
- ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး ...
- မပြောင်းရင် ဒုက္ခရောက်သွားမယ်
- မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
- ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော...
- အိုပါးသီလ( သီလေးသီးအဖွဲ့)
- အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေ...
- ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ...
- ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?
- သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ...
- ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်...
- စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထေ...
- အော် ...ဒုက္ခ
- ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး
- လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ
- ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။
- ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)
- ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး
- ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း
- လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ...
- ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆ...
- မကြာမှီ မှာ မမျှော်ဘဲ လာတော့မည့်
- ကြောက်ချေး ပါလှချည်လား ရွှေရည်စိမ် ဘဘ..ဟာ ဟာ့
- ချီးမြှင့်ထိုက်သူအတွက် ဆု နောက်ထပ် တစ်ပြား..ဆုမရထိ...
- Aung San Suu Kyi barred from Burma election
- ကချင်တပ်ကိုချေမှုန်းမည်ဟု
- နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး
- UN inaction on Burma war crimes ‘unjustifiable’
- စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပြည်...
- အင်းလေးကန်ပြင်ဖို့ ဒေါ်လာ၁၅ သန်း နှင့် ပြင်ဆင်မွမ်း...
- ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ...
- ကလေးတွေစာမတတ်တော့ ..အော် ဗမာပြည်ရယ်ဒုက္ခ
- ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်
- စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ်ဆိုတာမရှိ
- “ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”
- န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတ...
- ဖမ်းမှာသိရက်..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သူများအ...
- ၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ Vol 6 No 5
- အိမ်ကျယ်ကြီး
- ကလိမ်စေ့ ငြမ်းဆင် နိုင်ငံရေးသမားများအားသတိထား
- တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့
- NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသ...
- အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ...
- န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
- ပါတီရောင်းတယ်...ပါတီဝယ်တယ်... အရုပ်နဲ့လဲတယ်.. မုန်...
- အဆိပ်ပင် ရေမလောင်းကြပါနဲ့
- လူယုတ်မာ အတွေး
- ပြည်ပရောက် အပျော်အပါးမက်တဲ့ မြန်မာတွေ ကိုယ်ခြင်းစာ...
- ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ
- ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသ...
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
- သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လို...
- အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်
- မြန်မာပြည်မြေပုံအသစ်
- သမိုင်းကို ညာတာ မမေ့ကြနဲ့  အလိုတော်ရိလောက်ကောင်တွေ...
- ဒါဘဲထင်တယ် သက်ကြားအို ငသန်းရွှေ
- NLD ၏တရားဝင် မ၀င် တုန့် ပြန်ချက်
- သန်းရွှေ ဂုဏော..အယုတ် တရော..
- NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အေ...
- ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက...
- အလံတော်လွှင့်ထူပွဲ. နွှဲကြရအောင် ကြွကြပါ
- အာဏာရှင် လက်အောက် ဗိုက်မှောက်နေရသည့် ဘဝများ...
-့  စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
- လူထုတိုက်ပွဲ..နွှဲဖို့ လိုသည်။
- တရားဝင်ပါတီ အပေါ်နှင့်..တရားမ၀င်အစိုးရ၏ ဖိနှိပ်ချက်
- ကျွတ်ကျွတ်ရွရွ ပလပ်စတစ်ကြော် ပူပူနွေးနွေးလေး ရမယ်
- အရုဏ်ဦးမှာ ဖူးသည့်ကြာ မှ လောက်ကောင် စာရင်းများ..
- ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်...
- ကဲ....ခွေးမောင်းကြရအောင်။
- မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
- Hello! BBC
- မတရားတဲ့ ရွေးကောက်ပွဲကို..သပိတ်မှောက်...ဘွိုင်းကောက်
- အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်န...
- ဘဘနေကောင်းပါစေ...
- ကြံ့ဖွတ် အနုပညာသမား အလိုမရှိ
-
▼
September
(171)
No comments:
Post a Comment