Friday, September 17, 2010
ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
NEJ / ၁၇ စက်တင်ဘာ ၂၀၁၀
ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သည့် သခင်အုန်းမြင့် အသက် (၉၃) နှစ်သည် ယနေ့နံနက် (၄) နာရီခွဲအချိန်တွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး၊ သုခ၀တီလမ်း၊ အမှတ် ၃ (ဘီ) နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်သည်။
သခင်အုန်းမြင့်၏ သားဖြစ်သူ ဦးညီက “ဖြစ်တာတော့ ကြာပါပြီ။ လူကြီးပဲ တဖြည်းဖြည်းဆုတ်တာပေါ့ဗျာ။ (၉၃) နှစ်ဆိုတော့လည်း။ နည်းနည်းလေး အိပ်ရာထဲမှာလဲနေတာတော့ တလလောက်ရှိပြီ။ လူကြီးနာပါပဲ။ ဒီနေ့မနက် (၄) နာရီခွဲမှာ ဆုံးသွားတာပါ” ဟု ပြောကြားသည်။
သခင်အုန်းမြင့်သည် ထူးထူးခြားခြား ခံစားနေရသည့် ရောဂါမရှိဘဲ အသက်ကြီးလာသဖြင့် လူကြီးနာဖြင့် မီးစာကုန်ဆီခန်း ဆုံးပါးသွားခြင်းသာ ဖြစ်ကြောင်း သိရသည်။
သခင်ဦးအုန်းမြင့်သည် ၁၉၃၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးကြွေးကြော်သံစာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ၁၉၃၈ ခုနှစ်တွင် တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ကာ သခင်အမည်စတင်ခံယူခဲ့သည်။ ထို့နောက် ဦးချစ်မောင်နှင့်အတူ ထုတ်ဝေသူနာမည်ခံကာ ဂျာနယ်ကျော်ကို ထုတ်ဝေခဲ့ပြီး ဆောင်းပါးများ ရေးသားခဲ့သည်။
သခင်အုန်းမြင့်သည် နိုင်ငံကို လွတ်လပ်စေချင်သည့်စေတနာ အလွန်ကြီးမားသူဖြစ်သည့်အပြင် လူငယ်မျိုးဆက်များကို နိုင်ငံရေးအသိဉာဏ် ပွင့်လင်းစေသည့် စေတနာအလွန်ကြီးမားသူဖြစ်ကြောင်း မြန်မာသတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးဇင်လင်းက ပြောကြားသည်။
“သခင်အုန်းမြင့်ကတော့ လူငယ်မျိုးဆက်သစ်တွေကို နိုင်ငံရေးအသိအမြင် ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်။ နိုင်ငံကို လွတ်လပ်စေချင်တဲ့ စေတနာ အလွန်ကြီးတဲ့သူပါ။ သူက သမိုင်းကို စနစ်တကျ မှန်မှန်ကန်ကန်သိအောင် လုပ်တဲ့သူပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် သခင်အုန်းမြင့်သည် လူငယ်နိုင်ငံရေးသမားများကို အကူအညီပေးခဲ့သူ တဦးလည်းဖြစ်သည်ဟု ဦးဇင်လင်းက ပြောသည်။
၎င်းက “သူ့ဟာ အသက်အရွယ်ကြီးတဲ့တိုင်အောင် ကျောင်းသားသမိုင်းစာအုပ် ကိစ္စတုန်းကလည်း အာဏာပိုင်တွေရဲ့ ခေါ်ယူထိန်းသိမ်းခြင်းကို ခံလိုက်ရတယ်။ ထောင်ထဲလည်း ၀င်ချည်ထွက်ချည်ပါပဲ။ ထောင်ထဲမှာလည်း လူငယ်နိုင်ငံရေးသမားတွေကို သူကအများကြီး ကူညီပံ့ပိုးခဲ့ပါတယ်။ အပြင်မှာနေခဲ့တဲ့ တလျှောက်လုံးမှာလည်းပဲ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီခဲ့တယ်။ ပံ့ပိုးခဲ့တယ်။ နိုင်ငံရေးအင်အားစုတွေနဲ့ပတ်သက်တဲ့ ပွဲလမ်းစတာတွေမှာလည်း သခင်အုန်းမြင့်ဟာ အမြဲတန်းရှေ့တန်းကနေ လူအား ငွေအား သူတတ်နိုင်သမျှ ၀ိုင်းဝန်းဆောင်ရွက်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။
သခင်အုန်းမြင့်သည် ယခင်ကာလများကတည်းက အမြဲမပြတ် ဆုံလေ့ဆုံထရှိသည့် မိတ်ဆွေရောင်းရင်းများ နေအိမ်တို့တွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ၀ါရင့်နိုင်ငံရေးသမားများ၊ မျိုးဆက်သစ်လူငယ်နိုင်ငံရေးသမားများနှင့်ပါ ထိတွေ့ဆုံဆည်းမိအောင် အမြဲတန်း ဖန်တီးလေ့ရှိသူတဦးဖြစ်သည်ဟုလည်း သိရသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအတွက် လူမှုအထောက်အကူသဘောမျိုး လုပ်ဆောင်ရာတွင် အားတက်သရော လုပ်ဆောင်ခဲ့သူဖြစ်သည်ဟုလည်း ဦးဇင်လင်းက ပြောသည်။
“သခင်အုန်းမြင့်ရယ်၊ ကျနော်ရယ်၊ ကွယ်လွန်သွားတဲ့ ဗိသုကာဦးကျော်မင်းတို့ဟာ ၁၉၉၉ မေလမှာ အိုင်စီအာစီ မြန်မာနိုင်ငံလာ ရုံးမစိုက်ခင်မှာ အိုင်စီအာစီ ရောက်လာရင် အစဉ်သင့်ဖြစ်ဖို့အတွက်ဆိုပြီး ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကို ပြုစုတဲ့နေရာမှာ သူ့ဟာ အံသြလောက်အောင်ကို တခါတည်းခရီးသွားခဲ့တယ်။ အပြေးအလွှားလုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသား (၁,၆၀၀) ကျော်လောက် ကျနော်တို့ရခဲ့တယ်။ အိုင်စီအာစီအတွက် အခင်းအကျင်းတွေကို သူအများကြီး ကြိုစီစဉ်ပေးခဲ့တာတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
သခင်အုန်းမြင့်သည် လွတ်လပ်ရေးခေတ်တိုက်ပွဲများမှာကတည်းက လူငယ်ဘ၀တွင် တာဝန်ကျေခဲ့သည့် နိုင်ငံရေးသမားကြီးတဦးဖြစ်ပြီး ယခုခေတ်တွင်လည်း သူလုပ်စရာရှိသည်များကို တောက်လျှောက် တက်တက်ကြွကြွဖြင့် လုပ်ဆောင်ခဲ့ကြောင်း ဦးဇင်လင်းက ပြောဆိုသည်။
၎င်းက “ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအဖို့တော့ အခုလိုအဘ သခင်အုန်းမြင့် ကွယ်လွန်သွားခြင်းဟာ အင်မတန်ကို ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။ ကျနော်တို့အဖို့ တကယ်ကို အားကိုးရာ တောင်ကြီးတခု ပြိုလဲသွားသလိုပါပဲ။ အင်မတန်ကို အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတခုပါပဲ” ဟု ပြောကြားသည်။
သခင်အုန်းမြင်၏ အိမ်ထောင်ဘက်မှာ ဒေါ်မြမြ (ကွယ်လွန်) ဖြစ်ပြီး သားသမီး (၆) ဦးရှိသည့်အနက် သက်ရှိထင်ရှား သားသမီး (၄) ဦးသာ ကျန်ရှိသည်။ သခင်အုန်းမြင့်၏ ဈာပနကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရေဝေးသုဿန်၌ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
September
(171)
- တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား
- ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ
- ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မ...
- ဒီမိုကရေစီ နှင့် မြန်မာပြည်
- ဘီဘီစီ(BBC) ကဘာပြောနေလဲ
- ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လှ...
- နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း...
- နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ေ...
- မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမ...
- ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်
- မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ
- မလွတ်လပ်သေးသော မြန်မာနိုင်ငံ
- "အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်...
- ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ေ...
- မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mas...
- ဒါလေးဖတ်ကြည့်ပါဦး
- ကမ္ဘာပေါ်မှာ ကြားဖူးပေါင်
- ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ြ...
- ဟုတ်ဘူး ဆိုဘဲ
- မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ...
- မကြာမှီလာမည်...မျှော်
- အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက...
- သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျ...
- ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး ...
- မပြောင်းရင် ဒုက္ခရောက်သွားမယ်
- မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
- ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော...
- အိုပါးသီလ( သီလေးသီးအဖွဲ့)
- အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေ...
- ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ...
- ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?
- သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ...
- ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်...
- စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထေ...
- အော် ...ဒုက္ခ
- ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး
- လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ
- ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။
- ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)
- ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး
- ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း
- လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ...
- ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆ...
- မကြာမှီ မှာ မမျှော်ဘဲ လာတော့မည့်
- ကြောက်ချေး ပါလှချည်လား ရွှေရည်စိမ် ဘဘ..ဟာ ဟာ့
- ချီးမြှင့်ထိုက်သူအတွက် ဆု နောက်ထပ် တစ်ပြား..ဆုမရထိ...
- Aung San Suu Kyi barred from Burma election
- ကချင်တပ်ကိုချေမှုန်းမည်ဟု
- နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး
- UN inaction on Burma war crimes ‘unjustifiable’
- စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပြည်...
- အင်းလေးကန်ပြင်ဖို့ ဒေါ်လာ၁၅ သန်း နှင့် ပြင်ဆင်မွမ်း...
- ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ...
- ကလေးတွေစာမတတ်တော့ ..အော် ဗမာပြည်ရယ်ဒုက္ခ
- ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်
- စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ်ဆိုတာမရှိ
- “ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”
- န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတ...
- ဖမ်းမှာသိရက်..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သူများအ...
- ၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ Vol 6 No 5
- အိမ်ကျယ်ကြီး
- ကလိမ်စေ့ ငြမ်းဆင် နိုင်ငံရေးသမားများအားသတိထား
- တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့
- NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသ...
- အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ...
- န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
- ပါတီရောင်းတယ်...ပါတီဝယ်တယ်... အရုပ်နဲ့လဲတယ်.. မုန်...
- အဆိပ်ပင် ရေမလောင်းကြပါနဲ့
- လူယုတ်မာ အတွေး
- ပြည်ပရောက် အပျော်အပါးမက်တဲ့ မြန်မာတွေ ကိုယ်ခြင်းစာ...
- ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ
- ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသ...
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
- သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လို...
- အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်
- မြန်မာပြည်မြေပုံအသစ်
- သမိုင်းကို ညာတာ မမေ့ကြနဲ့  အလိုတော်ရိလောက်ကောင်တွေ...
- ဒါဘဲထင်တယ် သက်ကြားအို ငသန်းရွှေ
- NLD ၏တရားဝင် မ၀င် တုန့် ပြန်ချက်
- သန်းရွှေ ဂုဏော..အယုတ် တရော..
- NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အေ...
- ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက...
- အလံတော်လွှင့်ထူပွဲ. နွှဲကြရအောင် ကြွကြပါ
- အာဏာရှင် လက်အောက် ဗိုက်မှောက်နေရသည့် ဘဝများ...
-့  စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
- လူထုတိုက်ပွဲ..နွှဲဖို့ လိုသည်။
- တရားဝင်ပါတီ အပေါ်နှင့်..တရားမ၀င်အစိုးရ၏ ဖိနှိပ်ချက်
- ကျွတ်ကျွတ်ရွရွ ပလပ်စတစ်ကြော် ပူပူနွေးနွေးလေး ရမယ်
- အရုဏ်ဦးမှာ ဖူးသည့်ကြာ မှ လောက်ကောင် စာရင်းများ..
- ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်...
- ကဲ....ခွေးမောင်းကြရအောင်။
- မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
- Hello! BBC
- မတရားတဲ့ ရွေးကောက်ပွဲကို..သပိတ်မှောက်...ဘွိုင်းကောက်
- အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်န...
- ဘဘနေကောင်းပါစေ...
- ကြံ့ဖွတ် အနုပညာသမား အလိုမရှိ
-
▼
September
(171)
No comments:
Post a Comment