Friday, March 5, 2010

ကြွားစရာ ရှားလွန်းလို့ 

အော်..မဆလခေတ်ကပေါ့..လူငယ်ကျောင်းသားတွေ တိုင်း မူလတန်းအရွယ်ဆိုရင် တေဇလူငယ်..အလယ်တန်းအရွယ်ဆို ရှေ့ ဆောင်လူငယ်..အထက်တန်းအဆင့်ကနေ..အထက် ကျောင်းသားက လမ်းစဉ်လူငယ် မဖြစ်မနေ အတင်းဝင်ရတယ်..
ကျောင်းပြီးတော့ အလုပ်လုပ်မယ်ဆိုလည်း..ပါတီဝင် မ၀င်ရင် နံပါတ်မရှိရင်..အလုပ်က မရဘူးဗျို့ .
မဆလခေတ်မှာ..ကျောင်းသားတိုင်း..လူငယ်ဝင်..အစိုးရအလုပ်လုပ်သူတိုင်း ပါတီဝင်..ပေါ့..အမှန်က ယောယိမ်း..ဘသားယိမ်းရတယ်..ဆိုပါတော့..
၈.၈.၈၈ အရေးတော်ပုံလည်းကျရော..လမ်းစဉ်လူငယ်လည်း ဒေါင်းခေါင်းစီးနဲ့ .ဒို့ အရေးအော်..ABSDF ထဲရောက်..။.ပါတီဝင်လည်း အလံဇောက်ထိုးထူလို့  မဆလပါတီတော်ကြီးကို ဆန္ဒပြကြတာ ခွက်ခွက်လန်ပေါ့..နောက်ဆုံး မဆလပါတီ လည်းကွဲ ဦးနေ၀င်းလည်း..စစ်တပ် က တည့်တည့်ပစ်တယ် ပြောပြီး ရှက်ရမ်းရမ်းနဲ့  စင်ပေါ်က ဆင်းပေးလိုက်ရရော..ဒါကိုကြည့်..
ဆိုလိုချင်တာက ဗျာ..
လူဆိုတာ..နီးရာဒါးကြောင့် အကြောင်းအမျိုးမျိုးကြောင့် ကြံဖွတ်ထဲ ၀င်ရတာတွေရှိပါတယ်။ ဒါပေမဲ့ ဒီလူတွေ ရဲ့စိတ်က..သူတို့ မှိုင်းချတိုင်းမရဘူးဆိုတာပါ..တကယ်တန်း..ပြည်လုံးကျွတ်သပိတ်သာဖြစ်..နအဖ တဲတဲကလေးဖြစ်ရင်..ဒီကြံဖွတ်တွေ ပြည်သူဘက်ကပေါ့။..
လူဘဲ...အသိဥာဏ်ရှိတယ်..အချဉ်မဟုတ်ဖူး..
ကြံဖွတ်အသင်းဝင်ကဒ်ရှိယုံနဲ့  ကြံဖွတ်မဖြစ်ပါဘူး..အမှန်က..အသီးထဲရောက်နေတဲ့ လောက်ဥတွေပါ..အချိန်တန်ရင်..အသီးကိုပြန်စားခံရမှာ ကြံဖွတ်တွေက မသိရှာဖူး..
အရည်အတွက်သည်..အရည်အချင်းမဟုတ်တာတော့ နလဗိန်းတုံးများ.သိသင့်ပြီ..


ဲကြံ့ဖွံ့ဦးရေ ရန်ကုန်လူဦးရေ ထက်ဝက်ကျော်ရှိ
တက်လူ/ ၅ မတ် ၂ဝ၁ဝ


ရန်ကုန်တိုင်းအတွင်း ကြံ့ဖွံ့အဖွဲ့ဝင်အရေအတွက်မှာ ရန်ကုန်လူဦးရေ၏ တ၀က်ကျော်လွန်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ အကြီးအကဲတဦးက ပြောသည်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာကြာပါပြီ၊ လူထုကို ဆွဲဆောင်ရတာပေါ့။ ရန်ကုန်မှာ ကျနော်တို့အသင်းကြီးအနေနဲ့ လူတွေအတွက် အခမဲ့တွေပဲ လုပ်ပေးနေတာပါ၊ လူတိုင်းသိပါတယ်။ လမ်းခင်းပေးမှု၊ ရေပေးဝေမှု၊ ကျန်းမာရေးဆေးပေးခန်းနဲ့ ကလေးတွေ စာသင်ကြားပေးမှု၊ စာသင်ကျောင်းဆောက်လုပ်ပေးမှု စတာတွေက ကျနော်တို့အသင်းက လုပ်တာပါ” ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းဝင်တဦးက ပြောသည်။

လာမည့်ရွေးကောက်ပွဲအတွက် အသင်းသားများကို လိုက်၍စုဆောင်းနေခြင်းဖြစ်ရာ အသင်းဝင်အရေအတွက် ပိုများလာစေရန် ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ခေါင်းဆောင်တဦး ပြောပြချက်အရ ယခုအသင်းဝင်စာရင်းမှာ မဲပေးရန်အတွက် စာရင်းအတည်ဖြစ်မည်ဟု သိရသည်။

“ကျနော်တို့အသင်းသားတွေ ရန်ကုန်တိုင်း တာဝန်ခံနဲ့ တွေ့တဲ့အခါ သူက အသင်းသားတွေ တိုးလာတာကို စိတ်ကျေနပ်တယ်လို့ ပြောတယ်။ ပြီးတော့ အသင်းသားများသလို အသင်းသားတွေအနေနဲ့ အသင်းအပေါ်မှာ သစ္စာရှိဖို့လိုတယ်လိုလည်း ပြောတယ်။ သူဆိုလိုချင်တာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း အသင်းသားတယောက်ဖြစ်တဲ့အတွက် ပြဿနာတစုံတခုဆိုရင်လည်း ပြောပါလို့ပြောပါတယ်။ အရေးပေးခံရတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သူ အသက် (၄၀) နှစ်ခန့်အရွယ် လူလတ်ပိုင်းတဦးက ယခုကြံ့ဖွံ့အသင်းကို ၀င်နေသူများမှာ ယခင်က ၁၉၈၈ အရေးအခင်းတွင် ဆန္ဒပါဝင်ပြသခဲ့သူ အများစုဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ အဲဒီတုန်းက အသက် (၂၀) မပြည့်ချင်သေးတဲ့အရွယ်ပါ။ ကျနော်တို့နဲ့အတူ လက်တွဲပြီးတော့ ချီတက်ခဲ့တဲ့ ကောင်တွေက အခုကြံ့ဖွံ့ကို ဘုရားထင်နေကြတယ်။ ဒီကောင်တွေက တကယ်ပဲစိတ်ပါလို့ လုပ်တာလား၊ အခွင့်အရေးရလို့ပဲ လုပ်တာလားဆိုတာ မတွေးတတ်ဘူး” ဟု ပြောသည်။

ရန်ကုန်ရှိ လူဦးရေ (၆) သန်းခန့်တွင် ရန်ကုန်တိုင်း ကြံ့ဖွံအသင်း၏ အသင်းသားဦးရေမှာ (၃) သန်းခွဲကျော်ရှိနေပြီဖြစ်ကြောင်း ယင်းအသင်း၏ တရားဝင်စာရင်းများအရ သိရသည်။ http://khitpyaing.org/news/March%202010/5310e.php

2 comments:

Tun Lin said...

ဘယ်လိုဘဲ ပူးသတ်ဖို့ ကြံစည် ကြံစည်၊ ဘယ်လိုဘဲ အရေခြုံခြုံ လာမဲ့ရွေးကောက်ပွဲမှာ ဘယ်သူဘဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ ပါတီကို လွတ်လပ်စွာ မဲပေးလို့ ရတယ် ဆိုတာ လူတိုင်းအသိ။

aung said...

၁)ကြံ့ဖွံ့ ကပါတီပြောင်း ရွေးကောက်ပွဲဝင်မယ်
၂) သူ့ပါတီက ကိုယ်စားလှယ်ကို မနိုင်နိုင်အောင်လုပ်မယ်- နိုင်လည်းနိုင်လိမ့်မယ်
၃)နိုင်ငံတကာကပဲပြောပြော - ပြည်တွင်းကပဲဝေဖန်ဝေဖန် အရေအတွက် စာရင်းဇယားနှင့် ချပြပြီးအသာစီးယူနိုင်အောင် ပြင်ထားတာ

မင်းတို့ဖာသာပေးချင်ရာပေး ဆောက်ဂရုကိုမစိုက်ဖူး ကြံ့ဖွံ့ ကိုနိုင်အောင်လုပ်မှာပဲ - မင်းတို့အလွန်ဆုံးလုပ်နိုင် ဝေဖန်ပြစ်တင်ရုံပဲ - ဝေဖန်လာရင်လည်း စာရင်းကိုင်ချပြလိုက်ရုံပဲ ဆိုပါတော့စာရင်းအရ ရန်ကုန်မှာ NLD က ပါတီဝင်တစ်သောင်း ၊ ကြံ့ဖွံ့ က ပါတီဝင်တစ်သန်း) ဒါဟာပါးစပ်ကလျှောက်အော်နေသူ တွေပါးစပ်ပိတ်ဖို့ လက်တွေ့ကျတဲ့ဖြေရှင်းနည်းအတွက် ပြင်ဆင်ထားတာ

Post a Comment

ယခင် သတင်းများ ဖတ်ရန်