by Moethee Zun on Wednesday, December 1, 2010 at 5:53am
ဒီကေဘီ အေ ရဲ ဘော်တွေနဲ့ ကျနော်သွား တွေ့ ခဲ့တယ်။ တိုက်ပွဲံသုံးပွဲလောက် ဖြစ်တယ်။ ရန်သူ ဒုရင်းမှုး နှစ်ယောက် အပါအ၀င် ၁၀ ယောက်လောက်ကျတယ်။ ဒီကေဘီအေ ရဲဘော်တွေက စိတ်ဓါတ်ရေးရာ တက်ကြွနေတယ်။ သူတို့ နဲ့  ကျနော် နှော်တ တိုက် ပွဲတုံး ကတွဲ တိုက်ခဲ့ဘူး တယ်။ သူတို့ နဲ့ ဆွေနွေးမှု တွေအရ ရန်သူ ဟာ တပ်တခုလုံး ဟာ တသိန်းခွဲ လောက်ပဲရှိတော့တယ်လို့ သိရတယ်။
နအဖ စစ်တပ်ဖွဲ့ စည်းပုံအရဆိုရင် ၄ သိန်းခွဲခန့်ရှိရမယ်။ ခု တသိန်း ကျော်ကျော်ပဲဖြစ်နေတယ်။ မြောက်ပိုင်း ကချင်၊ ၀ နဲ့ မွန်ပြည်နယ် တွေမှာ တပ်စွဲရတာရယ်။ ပြည်တွင်းမှာ လူထုကိုဖိနိပ်ဖို့ ရယ်တို့ ကြောင့် ခုဒီကေဘီအေနဲ့ ဖြစ်တဲ့ပွဲတွေမှာ နေက်တပ်စစ်ကူမပိုနိင်ကြဘူး ။
အရေအသွေး ရော အရေအတွက်ပါ ကျဆင်းနေတယ်။ စိတ်ဓါတ်ရေးရာ ပျက်ပြားနေတာကိုတွေ့ ရတယ်။ မနပုလော တုံး က လို ဖိဖိစီးစီး တိုက်မယ်ဆိုရင် ရန်သူတပ်ကို ချေမှုန်းလို့ ရနိင်နေပြီဆိုတာကို တွေ့ ရတယ်။
ကျနော်တို့  ရင်ဆိုင်နေရတဲ့ပြသာနာ က ထောက်ပံရေး ပြသနာဖြစ်တယ်။ လက်နက်၊ရိက္ခာလိုမယ်။ ကိုယ်မြန်မာ တွေက တိုက်နေတဲ့
အေဘီ- ကေအင်ယူနဲ့  ဒီကေဘီ အေကို ၈၈ ကျနော်တို့ ရောက်ခါ စက နိင်ငံရပ်ခြား ရောက်နေတဲ့ မြန်မာ တွေက ၀ိုင်း ကူညီမယ်ဆိုရင်
ဖြစ်နိင်တယ်။ မကူရင်တော့မဖြစ်နိင် ဘူး -
ကျနော်တို့ မှာ ထိုးစစ်လုပ်နိင်တဲ့အခြေအနေတွေကတော့
၁- နိင်ငံရေး ရေချိန် မြင့်တက်လာတယ်။
၂- လူထုက ထိုးစစ်ကိုတောင်းဆိုနေတယ်။
၃- တပ်သားရေသောက်မြစ်ရှိနေတယ်။
ခင်ဗျား ဘယ်လို ထင်ပါသလဲ ?
စိုင်း သိန်းဝင်း တပ်မတော်တစ်ရပ်လုံးမှာ ဗိုလ်ချုပ်မှူးကြီး ထည့်ပေါင်းမှ အင်အားသုံးသိန်းကျော်တယ်ဆိုယုံ ရှိပါတော့တယ်။ စစ်ပြေးတွေများတယ်လို့ တပ်ချုပ်ကြီးကိုယ်တိုင် လေးလပတ်မှာ ပြောတယ်။ မပြေးအောင် ဘယ်လိုလုပ်လို့ မပြောပေမယ့် ပြေးတဲ့လူကို အရှင်ပြန်မယူဖို့ မှာကြားပါတ...ယ်။ အဲဒီ သုံးသိန်းမှာမှ ရှေ့ထွက်အင်အားက တစ်သိန်းခွဲလောက်ပဲရှိပါတယ်။ တပ်ရင်းတစ်ရင်းကို လူတစ်ရာလောက်နဲ့ လှုပ်ရှားနေတာ တွေ့ရမှာပါ။ လက်နက်မှာလည်း ပြည်တွင်းဖြစ်က ထိရောက်မှုမကောင်းပါ။ ကျနော်ကိုယ်တိုင် ၆၀၊ ၈၁၊ ၁၂၀၊ ၈၂ မမတွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ ကိုက် ၂၀၀၀ တင်ရင် ၁၂၀၀ လောက်နဲ့ ပြုတ်ကျပါတယ်။ ကိုယ့် own troop ပေါ်ပြန်ကျမယ့် အပေါက်ပါ။ ဝယ်ထားတာတွေကိုလည်း လေ့ကျင့်မှုနည်းနည်း ဖက်ထိပ်များများခိုင်းတော့ တပ်သားတွေ ကျွမ်းကျွမ်းကျင်ကျင်မ ပစ်တတ်ပါဘူး။ ဒီကြားထဲ maintenance ဆိုတာကို နားမလည်တော့ ပျက်စီးချိန်မတန်ပဲ ပျက်စီးကုန်ပါတယ်။
သံချပ်ကာရဲဘော်က တင့်ကားမမောင်းတတ်တာလည်း အများစုပေါ့။ လေ့ကျင့်ဖို့ထက် ဆီခိုးရောင်းဖို့ကို ပိုဦးစားပေးနေရတာကိုး။ ခုဖြစ်တဲ့ တိုက်ပွဲက အချိန်ဆွဲနိုင်လေ အကျိုးရှိလေ ပါပဲ။ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့လိုပါလိမ့်မယ်။ အဖွဲ့ငယ်လေးတွေဖွဲ့ပြီး အတွင်းပိုင်းကို စိမ့်ဝင်၊ တံတားတွေ ချိုးနိုင်ရင် အကောင်းဆုံးပါ။ (လက်တွေ့ အကျဆုံးလို့ ထင်ပါတယ်။)
အခြားအဖွဲ့တွေဝင်ပါလာရင် (မမျှော်လင့်ပေမယ့်) အဆုံးအဖြတ်တိုက်ပွဲတစ်ခုဖြစ်သွားနိုင်ပါတယ်။ တခြားအဖွဲ့တွေ ဝင်ပါနိုင်ခြင်းမရှိတာ က ကိုယ့် ရပ်တည်မှု ကို ဦးစားပေးနေကြရလို့ပါ။ (ကိုယ့်မှာ ပိုက်ဆံမပိုဖဲနဲ့ သူများကို ဘယ်လိုလုပ်ချေးပေးမလဲ?) ဒါပေမယ့် သူတို့တတွေ ပါ ဖောင်ဖျက်ပြီး တစ်စုတည်းတစ်စည်းတည်း ဝါးလုံးထိုးတိုက်နိုင်မယ်ဆိုရင် နေပြည်တော်ထိ ဖောက်တိုက်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် ပြင်ဆင်မှု အကောင်းဆုံးဖြစ်တဲ့ “ဝ”တပ်ပါလာမယ်ဆိုရင်ပေါ့။ (မမျှော်လင့်ပါ။)
http://www.facebook.com/home.php?#!/notes/moethee-zun/5fadaa2c/475742708529

No comments:
Post a Comment